Local News

ကျောက်ညှပ်တပ်စခန်းကို

ဖာပြန္ရွိ စစ္ေကာင္စီ၏ ေက်ာက္ညႇပ္တပ္စခန္းကို KNU တပ္မဟာ(၅) တိုက္ခိုက္သိမ္းပိုက္

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အရွင္ဖမ္းမိၿပီး လက္နက္ခဲယမ္းမ်ား ရရွိဟုဆို

ေမာင္ေမာင္/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)တပ္မဟာ(၅)နယ္ေျမ ဖာပြန္ခ႐ိုင္ ရွိ စစ္ေကာင္စီတပ္စခန္းတစ္ခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA) တပ္ဖြဲ႕ဝင္မ်ားက ယ​ေန႔ တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း KNU ဗဟိုမွ သတင္းရင္းျမစ္က ေျပာသည္။

“ ဒီေန႔ သူတို႔ တက္သိမ္းတာဟုတ္တယ္။ အတည္ျပဳလို႔ရၿပီ။ ေက်ာက္ညႇပ္စခန္းကေတာ့ ကြၽန္ေတာ္တို႔ ဖာပြန္ၿမိဳ႕နယ္ေပါ့။ သံလြင္ကမ္းနားနဲ႔ေတာ့ သိပ္ေတာ့မေဝးဘူး။နယ္စပ္ေပါ့” ဟု ၎ကဆက္​ေျပာသည္။

အဆိုပါ တပ္စခန္း တြင္ အင္အား ၂၀ ပတ္ဝန္းက်င္သာရွိသည္ဟု သိရၿပီး စစ္ေကာင္စီတပ္မွ ထိခိုက္က်ဆုံး အေျခအေန အေသးစိတ္ကို မသိရေသးေၾကာင္း KNU သတင္းရင္းျမစ္က ေျပာသည္။

“သူတို႔က စခန္းတစ္ခုက လူသိပ္မမ်ားဘူးေလ။ ၂၀၊ ၃၀ အမ်ားဆုံးပဲ။ ၾကားတာကေတာ့ ၆ေယာက္ေတာ့ အရွင္ဖမ္းမိတယ္လို႔ ေျပာတာပဲ။ ဒါေပမဲ့ မေသခ်ာေသးဘူး။” ဟု ၎က ေျပာသည္။ လက္နက္ခဲယမ္းရရွိသည္ဟု သိရေၾကာင္းလည္း ၎က ေျပာသည္။

Salween Press၏ သတင္းေဖာ္ျပခ်က္တြင္ ေက်ာက္ညႇပ္စခန္း က်ၿပီးေနာက္ သံလြင္ျမစ္ရွိ မယ္ႏုထာ့ေက်း႐ြာကို စစ္ေကာင္စီက ေလယာဥ္ျဖင့္ ဗုံးလာႀကဲ၍ ေဒသခံအမ်ားအျပားထြက္ေျပးၾကရသည္ဟု ​ေဖာ္ျပထားသည္။

KNU တပ္မဟာ(၅)အေနျဖင့္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္စခန္းမ်ားကို တိုက္ခိုက္ သိမ္းပိုက္ျခင္း၊ ၿခဳံခိုပစ္ခတ္တိုက္ခိုက္ျခင္း၊ စစ္ေကာင္စီစစ္ေၾကာင္းမ်ားကို ၾကားျဖတ္တိုက္ခိုက္ျခင္းမ်ား ဆက္တိုက္ျပဳလုပ္ခဲ့ရာ လစဥ္ တိုက္ပြဲရာခ်ီျဖစ္ပြားခဲ့သည္။ အဆိုပါ တိုက္ပြဲမ်ား၌ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈလည္းမ်ားျပားခဲ့သည္။

(KNUတပ္မဟာ ၅ ကစစ္​ေကာင္စီ၏ ျမန္မာ-ထိုင္းနယ္စပ္ရွိ ​ေသာ္လဲထာ စခန္းကိုတိုက္ခိုက္သိမ္းပိုက္ခဲ့စဥ္ ။

ဓါတ္ပုံ-KNU)

ဖာပွန်ရှိ စစ်ကောင်စီ၏ ကျောက်ညှပ်တပ်စခန်းကို KNU တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိဟုဆို

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

“ ဒီနေ့ သူတို့ တက်သိမ်းတာဟုတ်တယ်။ အတည်ပြုလို့ရပြီ။ ကျောက်ညှပ်စခန်းကတော့ ကျွန်တော်တို့ ဖာပွန်မြို့နယ်ပေါ့။ သံလွင်ကမ်းနားနဲ့တော့ သိပ်တော့မဝေးဘူး။နယ်စပ်ပေါ့” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ တပ်စခန်း တွင် အင်အား ၂၀ ပတ်ဝန်းကျင်သာရှိသည်ဟု သိရပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“သူတို့က စခန်းတစ်ခုက လူသိပ်မများဘူးလေ။ ၂၀၊ ၃၀ အများဆုံးပဲ။ ကြားတာကတော့ ၆ယောက်တော့ အရှင်ဖမ်းမိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ မသေချာသေးဘူး။” ဟု ၎င်းက ပြောသည်။ လက်နက်ခဲယမ်းရရှိသည်ဟု သိရကြောင်းလည်း ၎င်းက ပြောသည်။

Salween Press၏ သတင်းဖော်ပြချက်တွင် ကျောက်ညှပ်စခန်း ကျပြီးနောက် သံလွင်မြစ်ရှိ မယ်နုထာ့ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲ၍ ဒေသခံအများအပြားထွက်ပြေးကြရသည်ဟု ဖော်ပြထားသည်။

KNU တပ်မဟာ(၅)အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခြင်း၊ ခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ရာ လစဉ် တိုက်ပွဲရာချီဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုလည်းများပြားခဲ့သည်။

(KNUတပ်မဟာ ၅ ကစစ်ကောင်စီ၏ မြန်မာ-ထိုင်းနယ်စပ်ရှိ သော်လဲထာ စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ။

ဓါတ်ပုံ-KNU)