စစ္အာဏာရွင္ကို ဆန႔္က်င္ေနသူ ေမာ္ဒယ္သ႐ုပ္ေဆာင္ မင္းသားဟိန္းထက္၏ အဘိုးကို ပစ္သတ္လိုက္ဟု ရန္ကုန္ေသြးေသာက္အဖြဲ႕ အမည္ခံ ထုတ္ျပန္လာ
ရန္ကုန္၊ ဧၿပီ ၂၈
စစ္အာဏာရွင္ကို လက္နက္ကိုင္ ဆန႔္က်င္ေတာ္လွန္တိုက္ခိုက္ေနသူ ေမာ္ဒယ္သ႐ုပ္ေဆာင္ မင္းသား ဟိန္းထက္၏ အဘိုးျဖစ္သူကို ပစ္သတ္လိုက္ေၾကာင္း ရန္ကုန္ေသြးေသာက္အဖြဲ႕ဟု အမည္ခံထားေသာ အဖြဲ႕က လူမႈကြန္ရက္တြင္ ထုတ္ျပန္ေနၿပီး အမ်ိဳးသားေရးအစြန္းေရာက္မ်ားႏွင့္ မဘသမ်ားက လူမႈကြန္ ရက္မ်ားတြင္ ေအာင္ပြဲခံလ်က္ရွိေၾကာင္း သိရွိရသည္။
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေ႐ႊနံသာေက်း႐ြာအုပ္စု ေပါင္းကူးဉာဏရပ္ကြက္ ဂႏၶမာလမ္းေနအိမ္ကို မြန္းလြဲ ၂ နာရီတြင္ လူတစ္စုက ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး မင္းသားဟိန္းထက္၏ အဘိုးျဖစ္သူ ဦးတင္ဝင္းကို ပစ္သတ္သြားေၾကာင္း သိရွိရသည္။
“ေမာ္ဒယ္မင္းသားဟိန္းထက္ရဲ႕အေဖအိမ္ကို ဒီေန႔ ေန႔လယ္ ၂ နာရီမွာ ေသ နတ္သမားေတြကားနဲ႔လာၿပီး အိမ္မွာေစ်းကူေရာင္းေပးေနတဲ့ မင္းသားဟိန္းထက္ရဲ႕အဖိုးကို ပစ္တယ္။ ေသနတ္နဲ႔ေလးခ်က္ငါးခ်က္ေလာက္ ကားေပၚကပစ္သြားတယ္” ဟု ရပ္ကြက္တြင္း ေနထိုင္သူတစ္ဦးက ေျပာသည္။
မင္းသားဟိန္းထက္၏ အဘိုးျဖစ္သူကို ပစ္သတ္မႈသည္ ရန္ကုန္ေသြးေသာက္အဖြဲ႕၏ လက္ခ်က္ျဖစ္ ေၾကာင္း အမ်ိဳးသားအစြန္းေရာက္ ေအာင္ကိုမင္းက ေျပာဆိုၿပီး ရန္ကုန္ေသြးေသာက္အဖြဲ႕၏ ထုတ္ျပန္ခ်က္ကိုလည္း ၎၏ လူမႈကြန္ရက္တြင္ ျပန္လည္ မွ်ေဝထားသည္။
ရန္ကုန္အေျခစိုက္ မဘသ အဖြဲ႕ဝင္ အမ်ိဳးသားေရးအစြန္းေရာက္အဖြဲ႕ဝင္တစ္ဦးကလည္း မင္းသားဟိန္းထက္၏ ေနအိမ္ကို ဝင္ေရာက္စီးနင္းပစ္ခတ္ခဲ့မႈမွာ မွန္ကန္ေၾကာင္း ေျပာဆိုသည္။
ရန္ကုန္ေသြးေသာက္အဖြဲ႕ႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုရန္ သူက ျငင္းဆန္သည္။ Yangon Castigate Squad ဆိုေသာ အဖြဲ႕တစ္ခုကလည္း NLD ပါတီဝင္မ်ားႏွင့္ PDF မ်ား၏ မိသားစုဝင္မ်ား၊ ေဆြမ်ိဳးမ်ားကို သတ္ျဖတ္မည္ျဖစ္ေၾကာင္း ဧၿပီလ ၂၅ ရက္ေန႔တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။
ရန္ကုန္ေသြးေသာက္အဖြဲ႕က “မင္းသားက မင္းသားအလုပ္မလုပ္ဘဲ ကဲ ဘယ္နဲ႔ရွိတုန္း ကိုယ့္လူ မင္းေတာထဲက ေန ငိုေနမယ္ထင္တယ္။ မင္းရဲ႕ခ်စ္လွပါတယ္အဖိုးေတာ့ မင္းအတြက္ မက္ေဆ့ ငုံသြားၿပီေနာ္ ။ မန္းက အမ်ိဳးတို႔ေရ ရန္ကုန္ေသြးေသာက္အဖြဲ႕ ကလည္း လက္စြမ္းထက္တယ္ေနာ္” ဟု ထုတ္ျပန္ထားၿပီး ယင္းပို႔စ္ကို အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူမ်ားႏွင့္ မဘသမ်ားက ေပ်ာ္႐ႊင္စြာျဖင့္ ကူးယူျခင္း၊ ရွယ္ျခင္းမ်ား ျပဳလုပ္ေနသည္။
အမ်ိဳးသားေရးအစြန္းေရာက္ ေအာင္ကိုမင္းသည္ မေလးရွားႏိုင္ငံတြင္ ေနထိုင္ၿပီး လင္းယုပရဟိတအဖြဲ႕ထူေထာင္ကာ ျပည္တြင္းအဖြဲ႕မ်ားႏွင့္ခ်ိတ္ဆက္၍ အမ်ိဳးသားေရးအစြန္းေရာက္ လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနသူလည္းျဖစ္သည္။
စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ မော်ဒယ်သရုပ်ဆောင် မင်းသားဟိန်းထက်၏ အဘိုးကို ပစ်သတ်လိုက်ဟု ရန်ကုန်သွေးသောက်အဖွဲ့ အမည်ခံ ထုတ်ပြန်လာ
ရန်ကုန်၊ ဧပြီ ၂၈
စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသူ မော်ဒယ်သရုပ်ဆောင် မင်းသား ဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်သတ်လိုက်ကြောင်း ရန်ကုန်သွေးသောက်အဖွဲ့ဟု အမည်ခံထားသော အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်နေပြီး အမျိုးသားရေးအစွန်းရောက်များနှင့် မဘသများက လူမှုကွန် ရက်များတွင် အောင်ပွဲခံလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု ပေါင်းကူးဉာဏရပ်ကွက် ဂန္ဓမာလမ်းနေအိမ်ကို မွန်းလွဲ ၂ နာရီတွင် လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မင်းသားဟိန်းထက်၏ အဘိုးဖြစ်သူ ဦးတင်ဝင်းကို ပစ်သတ်သွားကြောင်း သိရှိရသည်။
“မော်ဒယ်မင်းသားဟိန်းထက်ရဲ့အဖေအိမ်ကို ဒီနေ့ နေ့လယ် ၂ နာရီမှာ သေ နတ်သမားတွေကားနဲ့လာပြီး အိမ်မှာဈေးကူရောင်းပေးနေတဲ့ မင်းသားဟိန်းထက်ရဲ့အဖိုးကို ပစ်တယ်။ သေနတ်နဲ့လေးချက်ငါးချက်လောက် ကားပေါ်ကပစ်သွားတယ်” ဟု ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ပြောသည်။
မင်းသားဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်သတ်မှုသည် ရန်ကုန်သွေးသောက်အဖွဲ့၏ လက်ချက်ဖြစ် ကြောင်း အမျိုးသားအစွန်းရောက် အောင်ကိုမင်းက ပြောဆိုပြီး ရန်ကုန်သွေးသောက်အဖွဲ့၏ ထုတ်ပြန်ချက်ကိုလည်း ၎င်း၏ လူမှုကွန်ရက်တွင် ပြန်လည် မျှဝေထားသည်။
ရန်ကုန်အခြေစိုက် မဘသ အဖွဲ့ဝင် အမျိုးသားရေးအစွန်းရောက်အဖွဲ့ဝင်တစ်ဦးကလည်း မင်းသားဟိန်းထက်၏ နေအိမ်ကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့မှုမှာ မှန်ကန်ကြောင်း ပြောဆိုသည်။
ရန်ကုန်သွေးသောက်အဖွဲ့နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် သူက ငြင်းဆန်သည်။ Yangon Castigate Squad ဆိုသော အဖွဲ့တစ်ခုကလည်း NLD ပါတီဝင်များနှင့် PDF များ၏ မိသားစုဝင်များ၊ ဆွေမျိုးများကို သတ်ဖြတ်မည်ဖြစ်ကြောင်း ဧပြီလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်သွေးသောက်အဖွဲ့က “မင်းသားက မင်းသားအလုပ်မလုပ်ဘဲ ကဲ ဘယ်နဲ့ရှိတုန်း ကိုယ့်လူ မင်းတောထဲက နေ ငိုနေမယ်ထင်တယ်။ မင်းရဲ့ချစ်လှပါတယ်အဖိုးတော့ မင်းအတွက် မက်ဆေ့ ငုံသွားပြီနော် ။ မန်းက အမျိုးတို့ရေ ရန်ကုန်သွေးသောက်အဖွဲ့ ကလည်း လက်စွမ်းထက်တယ်နော်” ဟု ထုတ်ပြန်ထားပြီး ယင်းပို့စ်ကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် မဘသများက ပျော်ရွှင်စွာဖြင့် ကူးယူခြင်း၊ ရှယ်ခြင်းများ ပြုလုပ်နေသည်။
အမျိုးသားရေးအစွန်းရောက် အောင်ကိုမင်းသည် မလေးရှားနိုင်ငံတွင် နေထိုင်ပြီး လင်းယုပရဟိတအဖွဲ့ထူထောင်ကာ ပြည်တွင်းအဖွဲ့များနှင့်ချိတ်ဆက်၍ အမျိုးသားရေးအစွန်းရောက် လှုပ်ရှားမှုများ လုပ်ဆောင်နေသူလည်းဖြစ်သည်။