Local News

သ႐ုပ္ေဆာင္ဟိန္းထက္၏အဘိုးပစ္ ခံရၿပီးေနာက္ စစ္ေကာင္စီတပ္က

သ႐ုပ္ေဆာင္ဟိန္းထက္၏အဘိုးပစ္သတ္ ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ကဟန္ျပသာေရာက္လာၿပီးျပန္သြား

ရန္ကုန္၊ ဧၿပီ ၂၈

မဂ္လာဒုံၿမိဳ႕နယ္တြင္ သ႐ုပ္ေဆာင္ဟိန္းထက္၏ေနအိမ္အားေသနတ္ျဖင့္ပစ္ခတ္၍ လူေသဆုံးမူရွိခဲ့ေသာ္လည္းစစ္ေကာင္စီလက္ေအာက္ခံတပ္ႏွင့္ရဲမ်ားမွဟန္ျပမွ်သာလာေရာက္ၾကည့္ရႈသြားေၾကာင္းေဒသခံမ်ားထံမွသိရသည္။

ယေန႔ေန႔လယ္၂နာရီခန္႔တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ေ႐ႊနံ႔သာေက်း႐ြာအုပ္စု၊ ေပါင္းကူးဥာဏ ရပ္ကြက္ရွိသ႐ုပ္ေဆာင္ဟိန္းထက္၏ ေနအိမ္အားေသနတ္ျဖင့္ပစ္ခတ္ခဲ့ရာေနအိမ္ေရွ႕တြင္ ထိုင္ေနသည့္ ဟိန္းထက္၏ အဘိုးမွာက်ည္ထိမွန္ေသဆုံးခဲ့ရသည္။

ထိုသို႔ပစ္ခတ္မူျဖစ္ၿပီးတစ္နာရီခန္႔အၾကာတြင္ စစ္ေကာင္စီလက္ေအာက္ခံလက္နက္ အဖြဲ႕မ်ားေရာက္ရွိလာၿပီးမိနစ္ပိုင္းအၾကာ၌ ျပန္သြားၾကေၾကာင္းယင္းရပ္ကြက္ေနျပည္ သူတစ္ဦးကဆိုသည္။

“ဟန္ျပေလာက္ေရာက္လာတာဗ်ာ။ ဘာမွစစ္လား၊ေဆးလားလည္းမလုပ္ဘူး။အေလာင္း ေဆး႐ုံပို႔ခိုင္းၿပီးသူတို႔လည္းျပန္သြားတယ္”ဟု ၎ကေျပာသည္။အဆိုပါပစ္ခတ္မႈ အားေသြးေသာက္ဆိုသည့္အဖြဲ႕ကျပဳလုပ္ေၾကာင္းဝန္ခံထားသည္။သ႐ုပ္ေဆာင္ ဟိန္းထက္မွာ စစ္အာဏာရွင္ ဆန္႔က်င္သည့္အေနျဖင့္ လြတ္ေျမာက္
နယ္ေျမတစ္ခုတြင္ေတာ္လွန္ေရးလုပ္ေဆာင္ေနသည္။

စစ္ေကာင္စီတပ္မ်ားသည္ ယခင္က ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ဒလန္မ်ားကို ရွင္းလင္းပစ္ခတ္ပါက အင္အားအလုံးအရင္းျဖင့္ေရာက္ရွိကာ လမ္းမ်ားပိတ္ဆို႔ ၍ဆဲဆိုၿပီး ၎တို႔မသကၤာသူကိုထင္ရာဖမ္းဆီးေလ့ရွိခဲ့ေၾကာင္းမဂၤလာဒုံၿမိဳ႕နယ္ျပည္သူအခ်ိဳ႕ကဆိုသည္။

“အခုကဘာမွလည္းအေမးအျမန္းမရွိဘူး။မသိရင္သူတို႔ကမေကာင္းတတ္လို႔အခင္းျဖစ္တဲ့ဆီလာၾကည့္သလိုပဲ။ သူတို႔ကပဲဒါကိုႀကိဳသိထားသလိုပဲ”ဟု အမည္မေဖာ္လိုသူ ေ႐ႊနံသာေက်း႐ြာျပည္သူတစ္ဦးကေျပာသည္။ယခုပစ္ခတ္ သတ္ျဖတ္မူက်ဴးလြန္သည့္ေသြးေသာက္အဖြဲ႕၏လုပ္ေဆာင္ခ်က္ႏွင့္ ပတ္သက္၍ စစ္တပ္အသိုင္းအဝိုင္း၊အမ်ိဳးသားေရးအစြန္းေရာက္အဖြဲ႕မ်ား၊စစ္တပ္ေထာက္ခံသူမ်ားကဂုဏ္ျပဳေျပာဆိုမႈမ်ားရွိေနသည္။

