ရန်ကုန်၊ ဧပြီ ၂၈
လက်နက်ကြီးပစ်တဲ့စစ်သားတွေ ကိုယ့်နေရာ ကိုယ်ပြန်ကျလို့ ထွက်ပြေးရ (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၂၈
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်၏ ရှေ့တန်းစခန်း ၁ ခုမှ စစ်သား ၂ ဦး လက်နက်ကြီးပစ်ခတ်ရာတွင်
ကိုယ့်နေရာ ကိုယ်ပြန်ကျသဖြင့် ထွက်ပြေးရသည့် မြင်ကွင်းကို ဒရုန်းဖြင့်ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယိုကို Force for Federal Democracy – FFD က ယနေ့ ထုတ်ပြန်သည်။
ဗီဒီယိုတွင် စစ်ကောင်စီစစ်သားများ လက်နက်ကြီး ပစ်ခတ်စဉ် လွဲချော်မှုဖြစ်ပြီး ကိုယ့်နေရာတွင်ပင် ပြန်ကျ၍ စစ်သား ၂ ဦး ထွက်ပြေးကြသည်ကို တွေ့မြင်ရသည်။
FFD အဖွဲ့သည် လက်ရှိတွင် ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသာ အဖွဲ့ဖြစ်သည်။