Local News

ထီးေဆာင္း-အရာေတာ္လမ္းရွိ ကန္ေတာ္႐ြာႏွင့္ ငါးကင္း႐ြာအနီးဝန္းက်င္မ်ားတြင္ရွိေသာ

ျမင္းၿခံ Zero အဖြဲ႕မွ ဒုေခါင္းေဆာင္ CDM ရဲ ကိုဟိန္းထက္ျမင္းမူနယ္ ထီးေစာင္းဘက္သို႔ စစ္ကူသြားရင္း ဂုဏ္ေရာင္ထြန္းေျပာင္စြာ က်ဆုံးသြားပါၿပီ

ကြၽန္ေတာ္တို႔တစ္သက္ ကြၽန္ေတာ္တို႔ရင္ထဲမွာ ဂုဏ္ေရာင္ထြန္းေျပာင္စြာ က်ဆုံးသြားၿပီျဖစ္တဲ့ ေႏြဦးေတာ္လွန္ေရးသူရဲေကာင္း ကိုဟိန္းထက္(ေခၚ)ရခိုင္ အား အၿမဲေလးစားဦးၫႊတ္စြာနဲ႔ေအာက္ေမ့သတိရေနပါ့မယ္ခင္ဗ်ာ

ေကာင္းေသာဘုံဘဝသို႔ေရာက္ရွိပါေစေၾကာင္းဆုေတာင္းရင္းအဆုံးထိဆက္လက္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းလည္း ကတိကဝတ္ျပဳပါတယ္ဗ်ာ RIP ပါ ကိုရခိုင္ေရ ကြၽန္ေတာ္တို႔GTR MMU အကုန္လုံးအကို႔ကိုမေမ့ပါဘူးဗ်ာ

ျမင္းမူ PDF စခန္းမ်ားကို နံနက္ ၂ နာရီအခ်ိန္ စစ္တပ္က ဝင္ေရာက္စီးနင္း၊ တိုက္ပြဲျပင္းထန္ျဖစ္ စစ္တပ္က ကန္ေတာ္႐ြာကို မီးတင္ရႈိ႕

ရန္ကုန္၊ ဧၿပီ ၂၉

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္၊ ထီးေဆာင္းေက်း႐ြာႏွင့္ အရာေတာ္ၿမိဳ႕ၾကားရွိ ေဒသကာကြယ္ေရးတပ္ဖြဲ႕ စခန္း ၂ ခုကို အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ယေန႔ ဧၿပီလ ၂၉ ရက္ နံနက္ ၂ နာရီခြဲခန႔္တြင္ ဝင္ေရာက္စီးနင္းၿပီး ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားကာ အၾကမ္းဖက္စစ္သားမ်ား ထိခိုက္ေသဆုံးမႈ ရွိေၾကာင္း သိရွိရသည္ဧၿပီလ ၂၉ ရက္ေန႔ နံနက္ ၂ နာရီခြဲမွစတင္ၿပီး

ျမင္းမူၿမိဳ႕နယ္၊ စစ္ကိုင္း-အရာ​ေတာ္ခ႐ိုင္ဆက္လမ္း ထိန္ကန္၊ ငါကင္း၊ မင္းေက်း႐ြာမ်ားသို႔ စစ္တပ္က ​နယ္​ေျမရွင္းလင္း​​ေရးဟု အမည္တပ္ကာ ထိုးစစ္ဆင္လာျခင္းျဖစ္ေၾကာင္း၊ PDF တပ္ဖြဲ႕မ်ားဘက္မွ က်ဆုံးမႈမ်ားရွိေၾကာင္း၊ အနီးဝန္းက်င္ရွိ ကန္ေတာ္ေက်း႐ြာတြင္ စစ္သားမ်ား တပ္စြဲထားၿပီး ႐ြာကို မီးတင္ရႈိ႕ေနေၾကာင္း သတင္းရရွိသည္

ထီးေဆာင္း-အရာေတာ္လမ္းရွိ ကန္ေတာ္႐ြာႏွင့္ ငါးကင္း႐ြာအနီးဝန္းက်င္မ်ားတြင္ရွိေသာ Myint Mu Defence Force ႏွင့္ GTR MMU တပ္စခန္းမ်ား စီးနင္းခံရျခင္းျဖစ္ေၾကာင္း၊ ထီးေဆာင္း-အရာေတာ္လမ္းႏွင့္ မုံ႐ြာ-မႏၲေလးကားလမ္းမ်ားကို ျပည္သူမ်ား အသုံးမျပဳၾကရန္ အဆိုပါ ၂ ဖြဲ႕က ထုတ္ျပန္ထားသည္။”အဖြဲ႕ ၁ ခုက ဒုေခါင္းေဆာင္ က်တယ္လို႔သိရတယ္၊ ေခြးေတြက ၁၂ ဘီးကားနဲ႔လာတာ မိုင္းဆြဲတယ္၊ အျပန္အလွန္ပစ္တယ္ ခုေတာ့ေနာက္ဆုတ္ထားၿပီးစခေတြက ကန္ေတာ္ စာသင္ေက်ာင္းထဲမွာ ႐ြာမီးတင္ရႈိ႕ေနတယ္” ဟု ေဒသကာကြယ္ေရးမဟာမိတ္တပ္ဖြဲ႕ ၁ ခုက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာဆိုသည္

