Local News
ဗိုလ်တော်ဝင် (MasK.)
MDF – PDF တပ်ရင်း 1
စစ်ကိုင်းတိုင်း စစ်ရေးပြင်းထန် အခြေအနေပါ။ပွဲများစွာနဲ့ ဧပရယ် ပါဘဲ။ ချောင်းဦး – မုံရွာ ကစပြီးတန့်ဆည်၊ လမ်းဆုံ၊ ရေဦး မြန်မာပြည်အထက်ပိုင်း တောက်လျှောက် ဒီကနေ့ဘဲ ကျနော်တို့ PDF တွေလမ်းပိတ်လိုက်ပြီဖြစ်ပါတယ်။
အိမ်စီးကား၊ ကုန်တင်ကား တစ်စီးမှ ဖြတ်သန်းသွားလာဖို့ခွင့်ပြုသွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ဘေးကင်းရေးအတွက်မို့ နားလည်ပေးဖို့ မျှော်လင့်တယ်။
စခ ကားတစ်ရာနီးပါးကို လတ်တလော ဖြုတ်နေပါတယ်။
သတင်းကောင်း အကြီးကြီးတွေရှိပါတယ်။ပွဲ ခနငြိမ်မှ အပြည့်အစုံ တင်ပါမယ်။ စစ်ကိုင်းကို ကူပါ။ ထောက်ပံ့ပါ။ငါတို့အားလုံးရဲ့မနက်ဖြန်အတွက်ပါ။ကျနော်တို့ကတော့ …ဖြုတ်နေပါတယ်။ ကင်နေပါတယ်။ ခနနားတုန်းလေး လာတင်ပါတယ်။
ဗိုလ်တော်ဝင် (MasK.)
MDF – PDF တပ်ရင်း 1
မြင်းမူမြို့နယ်အတွင်း စစ်ရေးပြင်းထန်
29.4.22ရက်နေ့ နံနက် ၂နာရီခွဲဝန်းကျင်ခန့်တွင် မြင်းမူမြို့မှ အင်အားအပြည့်တင်လာသော ခွေးကားနှစ်စီး ထီးဆောင်း-အရာတော်လမ်းအတိုင်း ခွက်ခွင်းရွာနှင့် ငကင်းရွာကြားသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ကြပါသည်။
7:30Am ဝန်းကျင်ခန့်တွင် မြင်းမူဘက်မှ စစ်အင်အားဖြည့်ရန်လာသော ခွေးအင်အား ၄၀ခန့်ပါ ၁၂ ဘီးကားတစီးကို Zero PDF အဖွဲ့နှင့် GTRအဖွဲ့မှ အုန်းသီးကျွေးခဲ့ပြီး ငှက်ပြောဖူးတလုံးဖြင့် မိတ်ဆက်ပေးခဲ့ပြီးနောက် နှုတ်ခမ်းနီတောင့်များဖြင့်ပါမိတ်ဆက်ပေးခဲ့ပါသည်။ စစ်ခွေးများနှင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ Zero ပြောက်ကြားတပ်ဖွဲ့မှ ဒုခေါင်းဆောင် ကိုရခိုင်ကြီး တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားရပါသည်။
ဖြစ်စဉ်တွင် စစ်ခွေး၇ကောင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခွေး၂၆ကောင်ခန့် စာအုပ်ရောင်းလက်မှတ်ရသွားခဲ့ကြောင်း အခိုင်အမာ သတင်းရရှိခဲ့ပါသည်။10:00Am ဝန်းကျင်ခန့်တွင် အရေးပေါ်ကုသရန် မန္တလေးသို့ပို့ဆောင်သော ကျန်းမာရေားကားတစ်စီးအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါသည်။
စစ်ကောင်စီ လက်ပါးစေများသည် ကြွက်မနိုင် ကြည်မီးနှင့်ရှို့သည့် လုပ်ရက်အနေဖြင့် ကန်တော်ကျေးရွာကို အဘက်ဘက်မှ မီးပတ်ရှို့ခဲ့ကြပါသည်။ ကန်တော်ကျေးရွာ ရွာလုံးကျွတ်မီးပြာကျခဲ့ရပြီး ဘေးပတ်ဝန်းကျင်မှ ခွက်ခွင်းကျေးရွာ၊ ထိန်ကန်ကျေးရွာ၊ ဆပ္ပျာကျင်းကျေးရွာ ၊ ငကင်းတောင်ရွာ၊ငကင်းမြောက်ရွာနှင့် ငကင်းရွာမ စသည့် ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ပြည်သူတဦးမှပြောကြားခဲ့ပါသည်။
11:00Am ခွက်ခွင်းရွာဘက်မှ ကားနှစ်စီး ထီးဆောင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထီးဆောင်းကျေးရွာ မျက်စိဆေးရုံပေါက်တွင် ကားကြီးသုံးစီး အင်အား ၆၀ခန့် နေရာယူထားကြောင်း သတင်းရရှိပါသည်။ကျဆုံးရဲဘော်အား အလေးနီပြုလျက်။
မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး