Local News

ဗိုလ္ခ်ဳပ္အေၾကာင္းမတူမတန္ထည့္ေျပာတဲ့ ေဇာ္မင္းထြန္းကို ပညာသားပါပါ ဖဲ့လိုက္ျပန္တဲ့ ဦးရဲထြဋ္

ဒူးနေရာ ဒူး ၊ တော်နေရာတော်

ဒူးနေရာ ဒူး ၊ တော်နေရာတော် ဆိုတဲ့ ဆိုရိုးစကားမှာ “ ဒူး” ဆိုတာ လူ့ခန္တာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဒူး ကို ပြောတာမဟုတ်ပါဘူး။

မြန်မာ့နန်းတွင်းအစဉ်အလာအရ ဘုရင် ရဲ့ ရှေ့မှာ မူးကြီးမတ်ရာတွေ၊ မြို့စား နယ်စားတွေ၊ အခစားဝင်ဖို့အတွက် သတ်မှတ်ထားတဲ့ နေရာတွေထဲက “ ဒူး ” နေရာကို ပြောတာဖြစ်ပါတယ်။

ဘုရင်ရှေ့မှာ နေရာယူတဲ့အခါ ဝဲ၊ ယာ နှစ်ဘက်မှာ တော်၊ ဒူး ၊ စနည်း ၊ အတွင်းဘဝေါ၊ အပြင် ဘဝေါ ဆိုပြီးသတ်မှတ်ထားတယ်။ အဲဒါကို နေရာငါးသွယ်လို့ခေါ်တယ်။ အဲဒီထဲမှာ “ တော် ” နေရာက အမြင့်ဆုံး၊ အပြင်ဘဝေါ က အနိမ့်ဆုံး။ အဲဒီအစဉ်အလာကို မူတည်ပြီး “ ဒူးနေရာ ဒူး၊ တော်နေရာတော်” ကိုယ့်အဆင့်အတန်း နှင့် အညီ သင့်လျော်အောင် ပြောဆိုနေထိုင် ပြုမူပါ ဆိုတဲ့ ဆိုရိုးစကားပေါ်လာတာဖြစ်ပါတယ်။ ဒီဆိုရိုးစကားဟာ အခုအချိန်ထိ ခေတ်မီနေဆဲ ဖြစ် ပါတယ်။

မြန်မာစကားက စကားလုံးတွေကလည်း ကြွယ်ဝတော့ စကားပြောတဲ့အခါ “ ဒူးနေရာ ဒူး ၊ တော်နေရာတော်” ဖြစ်ဖို့အရေးကြီးပါတယ်။ ဖေ့စ်ဘွတ်ပေါ်က စကား၊ ကိုယ့်လူ အချင်းချင်း ကြားမှာ ပြောတဲ့စကား၊ လူကြီးသူမတွေကြားရင် ရိုင်းစိုင်းရာကျတဲ့စကားကို လူအများ ရှေ့မှာ ပြောမိရင် နားထောင်ရသူတွေ အတွက်လည်း အဆင်မပြေဘူး၊ ပြောမိတဲ့သူလည်း ဝေဖန် ခံရမယ်။ ကိုယ်စားပြုတဲ့ အဖွဲ့အစည်း လည်း သိက္ခာကျတယ်။

ဗိုလ်ချုပ်အောင်ဆန်းလည်း စကားလုံးကြမ်းကြမ်းသုံးပြီးပြောခဲ့တာပဲ လို့ ဆင်ခြေပေးမယ် ဆိုရင် လည်း ကိုယ် နဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှုအရည်အချင်း၊ လူထု ချစ်ခင်လေးစား ခံရမှု တူသလားဆိုတာ အရင်ပြန်စဉ်းစားစေချင်ပါတယ်။

