Local News







ရုပ်ရှင်သရုပ်ဆောင် ဟိန်းထက်၏ နေအိမ် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၎င်း၏ အဖိုးဖြစ်သူ ကျည်ထိမှန်သေဆုံး

ဧရာဝတီတိုင်းမ်…ဧပြီလ ၂၈ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် ဟိန်းထက်၏ နေအိမ်အား ယနေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ၎င်း၏ အဖိုးဖြစ်သူ ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။

” ကျနော့်အိမ်ကို လူတစ်စု သေနတ်နဲ့လာပစ်သွားတယ်။အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ” ဟု ရုပ်ရှင်သရုပ်ဆောင် ဟိန်းထက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ရေးသားဖော်ပြထားသည်။

မည်သည့်အဖွဲ့ကပစ်ခတ် တိုက်ခိုက်ခဲ့သည်ကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။