Local News

“ကိုယ့်စခန်းကို ဘယ်နေ့ လာတိုက်ခိုက်ခံရမလဲမသိလို့

“ရဲစခန္းမ်ားတြင္ မိသားစုဝင္မ်ား မေနထိုင္ရန္ စစ္ေကာင္စီလက္ေအာက္ခံ ရဲဌာနခ်ဳပ္ ၫႊန္ၾကား”

ႏိုင္ငံတဝန္းမွာ စစ္ေကာင္စီရဲ႕ ရဲစခန္းေတြ မၾကာခဏ တိုက္ခိုက္ခံေနရတာေၾကာင့္ ရဲစခန္း လိုင္းခန္းေတြမွာ ဇနီးနဲ႔ မိသားစုဝင္ေတြ ေနထိုင္ျခင္းမျပဳၾကဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဌာနခ်ဳပ္က ၫႊန္ၾကားထားတယ္လို႔ ရဲအရာရွိတေယာက္ကေျပာပါတယ္။

ရဲစခန္းေတြကို PDF ေတြက မၾကာခဏ စီးနင္းတိုက္ခိုက္ေနၿပီး ရဲတပ္ဖြဲ႕ဝင္ေတြ က်ဆုံးဒဏ္ရာရတာေတြ ရွိသလို လက္နက္ခဲယမ္းေတြ ဆုံးရႈံးၿပီး စခန္းစြန႔္ခြာရတာေတြ ရွိေနလို႔ ဌာနခ်ဳပ္ကေန ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ဇနီးေတြနဲ႔ မိသားစုဝင္ေတြကို ရဲစခန္းဝင္းထဲမွာ မေနထိုင္ၾကဖို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားတာလို႔ ဆိုပါတယ္။

ရဲအရာရွိက “ဘယ္ရက္က ၫႊန္ၾကားတယ္ ဆိုတာကိုေတာ့ က်ေနာ္လည္း ရက္အတိအက် မမွတ္မိေတာ့ဘူး။ လက္ရွိ နယ္ေျမရဲစခန္းေတြမွာေတာ့ ဇနီးနဲ႔ မိသားစုဝင္ေတြ တေယာက္မွ မရွိေတာ့ဘူး။ မိဘေဆြမ်ိဳးေတြရွိတဲ့ ေနရာေတြကို ျပန္သြားၾကၿပီ ” လို႔ ေျပာပါတယ္။

ဆက္လက္ၿပီး သူက “က်ေနာ္လည္း အလုပ္ထြက္ခ်င္ေပမဲ့ ေျပာျပလို႔မရႏိုင္တဲ့ အေၾကာင္းရာေတြေၾကာင့္ ဆက္လက္တာဝန္ထမ္းေဆာင္ေနရတာ။ ကိုယ့္စခန္းကို ဘယ္ေန႔ လာတိုက္ခိုက္ခံရမလဲ ဆိုတဲ့စိတ္နဲ႔ တာဝန္ထမ္းေဆာင္ေနရတာ” လို႔ ဆိုပါတယ္။

ျမန္မွာႏိုင္ငံအႏွံ႔မွာရွိတဲ့ ရဲကင္း ရဲစခန္းေတြကို PDF ေတြက မၾကာခဏ ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္လို႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိတာေတြ ရွိသလို စစ္သုံ႔ပန္းေတြ အမ်ားအျပား ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

NUG အစိုးရနဲ႔ PDF/CDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကေတာ့ စစ္ေကာင္စီ တပ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ လက္နက္ခဲယမ္း အျပည့္အစုံနဲ႔ ျပည္သူ႔ရင္ခြင္ခိုလႈံၿပီး CDM ျပဳလုပ္လာရင္ ထိုက္သင့္တဲ့ ဆုေၾကးေငြ ဂုဏ္ျပဳခ်ီးျမႇင့္ကာ လြတ္ေျမာက္နယ္ေျမနဲ႔ ျပည္ပႏိုင္ငံေတြကို ပို႔ေဆာင္ေပးမယ္လို႔ အႀကိမ္ႀကိမ္ ထုတ္ျပန္ထားပါတယ္။

Source DVB

“ရဲစခန်းများတွင် မိသားစုဝင်များ မနေထိုင်ရန် စစ်ကောင်စီလက်အောက်ခံ ရဲဌာနချုပ် ညွှန်ကြား”

နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ရဲစခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ရဲစခန်း လိုင်းခန်းတွေမှာ ဇနီးနဲ့ မိသားစုဝင်တွေ နေထိုင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားတယ်လို့ ရဲအရာရှိတယောက်ကပြောပါတယ်။

ရဲစခန်းတွေကို PDF တွေက မကြာခဏ စီးနင်းတိုက်ခိုက်နေပြီး ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရတာတွေ ရှိသလို လက်နက်ခဲယမ်းတွေ ဆုံးရှုံးပြီး စခန်းစွန့်ခွာရတာတွေ ရှိနေလို့ ဌာနချုပ်ကနေ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေနဲ့ မိသားစုဝင်တွေကို ရဲစခန်းဝင်းထဲမှာ မနေထိုင်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။

ရဲအရာရှိက “ဘယ်ရက်က ညွှန်ကြားတယ် ဆိုတာကိုတော့ ကျနော်လည်း ရက်အတိအကျ မမှတ်မိတော့ဘူး။ လက်ရှိ နယ်မြေရဲစခန်းတွေမှာတော့ ဇနီးနဲ့ မိသားစုဝင်တွေ တယောက်မှ မရှိတော့ဘူး။ မိဘဆွေမျိုးတွေရှိတဲ့ နေရာတွေကို ပြန်သွားကြပြီ ” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “ကျနော်လည်း အလုပ်ထွက်ချင်ပေမဲ့ ပြောပြလို့မရနိုင်တဲ့ အကြောင်းရာတွေကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေရတာ။ ကိုယ့်စခန်းကို ဘယ်နေ့ လာတိုက်ခိုက်ခံရမလဲ ဆိုတဲ့စိတ်နဲ့ တာဝန်ထမ်းဆောင်နေရတာ” လို့ ဆိုပါတယ်။

မြန်မှာနိုင်ငံအနှံ့မှာရှိတဲ့ ရဲကင်း ရဲစခန်းတွေကို PDF တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေ ရှိသလို စစ်သုံ့ပန်းတွေ အများအပြား ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

NUG အစိုးရနဲ့ PDF/CDF ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာရင် ထိုက်သင့်တဲ့ ဆုကြေးငွေ ဂုဏ်ပြုချီးမြှင့်ကာ လွတ်မြောက်နယ်မြေနဲ့ ပြည်ပနိုင်ငံတွေကို ပို့ဆောင်ပေးမယ်လို့ အကြိမ်ကြိမ် ထုတ်ပြန်ထားပါတယ်။

Source DVB