ဒူးေနရာ ဒူး ၊ ေတာ္ေနရာေတာ္

ဒူးေနရာ ဒူး ၊ ေတာ္ေနရာေတာ္ ဆိုတဲ့ ဆိုရိုးစကားမွာ “ ဒူး” ဆိုတာ လူ႔ခႏၲာကိုယ္ရဲ့ အစိတ္အပိုင္း တစ္ခုျဖစ္တဲ့ ဒူး ကို ေျပာတာမဟုတ္ပါဘူး။

ျမန္မာ့နန္းတြင္းအစဥ္အလာအရ ဘုရင္ ရဲ့ ေရွ႕မွာ မူးႀကီးမတ္ရာေတြ၊ ၿမိဳ႕စား နယ္စားေတြ၊ အခစားဝင္ဖို႔အတြက္ သတ္မွတ္ထားတဲ့ ေနရာေတြထဲက “ ဒူး ” ေနရာကို ေျပာတာျဖစ္ပါတယ္။

ဘုရင္ေရွ႕မွာ ေနရာယူတဲ့အခါ ဝဲ၊ ယာ ႏွစ္ဘက္မွာ ေတာ္၊ ဒူး ၊ စနည္း ၊ အတြင္းဘေဝါ၊ အျပင္ ဘေဝါ ဆိုၿပီးသတ္မွတ္ထားတယ္။ အဲဒါကို ေနရာငါးသြယ္လို႔ေခၚတယ္။ အဲဒီထဲမွာ “ ေတာ္ ” ေနရာက အျမင့္ဆုံး၊ အျပင္ဘေဝါ က အနိမ့္ဆုံး။ အဲဒီအစဥ္အလာကို မူတည္ၿပီး “ ဒူးေနရာ ဒူး၊ ေတာ္ေနရာေတာ္” ကိုယ့္အဆင့္အတန္း ႏွင့္ အညီ သင့္ေလ်ာ္ေအာင္ ေျပာဆိုေနထိုင္ ျပဳမူပါ ဆိုတဲ့ ဆိုရိုးစကားေပၚလာတာျဖစ္ပါတယ္။ ဒီဆိုရိုးစကားဟာ အခုအခ်ိန္ထိ ေခတ္မီေနဆဲ ျဖစ္ ပါတယ္။

ျမန္မာစကားက စကားလုံးေတြကလည္း ႂကြယ္ဝေတာ့ စကားေျပာတဲ့အခါ “ ဒူးေနရာ ဒူး ၊ ေတာ္ေနရာေတာ္” ျဖစ္ဖို႔အေရးႀကီးပါတယ္။ ေဖ့စ္ဘြတ္ေပၚက စကား၊ ကိုယ့္လူ အခ်င္းခ်င္း ၾကားမွာ ေျပာတဲ့စကား၊ လူႀကီးသူမေတြၾကားရင္ ရိုင္းစိုင္းရာက်တဲ့စကားကို လူအမ်ား ေရွ႕မွာ ေျပာမိရင္ နားေထာင္ရသူေတြ အတြက္လည္း အဆင္မေျပဘူး၊ ေျပာမိတဲ့သူလည္း ေဝဖန္ ခံရမယ္။ ကိုယ္စားျပဳတဲ့ အဖြဲ႕အစည္း လည္း သိကၡာက်တယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းလည္း စကားလုံးၾကမ္းၾကမ္းသုံးၿပီးေျပာခဲ့တာပဲ လို႔ ဆင္ေျခေပးမယ္ ဆိုရင္ လည္း ကိုယ္ နဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္မႈအရည္အခ်င္း၊ လူထု ခ်စ္ခင္ေလးစား ခံရမႈ တူသလားဆိုတာ အရင္ျပန္စဥ္းစားေစခ်င္ပါတယ္။

Ye Htut

မဆီမဆိုင် ဗိုလ်ချုပ်ကို ဂလိုင်ခေါက်ကာ ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်ကို စော်ကားလိုက်ပြန်ပြီ ဇော်မဲလုံးအင်တာဗျူး(ရုပ်သံ)