Local News

ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ ဖမ္းဆီးခံရ

ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ ဖမ္းဆီးခံရ

People’s Spring

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ရဲ႕ ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ကို စစ္ေကာင္စီက မေန႔က ဖမ္းဆီးလိုက္တယ္လို႔နီးစပ္သူေတြထံကသိရပါတယ္။

အိုးဘိုေထာင္မွာအက်ဥ္းခ်ခံထားရတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ အမႈ ႐ုံးခ်ိန္းကို ေဆာင္႐ြက္ၿပီး အျပန္မွာ ေဒၚ႐ြက္ႏုေအာင္နဲ႔အတူ ေရွ႕ေနအမ်ိဳးသမီးတစ္ဦးပါ အဖမ္းခံလိုက္ရတာပါ။

ဖမ္းဆီးခံရတဲ့ ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ကို ဘယ္ေနရာမွာ ဖမ္းဆီးထားတယ္ဆိုတာ မသိရေသးပါဘူး။

ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ဟာ ႏိုင္ငံေက်ာ္အမႈျဖစ္တဲ့ ဗစ္တိုရီးယားအမႈမွာ လိုက္ပါေဆာင္႐ြက္ေပးတဲ့ ေရွ႕ေနတစ္ဦးလည္းျဖစ္ပါတယ္။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

People’s Spring

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက မနေ့က ဖမ်းဆီးလိုက်တယ်လို့နီးစပ်သူတွေထံကသိရပါတယ်။

အိုးဘိုထောင်မှာအကျဉ်းချခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှု ရုံးချိန်းကို ဆောင်ရွက်ပြီး အပြန်မှာ ဒေါ်ရွက်နုအောင်နဲ့အတူ ရှေ့နေအမျိုးသမီးတစ်ဦးပါ အဖမ်းခံလိုက်ရတာပါ။

ဖမ်းဆီးခံရတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။

ရှေ့နေဒေါ်ရွက်နုအောင်ဟာ နိုင်ငံကျော်အမှုဖြစ်တဲ့ ဗစ်တိုရီးယားအမှုမှာ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။