Local News

တစ္ႏိုင္ငံလုံး နဂါး႐ုံ ဘုရားေတြ မျဖစ္မေန တည္ၾကဖို႔ မင္းေအာင္လႈိင္ ၫႊန္ၾကား

မင္းေအာင္လႈိင္တည္ေနတဲ့ မာရဝီဇယ ဘုရားနဲ႔ ေက်ာက္စာ႐ုံေစတီ အတြက္အလႉေငြေပးရန္ လုပ္ငန္းရွင္မ်ား၊ ျပည္နယ္/တိုင္းအစိုးရမ်ားကို ၫႊန္ၾကားၿပီး ျပည္သူထံမွ အလႉေငြ ေကာက္ရန္လည္း အမိန႔္ထုတ္၊ တစ္ႏိုင္ငံလုံး နဂါး႐ုံ ဘုရားေတြ မျဖစ္မေန တည္ၾကဖို႔ မင္းေအာင္လႈိင္ ၫႊန္ၾကား၊ ယၾတာျဖစ္ႏိုင္ဟုဆို

ရန္ကုန္၊ ဧၿပီ ၂၈

အၾကမ္းဖက္ လူသတ္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ေနျပည္ ေတာ္မွာ တည္ေနတဲ့ မာရဝိဇယ ဘုရားနဲ႔ ေက်ာက္စာ႐ုံေစတီ ၇၆၀ အတြက္ အလႉေငြထည့္ၾကဖို႔ လုပ္ငန္းရွင္ေတြ၊ ျပည္နယ္/တိုင္းအစိုးရေတြကို ၫႊန္ၾကားလိုက္ၿပီး ျပည္သူေတြဆီကလည္း အလႉေငြေကာက္ခံဖို႔ မင္းေအာင္လႈိင္က အမိန႔္ထုတ္ထားပါတယ္။

ေနျပည္ေတာ္မွာ မင္းေအာင္လႈိင္က မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္နဲ႔ ေက်ာက္စာ႐ုံ ဗုဒၶဥယ်ာဥ္မွာ ေက်ာက္စာ႐ုံ ေစတီ ၇၆၀ တည္ထားၿပီး တစ္ဆူကို ေငြက်ပ္ သိန္း ၂၇၉ သိန္းနဲ႔ တည္ေနပါတယ္။

အဲဒီဘုရားနဲ႔ ေစတီအတြက္ လုပ္ငန္းရွင္ေတြ ၊ ျပည္နယ္အစိုးရေတြအေနနဲ႔ တစ္ဦးခ်င္းျဖစ္ေစ၊ အစုအဖြဲ႕ျဖစ္ေစ၊ အလႉေငြထည့္ၾကဖို႔နဲ႔ ေမလ ၁၀ ရက္ေန႔ ေနာက္ ဆုံးထား လႉၾကဖို႔၊ ျပည္သူေတြဆီကလည္း အလႉေငြေတြ ေကာက္ခံၾကဖို႔ မင္းေအာင္လႈိင္က အမိန႔္ထုတ္လိုက္တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္နယ္/တိုင္းအစိုးရေတြနဲ႔ စစ္တပ္ေတြအတြင္းမွာ နဂါး႐ုံဘုရားေတြတည္ၾကဖို႔လည္း မင္းေအာင္လႈိင္က အမိန႔္ထုတ္ထားၿပီး နဂါး႐ုံဘုရား တည္ ေဆာက္မႈဆိုင္ရာ ကြၽမ္းက်င္ ပန္းရန္ေတြ အလုပ္အရမ္းမ်ားေနရေၾကာင္း သိရပါတယ္။

မင္းေအာင္လႈိင္က နဂါး႐ုံဘုရားကို ဘာေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ တည္ခိုင္းသလဲဆိုတာ မသိရေသးဘဲ ယၾတာအေနနဲ႔ တည္ခိုင္းတာ ျဖစ္ႏိုင္တယ္လို႔လည္း စစ္တပ္ သတင္းရင္းျမစ္ေတြဘက္က သုံးသပ္ေျပာဆိုပါတယ္။

