Local News

မင္းတပ္သို႔ ျပန္လာသည့္ စစ္ယာဥ္တန္းကို

မင္းတပ္သို႔ ျပန္လာသည့္ စစ္ယာဥ္တန္းကို မတူပီ CDF စတင္တိုက္ခိုက္၊ စစ္ေကာင္စီတပ္ရွစ္ဦးေသ

ေမာင္ေမာင္/People’s Spring

မတူပီၿမိဳ႕သို႔ စစ္အင္အားပို႔ၿပီး ျပန္လာသည့္ စစ္ေကာင္စီယာဥ္တန္းကို မတူပီ ခ်င္းကာကြယ္ေရးတပ္(CDF)က တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈရွိခဲ့သည္ဟု မတူပီ CDF ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားသည္။

“ မတူပီကို ေက်ာက္ထုကေနတပ္အင္အားျဖည့္တဲ့ယာဥ္တန္းက ဒီမနက္ကို မတူပီကေန ဆင္းသြားတယ္။ ဆင္းသြားၿပီးေတာ့ မတူပီကေန ၈မိုင္အကြာ လမ္းမွာ မတူပီ CDFက တိုက္ခိုက္မႈ ျဖစ္ပြားတယ္။ အထိအခိုက္က စစ္ေကာင္စီဘက္က က်ဆုံးအတည္ျပဳက ရွစ္ဦးေပါ့။ ဒဏ္ရာကေတာ့ အမ်ားအျပားရွိတယ္” ဟု ၎က ဆိုသည္။

မတူပီမွ မင္းတပ္ၿမိဳ႕သို႔ စစ္ယာဥ္တန္း ျပန္ဆင္းရာတြင္ ပထမဆုံးထိေတြ႕မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ မိုင္းပေဒသာျဖင့္ တိုက္ခိုက္ျခင္း၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု မတူပီ CDF ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

မင္းတပ္ CDF ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းဟာအြမ္က ၎၏ Ha Om အမည္ရွိ Facebook တြင္ တိုက္ပြဲသတင္း ေဖာ္ျပထားရာ ဧၿပီ ၂၇ရက္ ညေန ၄နာရီခြဲ ခန႔္တြင္ မတူပီ – မင္းတပ္လမ္း မိုင္တိုင္ (၉၁)ႏွင့္ (၉၀) ၾကား၌ မတူပီ CDF ႏွင့္ စစ္ေကာင္စီတပ္တို႔ ထိေတြမႈျဖစ္ပြားခဲ့သည္ဟု ေဖာ္ျပထားသည္။

အဆိုပါ တိုက္ပြဲျဖစ္စဥ္တြင္ စစ္ေကာင္စီတပ္မွ ရွစ္ဦးေသဆုံးၿပီး ခုနစ္ဦး ဒဏ္ရာရရွိထားေၾကာင္း၊ စစ္ေကာ္စီတပ္သည္ ခ်န္းျပန္း႐ြာေဟာင္း၌ ညအိပ္သည္ဟု မတူပီ CDF တပ္ရင္း(၁)က သတင္းေပးပို႔လာေၾကာင္း ဆလိုင္ဟာအြမ္က ဆိုသည္။

မင္းတပ္ CDF ႏွင့္ မတူပီ CDFသည္ မဟာမိတ္ ဖြဲ႕စည္းထားၿပီး စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္ရာတြင္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္။

လူထုေႏြဦး

မင်းတပ်သို့ ပြန်လာသည့် စစ်ယာဉ်တန်းကို မတူပီ CDF စတင်တိုက်ခိုက်၊ စစ်ကောင်စီတပ်ရှစ်ဦးသေ

မောင်မောင်/People’s Spring

မတူပီမြို့သို့ စစ်အင်အားပို့ပြီး ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ မတူပီကို ကျောက်ထုကနေတပ်အင်အားဖြည့်တဲ့ယာဉ်တန်းက ဒီမနက်ကို မတူပီကနေ ဆင်းသွားတယ်။ ဆင်းသွားပြီးတော့ မတူပီကနေ ၈မိုင်အကွာ လမ်းမှာ မတူပီ CDFက တိုက်ခိုက်မှု ဖြစ်ပွားတယ်။ အထိအခိုက်က စစ်ကောင်စီဘက်က ကျဆုံးအတည်ပြုက ရှစ်ဦးပေါ့။ ဒဏ်ရာကတော့ အများအပြားရှိတယ်” ဟု ၎င်းက ဆိုသည်။

မတူပီမှ မင်းတပ်မြို့သို့ စစ်ယာဉ်တန်း ပြန်ဆင်းရာတွင် ပထမဆုံးထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းပဒေသာဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ၎င်း၏ Ha Om အမည်ရှိ Facebook တွင် တိုက်ပွဲသတင်း ဖော်ပြထားရာ ဧပြီ ၂၇ရက် ညနေ ၄နာရီခွဲ ခန့်တွင် မတူပီ – မင်းတပ်လမ်း မိုင်တိုင် (၉၁)နှင့် (၉၀) ကြား၌ မတူပီ CDF နှင့် စစ်ကောင်စီတပ်တို့ ထိတွေမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိထားကြောင်း၊ စစ်ကော်စီတပ်သည် ချန်းပြန်းရွာဟောင်း၌ ညအိပ်သည်ဟု မတူပီ CDF တပ်ရင်း(၁)က သတင်းပေးပို့လာကြောင်း ဆလိုင်ဟာအွမ်က ဆိုသည်။

မင်းတပ် CDF နှင့် မတူပီ CDFသည် မဟာမိတ် ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လူထုနွေဦး