Local News



ရန်ကုန်၊ ဧပြီ ၂၉





ဂန့်ဂေါ၊ ကပစ ၂၃ အနီး ကင်းစခန်းမှ စစ်သားများ ရေချိုးနေစဉ် အုံးခံရ၊ ဗိုလ်ကြီး နေဝင်းအောင် အပါအဝင် ၆ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကပစ ၂၃ အနီး အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းမှ ဗိုလ်ကြီးနေဝင်းအောင်အပါအဝင် စစ်သား ၇ ဦးသည် ဧပြီလ ၂၇ ရက်နေ့တွင် ရေချိုးနေစဉ် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း PDF Gangaw က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ကင်းစခန်းမှ ကျောမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ ရေလာချိုးစဉ် ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲခံရပြီး အချို့မှာ နေရာတွင် လဲကျသေဆုံးကြောင်း၊

ထွက်ပြေးသောစစ်သားများကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးနေဝင်းအောင်အပါအဝင် ၆ ဦးသေဆုံးကြောင်း၊ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း PDF Gangaw ထံမှ သိရှိရသည်။

ယင်းနောက် ကပစ ၂၃ မှ စစ်သားများ ရောက်ရှိလာကာ တရစပ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း PDF များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။