Local News

အင္းေတာ္ႀကီးေဒသ ေခ်ာင္းဝျပည္သူ႔စစ္စခန္းတစ္ခု

အင္းေတာ္ႀကီး ေခ်ာင္းဝျပည္သူ႔ စစ္စခန္းကို KIA ႏွင့္ PDF မီးရႈိ႕ဖ်က္ဆီး

April 28. 2022/Kachin News Group

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ ေခ်ာင္းဝျပည္သူ႔စစ္စခန္းတစ္ခု ယေန႔ ဧၿပီ ၂၈ ရက္ေန႔ နံနက္ပိုင္းတြင္ KIA ႏွင့္ PDF ပူးေပါင္းတပ္တို႔မွ ဝင္ေရာက္မီးရႈိ႕ ဖ်က္ဆီးခဲ့ေၾကာင္း ေဒသရင္းျမစ္မ်ားထံမွ သိရသည္။

ယေန႔ နံနက္ ၄ နာရီဝန္းက်င္ခန႔္တြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ PDF ပူးေပါင္းတပ္တို႔မွ အင္းေတာ္ႀကီးႏွင့္ မိုင္ ၂၀ ခန္႔အကြာတြင္ရွိသည့္ ေခ်ာင္းဝ ျပည္သူ႔စစ္စခန္းအား မီးရႈိ႕ဖ်က္ဆီးသြားေၾကာင္း ေဒသသတင္းရင္းျမစ္တစ္ဦးက KNG သို႔ ေျပာသည္။

“မွန္ပါတယ္ခဗ် ဒီေန႔မနက္ေလးနာရီေလာက္ မွာ သိမ္းခံလိုက္ရတာပါ။ လူေတာ့ မရွိေတာ့ဘူးလို႔ၾကားတယ္။ ဒီဘက္က ေသနတ္ေတြပစ္ေတာ့ စခန္းကလူေတြက ေနာက္ဆုတ္သြားၾကတယ္။ စခန္းကို ပဲမီးရႈိ႕ၿပီး ျပန္ခဲ့တယ္တဲ့ လက္နက္ငယ္ပစ္ သံေတြေတာ့ၾကားရတယ္”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ယေန႔ နံနက္ ပစ္ခတ္မႈတြင္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားကမွ ျပန္လည္ပစ္ခတ္ခဲ့ျခင္းမရွိဘဲ ဆုတ္ခြာသြားသည့္အတြက္ ႏွစ္ဘက္ပစ္ခတ္မႈ မရွိခဲ့ေသာေၾကာင့္ ထိခိုက္မႈမရွိေၾကာင္းလည္းသိရသည္။

“အဲ့ဒီေခ်ာင္းဝျပည္သူ႔စစ္ေတြက စခန္းကိုဆုတ္ခြာၿပီး လုံးတုန္ ျပည္သူ႔စစ္စခန္းနဲ႔သြားေပါင္းလိုက္တယ္ လို႔သိရတယ္”ဟု အျခားေဒသ ခံတစ္ဦးကေျပာသည္။ယေန႔ ပစ္ခတ္ခံရေသာ ေခ်ာင္းဝ ျပည္သူ႔စစ္စခန္းသည္ ယခင္အာဏာမသိမ္းခင္ကတည္းက တပ္စြဲထားသည့္ စခန္းျဖစ္ၿပီး အင္းေတာ္ႀကီးေဒသတစ္ေလွ်ာက္ အမာခံတပ္စြဲေနထိုင္ခဲ့သည့္ စခန္းလည္းျဖစ္ေၾကာင္း သိရသည္။

မိုးညႇင္းၿမိဳ႕နယ္တြင္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီ လက္ေအာက္ခံ ရဲစခန္း၊ စစ္ေကာင္စီတပ္စခန္းမ်ား သိမ္းပိုက္ခံရမႈရွိခဲ့ၿပီး ျပည္သူ႔စစ္စခန္းသိမ္းခံရမႈမွာ ယခုပထမအႀကိမ္ျဖစ္သည္။

အင်းတော်ကြီး ချောင်းဝပြည်သူ့ စစ်စခန်းကို KIA နှင့် PDF မီးရှို့ဖျက်ဆီး

April 28. 2022/Kachin News Group

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝပြည်သူ့စစ်စခန်းတစ်ခု ယနေ့ ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ အင်းတော်ကြီးနှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ချောင်းဝ ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက KNG သို့ ပြောသည်။

“မှန်ပါတယ်ခဗျ ဒီနေ့မနက်လေးနာရီလောက် မှာ သိမ်းခံလိုက်ရတာပါ။ လူတော့ မရှိတော့ဘူးလို့ကြားတယ်။ ဒီဘက်က သေနတ်တွေပစ်တော့ စခန်းကလူတွေက နောက်ဆုတ်သွားကြတယ်။ စခန်းကို ပဲမီးရှို့ပြီး ပြန်ခဲ့တယ်တဲ့ လက်နက်ငယ်ပစ် သံတွေတော့ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ပစ်ခတ်မှုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကမှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ဆုတ်ခွာသွားသည့်အတွက် နှစ်ဘက်ပစ်ခတ်မှု မရှိခဲ့သောကြောင့် ထိခိုက်မှုမရှိကြောင်းလည်းသိရသည်။

“အဲ့ဒီချောင်းဝပြည်သူ့စစ်တွေက စခန်းကိုဆုတ်ခွာပြီး လုံးတုန် ပြည်သူ့စစ်စခန်းနဲ့သွားပေါင်းလိုက်တယ် လို့သိရတယ်”ဟု အခြားဒေသ ခံတစ်ဦးကပြောသည်။ယနေ့ ပစ်ခတ်ခံရသော ချောင်းဝ ပြည်သူ့စစ်စခန်းသည် ယခင်အာဏာမသိမ်းခင်ကတည်းက တပ်စွဲထားသည့် စခန်းဖြစ်ပြီး အင်းတော်ကြီးဒေသတစ်လျှောက် အမာခံတပ်စွဲနေထိုင်ခဲ့သည့် စခန်းလည်းဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရမှုရှိခဲ့ပြီး ပြည်သူ့စစ်စခန်းသိမ်းခံရမှုမှာ ယခုပထမအကြိမ်ဖြစ်သည်။