Lungekhit

သရုပ်ဆောင်ဟိန်းထက်၏အဘိုးပစ်သတ် ခံရပြီးနောက် စစ်ကောင်စီတပ်ကဟန်ပြသာရောက်လာပြီးပြန်သွား

ရန်ကုန်၊ ဧပြီ ၂၈

မဂ်လာဒုံမြို့နယ်တွင် သရုပ်ဆောင်ဟိန်းထက်၏နေအိမ်အားသေနတ်ဖြင့်ပစ်ခတ်၍ လူသေဆုံးမူရှိခဲ့သော်လည်းစစ်ကောင်စီလက်အောက်ခံတပ်နှင့်ရဲများမှဟန်ပြမျှသာလာရောက်ကြည့်ရှုသွားကြောင်းဒေသခံများထံမှသိရသည်။

ယနေ့နေ့လယ်၂နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပေါင်းကူးဉာဏ ရပ်ကွက်ရှိသရုပ်ဆောင်ဟိန်းထက်၏ နေအိမ်အားသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာနေအိမ်ရှေ့တွင် ထိုင်နေသည့် ဟိန်းထက်၏ အဘိုးမှာကျည်ထိမှန်သေဆုံးခဲ့ရသည်။

ထိုသို့ပစ်ခတ်မူဖြစ်ပြီးတစ်နာရီခန့်အကြာတွင် စစ်ကောင်စီလက်အောက်ခံလက်နက် အဖွဲ့များရောက်ရှိလာပြီးမိနစ်ပိုင်းအကြာ၌ ပြန်သွားကြကြောင်းယင်းရပ်ကွက်နေပြည် သူတစ်ဦးကဆိုသည်။

“ဟန်ပြလောက်ရောက်လာတာဗျာ။ ဘာမှစစ်လား၊ဆေးလားလည်းမလုပ်ဘူး။အလောင်း ဆေးရုံပို့ခိုင်းပြီးသူတို့လည်းပြန်သွားတယ်”ဟု ၎င်းကပြောသည်။အဆိုပါပစ်ခတ်မှု အားသွေးသောက်ဆိုသည့်အဖွဲ့ကပြုလုပ်ကြောင်းဝန်ခံထားသည်။သရုပ်ဆောင် ဟိန်းထက်မှာ စစ်အာဏာရှင် ဆန့်ကျင်သည့်အနေဖြင့် လွတ်မြောက်
နယ်မြေတစ်ခုတွင်တော်လှန်ရေးလုပ်ဆောင်နေသည်။

စစ်ကောင်စီတပ်များသည် ယခင်က ပြည်သူ့ကာကွယ်ရေးတပ်များက ဒလန်များကို ရှင်းလင်းပစ်ခတ်ပါက အင်အားအလုံးအရင်းဖြင့်ရောက်ရှိကာ လမ်းများပိတ်ဆို့ ၍ဆဲဆိုပြီး ၎င်းတို့မသင်္ကာသူကိုထင်ရာဖမ်းဆီးလေ့ရှိခဲ့ကြောင်းမင်္ဂလာဒုံမြို့နယ်ပြည်သူအချို့ကဆိုသည်။

“အခုကဘာမှလည်းအမေးအမြန်းမရှိဘူး။မသိရင်သူတို့ကမကောင်းတတ်လို့အခင်းဖြစ်တဲ့ဆီလာကြည့်သလိုပဲ။ သူတို့ကပဲဒါကိုကြိုသိထားသလိုပဲ”ဟု အမည်မဖော်လိုသူ ရွှေနံသာကျေးရွာပြည်သူတစ်ဦးကပြောသည်။ယခုပစ်ခတ် သတ်ဖြတ်မူကျူးလွန်သည့်သွေးသောက်အဖွဲ့၏လုပ်ဆောင်ချက်နှင့် ပတ်သက်၍ စစ်တပ်အသိုင်းအဝိုင်း၊အမျိုးသားရေးအစွန်းရောက်အဖွဲ့များ၊စစ်တပ်ထောက်ခံသူများကဂုဏ်ပြုပြောဆိုမှုများရှိနေသည်။

Lungekhit