ရန်ကုန်၊ ဧပြီ ၂၇
နေပြည်တော်တွင် ဘီယာဆိုင်ထိုင်နေသော စစ်ကောင်စီဘက်မှ ဒုတိယဗိုလ် မှူးကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူး စုစုပေါင်း ၇ ဦးကို နေပြည်တော် PDF က ဝင်ပစ်
ရန်ကုန်၊ ဧပြီ ၂၇
နေပြည်တော်တွင် ရွှေနန်းတော် ဘီယာဆိုင်ထိုင်သော စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီး G 1 တစ်ဦး အပါအဝင် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၇ ဦးကို
နေပြည်တော် PDF က ယခုည ၈ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း နေပြည်တော် PDF က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ ကြာကန်ဂိတ်အကျော်၊ အောင်ချမ်းသာလမ်းခွဲရှိ ရွှေနန်းတော်ဘီယာဆိုင်တွင်
ဘီယာထိုင်သောက်နေသော စစ်ကောင်စီမှ ဒုတိယဗိုလ်မှူးကြီး G1 ၊ အုပ်ချုပ်ရေးမှူးများ အပါအဝင် ၇ ဦးကို နေပြည်တော် PDF တပ်ရင်းက ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၊
သေဆုံးသူများကို အတည်မပြုနိုင်သေးကြောင်း နေပြည်တော် PDF က သတင်းထုတ်ပြန်ထားသည်။