နဂါး႐ုံဘုရားေတြကို ဒီေန႔ ေခတ္တည္ထားကိုးကြယ္လာၾကတာဟာ စီးပြားဥစၥာလာဘ္လာဘ ေပါမ်ားျခင္း၊ ရာထူးဂုဏ္ရွိန္ျမင့္တက္တည္ၿမဲျခင္း၊ အသက္ရွည္က်န္းမာျခင္း၊ ဘုရားသာသနာကို နဂါးလို အေမာက္ေထာင္ ကာကြယ္ေပးျခင္းဆိုတဲ့ အဓိပၸာယ္ လူသာမန္ေတြက ေကာက္ယူ တည္ထားၾကတာေတြရွိသလို ေဗဒင္ ယၾတာကိန္းခန္းေတြအရ နဂါးေစတီ၊ နဂါး႐ုံဘုရား တည္ျခင္း ၊ သိုက္ေတြရဲ႕ အသိေပးခ်က္နဲ႔ တိုက္ တြန္းခ်က္အရ အဂၢိရိတ္ ပညာေတြနဲ႔ နဂါးေစတီ၊ နဂါး႐ုံဘုရား တည္တာမ်ိဳးေတြ ရွိတယ္လို႔ ရန္ကုန္ၿမိဳ႕ အထက္လမ္းဆရာတစ္ဦးက ရန္ကုန္ေခတ္သစ္ကို ေျပာဆိုပါတယ္။

“လူသာမန္ေတြ နားလည္တဲ့ နဂါး႐ုံဘုရားတည္တာရွိသလို ေဗဒင္ ယၾတာေတြအရ အဂၢိရိတ္ပညာေတြအရ နဂါး႐ုံ ဘုရားေတြ လိုက္ၿပီးတည္တာေတြလည္းရွိပါတယ္။ စစ္တပ္က ေနရာအႏွံ႔အျပားတည္ခိုင္းတာဆိုရင္ေတာ့ သာမန္အဓိပၸာယ္ဆိုတာထက္ ေဗဒင္ယၾတာပဲ။ ကိန္းဂဏန္းေတြနဲ႔တြက္ခ်က္ၿပီး လုပ္တာျဖစ္ဖို႔မ်ားတယ္” လို႔ ၎က ဆိုပါတယ္။source-khit thit media

မင်းအောင်လှိုင်တည်နေတဲ့ မာရဝီဇယ ဘုရားနဲ့ ကျောက်စာရုံစေတီ အတွက်အလှူငွေပေးရန် လုပ်ငန်းရှင်များ၊ ပြည်နယ်/တိုင်းအစိုးရများကို ညွှန်ကြားပြီး ပြည်သူထံမှ အလှူငွေ ကောက်ရန်လည်း အမိန့်ထုတ်၊ တစ်နိုင်ငံလုံး နဂါးရုံ ဘုရားတွေ မဖြစ်မနေ တည်ကြဖို့ မင်းအောင်လှိုင် ညွှန်ကြား၊ ယတြာဖြစ်နိုင်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၈

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည် တော်မှာ တည်နေတဲ့ မာရဝိဇယ ဘုရားနဲ့ ကျောက်စာရုံစေတီ ၇၆၀ အတွက် အလှူငွေထည့်ကြဖို့ လုပ်ငန်းရှင်တွေ၊ ပြည်နယ်/တိုင်းအစိုးရတွေကို ညွှန်ကြားလိုက်ပြီး ပြည်သူတွေဆီကလည်း အလှူငွေကောက်ခံဖို့ မင်းအောင်လှိုင်က အမိန့်ထုတ်ထားပါတယ်။

နေပြည်တော်မှာ မင်းအောင်လှိုင်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်နဲ့ ကျောက်စာရုံ ဗုဒ္ဓဥယျာဉ်မှာ ကျောက်စာရုံ စေတီ ၇၆၀ တည်ထားပြီး တစ်ဆူကို ငွေကျပ် သိန်း ၂၇၉ သိန်းနဲ့ တည်နေပါတယ်။

အဲဒီဘုရားနဲ့ စေတီအတွက် လုပ်ငန်းရှင်တွေ ၊ ပြည်နယ်အစိုးရတွေအနေနဲ့ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြစ်စေ၊ အလှူငွေထည့်ကြဖို့နဲ့ မေလ ၁၀ ရက်နေ့ နောက် ဆုံးထား လှူကြဖို့၊ ပြည်သူတွေဆီကလည်း အလှူငွေတွေ ကောက်ခံကြဖို့ မင်းအောင်လှိုင်က အမိန့်ထုတ်လိုက်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်/တိုင်းအစိုးရတွေနဲ့ စစ်တပ်တွေအတွင်းမှာ နဂါးရုံဘုရားတွေတည်ကြဖို့လည်း မင်းအောင်လှိုင်က အမိန့်ထုတ်ထားပြီး နဂါးရုံဘုရား တည် ဆောက်မှုဆိုင်ရာ ကျွမ်းကျင် ပန်းရန်တွေ အလုပ်အရမ်းများနေရကြောင်း သိရပါတယ်။

မင်းအောင်လှိုင်က နဂါးရုံဘုရားကို ဘာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တည်ခိုင်းသလဲဆိုတာ မသိရသေးဘဲ ယတြာအနေနဲ့ တည်ခိုင်းတာ ဖြစ်နိုင်တယ်လို့လည်း စစ်တပ် သတင်းရင်းမြစ်တွေဘက်က သုံးသပ်ပြောဆိုပါတယ်။

နဂါးရုံဘုရားတွေကို ဒီနေ့ ခေတ်တည်ထားကိုးကွယ်လာကြတာဟာ စီးပွားဥစ္စာလာဘ်လာဘ ပေါများခြင်း၊ ရာထူးဂုဏ်ရှိန်မြင့်တက်တည်မြဲခြင်း၊ အသက်ရှည်ကျန်းမာခြင်း၊ ဘုရားသာသနာကို နဂါးလို အမောက်ထောင် ကာကွယ်ပေးခြင်းဆိုတဲ့ အဓိပ္ပာယ် လူသာမန်တွေက ကောက်ယူ တည်ထားကြတာတွေရှိသလို ဗေဒင် ယတြာကိန်းခန်းတွေအရ နဂါးစေတီ၊ နဂါးရုံဘုရား တည်ခြင်း ၊ သိုက်တွေရဲ့ အသိပေးချက်နဲ့ တိုက် တွန်းချက်အရ အဂ္ဂိရိတ် ပညာတွေနဲ့ နဂါးစေတီ၊ နဂါးရုံဘုရား တည်တာမျိုးတွေ ရှိတယ်လို့ ရန်ကုန်မြို့ အထက်လမ်းဆရာတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောဆိုပါတယ်။

“လူသာမန်တွေ နားလည်တဲ့ နဂါးရုံဘုရားတည်တာရှိသလို ဗေဒင် ယတြာတွေအရ အဂ္ဂိရိတ်ပညာတွေအရ နဂါးရုံ ဘုရားတွေ လိုက်ပြီးတည်တာတွေလည်းရှိပါတယ်။ စစ်တပ်က နေရာအနှံ့အပြားတည်ခိုင်းတာဆိုရင်တော့ သာမန်အဓိပ္ပာယ်ဆိုတာထက် ဗေဒင်ယတြာပဲ။ ကိန်းဂဏန်းတွေနဲ့တွက်ချက်ပြီး လုပ်တာဖြစ်ဖို့များတယ်” လို့ ၎င်းက ဆိုပါတယ်။source-khit thit media