တိုက္ပြဲမ်ားျဖစ္ပြားရာ ကန္ေတာ္႐ြာႏွင့္ ငါးကင္းေက်း႐ြာမ်ား အနီးတြင္ အၾကမ္း ဖက္စစ္ေကာင္စီ၏ ရဟတ္ယာဥ္မ်ား ဝဲပ်ံေနသည့္အသံမ်ားကို ၾကားရေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။PDF စခန္းမ်ားကို အၾကမ္းဖက္စစ္တပ္က ဝင္ေရာက္စီးနင္းစဥ္ မိုင္းဆြဲခံရျခင္းမ်ား တိုက္ခိုက္ခံရျခင္းမ်ားေၾကာင့္ စစ္သားေသဆုံးမႈမ်ားေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရၿပီး နံနက္ ၆ နာရီ ၂၀ တြင္ ေသဆုံးဒဏ္ရာရစစ္သားအေလာင္းမ်ားကို ျမင္းမူေဆး႐ုံသို႔ ေသေဆာင္လာေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ ေဒသခံမ်ားက ေျပာဆိုသည္

ဓါတ္ပုံ – အၾကမ္းဖက္စစ္သားမ်ားသည္ ထီးေဆာင္း-အရာေတာ္ကားလမ္းရွိ ကန္ေတာ္ေက်း႐ြာကို မီးတင္ရႈိ႕ေနစဥ္

မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန်းထက်မြင်းမူနယ် ထီးစောင်းဘက်သို့ စစ်ကူသွားရင်း ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပါပြီ

ကျွန်တော်တို့တစ်သက် ကျွန်တော်တို့ရင်ထဲမှာ ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်း ကိုဟိန်းထက်(ခေါ်)ရခိုင် အား အမြဲလေးစားဦးညွှတ်စွာနဲ့အောက်မေ့သတိရနေပါ့မယ်ခင်ဗျာ

ကောင်းသောဘုံဘဝသို့ရောက်ရှိပါစေကြောင်းဆုတောင်းရင်းအဆုံးထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုပါတယ်ဗျာ RIP ပါ ကိုရခိုင်ရေ ကျွန်တော်တို့GTR MMU အကုန်လုံးအကို့ကိုမမေ့ပါဘူးဗျာ

မြင်းမူ PDF စခန်းများကို နံနက် ၂ နာရီအချိန် စစ်တပ်က ဝင်ရောက်စီးနင်း၊ တိုက်ပွဲပြင်းထန်ဖြစ် စစ်တပ်က ကန်တော်ရွာကို မီးတင်ရှို့

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့် အရာတော်မြို့ကြားရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်း ၂ ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၂ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။ဧပြီလ ၂၉ ရက်နေ့ နံနက် ၂ နာရီခွဲမှစတင်ပြီး

မြင်းမူမြို့နယ်၊ စစ်ကိုင်း-အရာတော်ခရိုင်ဆက်လမ်း ထိန်ကန်၊ ငါကင်း၊ မင်းကျေးရွာများသို့ စစ်တပ်က နယ်မြေရှင်းလင်းရေးဟု အမည်တပ်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ PDF တပ်ဖွဲ့များဘက်မှ ကျဆုံးမှုများရှိကြောင်း၊ အနီးဝန်းကျင်ရှိ ကန်တော်ကျေးရွာတွင် စစ်သားများ တပ်စွဲထားပြီး ရွာကို မီးတင်ရှို့နေကြောင်း သတင်းရရှိသည်

ထီးဆောင်း-အရာတော်လမ်းရှိ ကန်တော်ရွာနှင့် ငါးကင်းရွာအနီးဝန်းကျင်များတွင်ရှိသော Myint Mu Defence Force နှင့် GTR MMU တပ်စခန်းများ စီးနင်းခံရခြင်းဖြစ်ကြောင်း၊ ထီးဆောင်း-အရာတော်လမ်းနှင့် မုံရွာ-မန္တလေးကားလမ်းများကို ပြည်သူများ အသုံးမပြုကြရန် အဆိုပါ ၂ ဖွဲ့က ထုတ်ပြန်ထားသည်။”အဖွဲ့ ၁ ခုက ဒုခေါင်းဆောင် ကျတယ်လို့သိရတယ်၊ ခွေးတွေက ၁၂ ဘီးကားနဲ့လာတာ မိုင်းဆွဲတယ်၊ အပြန်အလှန်ပစ်တယ် ခုတော့နောက်ဆုတ်ထားပြီးစခတွေက ကန်တော် စာသင်ကျောင်းထဲမှာ ရွာမီးတင်ရှို့နေတယ်” ဟု ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ၁ ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်

တိုက်ပွဲများဖြစ်ပွားရာ ကန်တော်ရွာနှင့် ငါးကင်းကျေးရွာများ အနီးတွင် အကြမ်း ဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်များ ဝဲပျံနေသည့်အသံများကို ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။PDF စခန်းများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းစဉ် မိုင်းဆွဲခံရခြင်းများ တိုက်ခိုက်ခံရခြင်းများကြောင့် စစ်သားသေဆုံးမှုများကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပြီး နံနက် ၆ နာရီ ၂၀ တွင် သေဆုံးဒဏ်ရာရစစ်သားအလောင်းများကို မြင်းမူဆေးရုံသို့ သေဆောင်လာကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောဆိုသည်

ဓါတ်ပုံ – အကြမ်းဖက်စစ်သားများသည် ထီးဆောင်း-အရာတော်ကားလမ်းရှိ ကန်တော်ကျေးရွာကို မီးတင်ရှို့နေစဉ်