ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကို ထိထိမိမိ တုန႔္ျပန္ေမးလိုက္တယ့္ အလြတ္သတင္းေထာက္ဆရာ
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းသို႔ ေမးျမန္းခ်က္ (အခ်ိန္ယူၿပီးေျဖပါ)
ဧၿပီ ၂၇ သတင္းစာရွင္းလင္းပြဲသို႔ရည္ၫႊန္းလ်က္
ေမး။ ၁။ မဲစာရင္းမွားတာေတြရွိႏိုင္ေပမယ့္ NLD အႏိုင္ရမႈကို အေျပာင္း အလဲျဖစ္ေစႏိုင္တဲ့ မဲမသာမႈ ဆိုတာမ်ိဳး မရွိႏိုင္ေၾကာင္း ေ႐ြးေကာက္ပြဲ ေလ့လာတဲ့ ယုံၾကည္ရတဲ့ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ အဖြဲ႕ေတြရဲ႕ အကဲျဖတ္ခ်က္ အေပၚ ဘာမ်ားေျပာခ်င္လဲ၊ ျပန္ၿပီး ရွင္းလင္းေျဖၾကားေပးရန္။
တကယ္လို႔ မဲမသာမႈရွိလို႔ (ဗိုလ္ခ်ဳပ္တို႔အဆိုအရ) ‘’အာဏာထိန္း’’ တယ္ဆိုရင္ ခ်က္ျခင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဖြဲ႕ၿပီး အလ်င္အျမန္ ဘာေၾကာင့္ ေ႐ြးေကာက္ပြဲ ျပန္မလုပ္ရတာလဲ။
ႏိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ အစိုးရတဖြဲ႕လုံးကို ဖမ္းဆီးၿပီး အမ်ိဳးမ်ိဳးေသာ ဥပေဒေတြနဲ႔ အေရးယူတာက ဘာသေဘာပါလဲ။ စစ္တပ္က လက္နက္ျပ မတရား အာဏာလုယူတာ မဟုတ္ဘူးလား။ (ေျဖၾကားေပးပါ)
ေမး။ ၂။ အာဏာသိမ္းတာဟာ ၂၀၀၈ ေျခ/ဥ နဲ႔ လုံးဝကိုက္ယူမႈ မရွိတာကို အားလုံးသိၾကပါတယ္။ ဘာလို႔ အေျခခံဥပေဒကို ခုတုံးလုပ္ အာဏာသိမ္းတာလဲ။ ဘာလို႔ ေျဗာင္မသိမ္းတာလဲ။ (အဲဒါေျဖေပးပါ)
– ၂၀၀၈ အေျခခံဥပေဒ ပုဒ္မ ၇၁ အရ သမၼတ နဲ႔ ဒုသမၼတေတြကို စြပ္စြဲျပစ္တင္လို႔သာရပါတယ္။ သမၼတရာထူးကို ရပ္စဲဖို႔ ဆိုရင္ အဆင့္ ၇ ဆင့္ရွိပါတယ္။ ဒါေတြအားလုံးက လႊတ္ေတာ္မွာသာ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။
အာဏာသိမ္းမႈမွာ သမၼတကို ဥပေဒမဲ့ ဖယ္ရွားတယ္ဆိုတာ ထင္ရွားေနပါတယ္။ ဒါကို ဘာေျပာခ်င္ပါလဲ။
ပုဒ္မ ၄၁၀ အရ သမၼတက ကာလုံနဲ႔ ညႇိႏႈိင္းၿပီး အေရးေပၚ အေျခအေနေၾကညာႏိုင္တာ ျဖစ္ပါတယ္။ သမၼတရာထူးကို လက္နက္နဲ႔ ဓါးျပတိုက္ၿပီး ဒုသမၼတကို ယာယီသမၼတခန႔္၊ ၿပီးေတာ့ ကာလုံေခၚၿပီး အေရးေပၚ ေၾကညာတာဟာ ဘယ္လိုမွ ဥပေဒနဲ႔ မညီပါဘူး။ (ဥပေဒနဲ႔ အညီ အာဏာရယူတယ္လို႔ ဘာလို႔ ေျပာေနတာပါလဲ… ေျဖေပးပါ)
ေမး။ ၃။ PDF ေတြရဲ႕ လက္နက္ကိုင္ေတာ္လွန္မႈ ဟာ NUG ေျမႇာက္ေပးလို႔ မဟုတ္ပါဘူး။ PDF ျဖစ္လာမယ့္ လူငယ္ေတြနဲ႔ ေ႐ြးေကာက္ပြဲမွာ မဲေပးခဲ့တဲ့ ျပည္သူအမ်ားစုကသာ NUG ကို ဖြဲ႕ေစခဲ့ၿပီး ခုခံေတာ္လွန္ဖို႔ ခိုင္းေစ ခဲ့တာ ျဖစ္ပါတယ္။
ဒီထက္ မွန္ေအာင္ေျပာရရင္… စစ္တပ္အာဏာသိမ္းတာကို လက္မခံႏိုင္ေၾကာင္း ၿငိမ္းခ်မ္းစြာ ထုတ္ေဖၚဆႏၵျပၾကတဲ့ ျပည္သူလူထုကို ရက္ရက္ စက္စက္ ႏွိပ္ကြပ္ ပစ္သတ္ခဲ့တာေၾကာင့္ လူငယ္ေတြ လက္နက္ကိုင္ခဲ့ၾကတာပါ။
အဓိက တရားခံက စစ္အာဏာသိမ္းတဲ့ တပ္မေတာ္သာ လ်င္ျဖစ္ပါတယ္။ အဲဒီေတာ့ ဒီျပႆနာေတြ ေျပလည္ႏိုင္ဖို႔ စစ္တပ္က ႏိုင္ငံေရးနဲ႔ လုံးဝ မပတ္သက္ေတာ့ဘဲ စစ္တန္းလ်ားျပန္ ဖို႔သာရွိပါတယ္။ ဒါမွသာ သားေ႐ႊအိုးထမ္း တာမ်ိဳး ျဖစ္မွာပါ။တိုင္းျပည္မ်က္ႏွာၾကည့္ၿပီး စစ္တန္းလ်ား ဘယ္ေတာ့ျပန္မလဲ ဆိုတာ ေျဖေပးပါ။
ေမးခြန္းေတြကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ မဟုတ္ပါဘူး။ စစ္ေကာင္စီ အဖြဲ႕ဝင္ေတြပဲ ျဖစ္ျဖစ္၊ တျခား တပ္မေတာ္ အရာရွိေတြပဲ ျဖစ္ျဖစ္၊ ျပည္တြင္းက သတင္းမီဒီယာေတြ ျဖစ္ျဖစ္ ေျဖၾကားေပးလို႔ ရပါတယ္။
ခ်က္ခ်င္း မေျဖႏိုင္လည္း အခ်ိန္ယူၿပီး ေျဖၾကားေပးလို႔ရပါတယ္။
သက္ေထြးႏိုင္ (အလြတ္သတင္းေထာက္)
–
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ေမးျမန္းခ်က္ေတြကို ေနာက္ပိုင္းမွာ ျပန္လည္ရွင္းလင္း ေျဖၾကားေပးမွာ ျဖစ္ေၾကာင္းလည္း တင္ႀကိဳ အသိေပးအပ္ပါတယ္။
– ေနာက္ပိုင္း သတင္းစာရွင္းလင္းပြဲေတြ လုပ္ရင္ ဗီဒီယို ကြန္ဖရန႔္ နဲ႔ တိုက္႐ိုက္ ေမးခြင့္ ေပးေစလိုပါတယ္။ ဒါမွ မဟုတ္ အခုလို ေမးခြန္းေတြတင္ထားေပးပါ့မယ္။ ေျဖၾကားေပးပါ။
THN freelance journalist
ေလးစားမႈျဖင့္ ျပန္လည္မွ်ေဝေပးလိုက္ရပါသည္၊၊
Credit to THN freelance journalist
ဗိုလ်ချုပ်ဇော်မင်းထွန်း ကို ထိထိမိမိ တုန့်ပြန်မေးလိုက်တယ့် အလွတ်သတင်းထောက်ဆရာ
ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ မေးမြန်းချက် (အချိန်ယူပြီးဖြေပါ)
ဧပြီ ၂၇ သတင်းစာရှင်းလင်းပွဲသို့ရည်ညွှန်းလျက်
မေး။ ၁။ မဲစာရင်းမှားတာတွေရှိနိုင်ပေမယ့် NLD အနိုင်ရမှုကို အပြောင်း အလဲဖြစ်စေနိုင်တဲ့ မဲမသာမှု ဆိုတာမျိုး မရှိနိုင်ကြောင်း ရွေးကောက်ပွဲ လေ့လာတဲ့ ယုံကြည်ရတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကဲဖြတ်ချက် အပေါ် ဘာများပြောချင်လဲ၊ ပြန်ပြီး ရှင်းလင်းဖြေကြားပေးရန်။
တကယ်လို့ မဲမသာမှုရှိလို့ (ဗိုလ်ချုပ်တို့အဆိုအရ) ‘’အာဏာထိန်း’’ တယ်ဆိုရင် ချက်ခြင်း ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ပြီး အလျင်အမြန် ဘာကြောင့် ရွေးကောက်ပွဲ ပြန်မလုပ်ရတာလဲ။
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရတဖွဲ့လုံးကို ဖမ်းဆီးပြီး အမျိုးမျိုးသော ဥပဒေတွေနဲ့ အရေးယူတာက ဘာသဘောပါလဲ။ စစ်တပ်က လက်နက်ပြ မတရား အာဏာလုယူတာ မဟုတ်ဘူးလား။ (ဖြေကြားပေးပါ)
မေး။ ၂။ အာဏာသိမ်းတာဟာ ၂၀၀၈ ခြေ/ဥ နဲ့ လုံးဝကိုက်ယူမှု မရှိတာကို အားလုံးသိကြပါတယ်။ ဘာလို့ အခြေခံဥပဒေကို ခုတုံးလုပ် အာဏာသိမ်းတာလဲ။ ဘာလို့ ဗြောင်မသိမ်းတာလဲ။ (အဲဒါဖြေပေးပါ)
– ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၇၁ အရ သမ္မတ နဲ့ ဒုသမ္မတတွေကို စွပ်စွဲပြစ်တင်လို့သာရပါတယ်။ သမ္မတရာထူးကို ရပ်စဲဖို့ ဆိုရင် အဆင့် ၇ ဆင့်ရှိပါတယ်။ ဒါတွေအားလုံးက လွှတ်တော်မှာသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုမှာ သမ္မတကို ဥပဒေမဲ့ ဖယ်ရှားတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါကို ဘာပြောချင်ပါလဲ။
ပုဒ်မ ၄၁၀ အရ သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကြေညာနိုင်တာ ဖြစ်ပါတယ်။ သမ္မတရာထူးကို လက်နက်နဲ့ ဓါးပြတိုက်ပြီး ဒုသမ္မတကို ယာယီသမ္မတခန့်၊ ပြီးတော့ ကာလုံခေါ်ပြီး အရေးပေါ် ကြေညာတာဟာ ဘယ်လိုမှ ဥပဒေနဲ့ မညီပါဘူး။ (ဥပဒေနဲ့ အညီ အာဏာရယူတယ်လို့ ဘာလို့ ပြောနေတာပါလဲ… ဖြေပေးပါ)
မေး။ ၃။ PDF တွေရဲ့ လက်နက်ကိုင်တော်လှန်မှု ဟာ NUG မြှောက်ပေးလို့ မဟုတ်ပါဘူး။ PDF ဖြစ်လာမယ့် လူငယ်တွေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ပြည်သူအများစုကသာ NUG ကို ဖွဲ့စေခဲ့ပြီး ခုခံတော်လှန်ဖို့ ခိုင်းစေ ခဲ့တာ ဖြစ်ပါတယ်။
ဒီထက် မှန်အောင်ပြောရရင်… စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာ ထုတ်ဖေါ်ဆန္ဒပြကြတဲ့ ပြည်သူလူထုကို ရက်ရက် စက်စက် နှိပ်ကွပ် ပစ်သတ်ခဲ့တာကြောင့် လူငယ်တွေ လက်နက်ကိုင်ခဲ့ကြတာပါ။
အဓိက တရားခံက စစ်အာဏာသိမ်းတဲ့ တပ်မတော်သာ လျင်ဖြစ်ပါတယ်။ အဲဒီတော့ ဒီပြဿနာတွေ ပြေလည်နိုင်ဖို့ စစ်တပ်က နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်တော့ဘဲ စစ်တန်းလျားပြန် ဖို့သာရှိပါတယ်။ ဒါမှသာ သားရွှေအိုးထမ်း တာမျိုး ဖြစ်မှာပါ။တိုင်းပြည်မျက်နှာကြည့်ပြီး စစ်တန်းလျား ဘယ်တော့ပြန်မလဲ ဆိုတာ ဖြေပေးပါ။
မေးခွန်းတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မဟုတ်ပါဘူး။ စစ်ကောင်စီ အဖွဲ့ဝင်တွေပဲ ဖြစ်ဖြစ်၊ တခြား တပ်မတော် အရာရှိတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက သတင်းမီဒီယာတွေ ဖြစ်ဖြစ် ဖြေကြားပေးလို့ ရပါတယ်။
ချက်ချင်း မဖြေနိုင်လည်း အချိန်ယူပြီး ဖြေကြားပေးလို့ရပါတယ်။
သက်ထွေးနိုင် (အလွတ်သတင်းထောက်)
–
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မေးမြန်းချက်တွေကို နောက်ပိုင်းမှာ ပြန်လည်ရှင်းလင်း ဖြေကြားပေးမှာ ဖြစ်ကြောင်းလည်း တင်ကြို အသိပေးအပ်ပါတယ်။
– နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေ လုပ်ရင် ဗီဒီယို ကွန်ဖရန့် နဲ့ တိုက်ရိုက် မေးခွင့် ပေးစေလိုပါတယ်။ ဒါမှ မဟုတ် အခုလို မေးခွန်းတွေတင်ထားပေးပါ့မယ်။ ဖြေကြားပေးပါ။
THN freelance journalist
လေးစားမှုဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါသည်၊၊
Credit to THN freelance journalist