Local News

CDM ျပဳလုပ္ျခင္းသည္

CDM ျပဳလုပ္ျခင္းသည္ ေခြးဘဝမွ လူစင္စစ္ ျပန္ျဖစ္လာျခင္းဟု တပ္သားေအာင္ေက်ာ္မင္းေျပာဆို၊ ျပည္သူကို ျပန္ကာကြယ္ဖို႔ လက္နက္ကိုင္ၿပီး စစ္တပ္ကို ျပန္တိုက္ခိုက္ေနဟု ေျပာ (႐ုပ္/သံ)

ရန္ကုန္၊ ဧၿပီ ၂၉

ကရင္နီျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေလာပိတအေျခစိုက္ အၾကမ္းဖက္စစ္ေကာင္စီ၏ အမွတ္ ၃၆၂ အေျမႇာက္တပ္မွ CDM တပ္သား ေအာင္ေက်ာ္မင္းက CDM ျပဳလုပ္ျခင္းသည္ ေခြးဘဝမွ လူစင္စစ္ဘဝ ျပန္ေရာက္လာျခင္းျဖစ္သည္ဟု ေျပာဆိုၿပီး CDM ျပဳလုပ္သည့္အေပၚ ႀကိဳဆိုခဲ့သည့္ ျပည္သူမ်ားကို ကာကြယ္သည့္အေနျဖင့္ လက္နက္ကိုင္ကာ အၾကမ္းဖက္စစ္တပ္ကို ျပန္လည္တိုက္ခိုက္မည္ဟု ေျပာဆိုသည္။

ကရင္နီျပည္နယ္အတြင္းရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မွ CDM ျပဳလုပ္ကာ လာေရာက္ပူးေပါင္းေသာ စစ္သားမ်ား ရဲမ်ားကို ကရင္နီျပည္သူ႔ရင္ခြင္အဖြဲ႕က ႀကိဳဆိုလက္ခံထားၿပီး ယေန႔တြင္ CDM တပ္သား ေအာင္ေက်ာ္မင္းက CDM ျပဳလုပ္သည့္အေၾကာင္းအရင္းမ်ား၊ ခံစားခ်က္မ်ား၊ ဆုံးျဖတ္ခ်က္မ်ားကို ေျပာၾကားထားသည္ ႐ုပ္သံကို ယေန႔ ထုတ္ျပန္ထားသည္။

“CDM လုပ္ၿပီး ျပည္သူနဲ႔ေတြ႕တဲ့အခ်ိန္မွာ ဘယ္လိုေျပာရမလဲဆိုေတာ့ အမ်ားႀကီး ကြာတာေပါ့၊ ျပည္သူေတြရဲ႕ ဆီးႀကိဳမႈ၊ ေကြၽးမႈ၊ ေမြးမႈေတြက ဆီနဲ႔ ေရလိုကို ကြာတယ္။

အရမ္းဝမ္းသာ ပီတိျဖစ္တယ္၊ ဆုံးျဖတ္ခ်က္မွန္သြားၿပီလို႔ ေတြးမိတယ္” ဟု တပ္သား ေအာင္ေက်ာ္မင္းက ေျပာဆိုသည္။အၾကမ္းဖက္စစ္ေကာင္စီတပ္က တိုင္းျပည္အာဏာကို သိမ္းပိုက္ၿပီးေနာက္ ျပည္သူမ်ားကို အေၾကာင္းမဲ့ ပစ္ခတ္သတ္ျဖတ္ေနသည္ကို ေတြ႕ျမင္ရၿပီးေနာက္ ျပည္သူကို ျပန္ကာကြယ္မည္ဟု ဆုံးျဖတ္ၿပီး စစ္တပ္ကို လက္နက္ကိုင္ ျပန္လည္တိုက္ခိုက္ေနသည္ဟု ၎က ဆက္ေျပာသည္။

ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္တုန္းက စဥ္းစားတာက CDM လုပ္ၿပီးရင္ လက္နက္မကိုင္ေတာ့ဘူးလို႔ စဥ္းစားတယ္။ ဒါေပမယ့္ စစ္တပ္က ျပည္သူေတြကို ပစ္ေနတယ္၊ သတ္ေနတယ္ဆိုေတာ့ ငါလည္း လက္နက္ကိုင္တတ္တဲ့ လူတေယာက္ပဲ၊ အဲေလာက္ထိေတာင္ ျဖစ္ေနတာကို မလုပ္ေပးႏိုင္ဘူးလားဆိုၿပီး သိမ္ငယ္တယ္ေလ။

ဒါေပမယ့္ ျပည္သူေတြကေတာ့ CDM လုပ္လာတဲ့သူေတြကို ျပန္မတိုက္ခိုက္ဘူး၊ ကိုယ့္ဘာသာကိုယ္ ေအးေဆးပဲေန၊ လုံၿခဳံမႈအျပည့္နဲ႔ သူတို႔ ထားထားေပးတယ္။ ျပည္သူေတြ ေကြၽးတဲ့ထမင္းကိုစားၿပီးေတာ့ သူတို႔ကို မကာကြယ္ဘူးဆိုရင္ ကိုယ့္စိတ္ကိုယ္ မသန႔္ဘူး။ အဲဒါေၾကာင့္ ျပန္တိုက္တယ္၊ ဒီလထဲမွာဆို ေခြးေတြနဲ႔ တိုက္တာ ၂ ပြဲ၊ ၃ ပြဲရွိၿပီ၊ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေခြးေတြေပါ့ဗ်ာ” ဟု တပ္သား ေအာင္ေက်ာ္မင္းက ႐ုပ္သံတြင္ ေျပာဆိုထားသည္။

တပ္သားေအာင္ေက်ာ္မင္း ကရင္နီျပည္သူ႔ရင္ခြင္မွ ထုတ္ျပန္ေသာ တပ္သားေအာင္ေက်ာ္မင္း ေျပာဆိုထားသည္ ႐ုပ္/သံ အျပည့္အစုံကို တင္ဆက္ေပးလိုက္သည္။

CDM ပြုလုပ်ခြင်းသည် ခွေးဘဝမှ လူစင်စစ် ပြန်ဖြစ်လာခြင်းဟု တပ်သားအောင်ကျော်မင်းပြောဆို၊ ပြည်သူကို ပြန်ကာကွယ်ဖို့ လက်နက်ကိုင်ပြီး စစ်တပ်ကို ပြန်တိုက်ခိုက်နေဟု ပြော (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၂၉

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၆၂ အမြှောက်တပ်မှ CDM တပ်သား အောင်ကျော်မင်းက CDM ပြုလုပ်ခြင်းသည် ခွေးဘဝမှ လူစင်စစ်ဘဝ ပြန်ရောက်လာခြင်းဖြစ်သည်ဟု ပြောဆိုပြီး CDM ပြုလုပ်သည့်အပေါ် ကြိုဆိုခဲ့သည့် ပြည်သူများကို ကာကွယ်သည့်အနေဖြင့် လက်နက်ကိုင်ကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်ဟု ပြောဆိုသည်။

ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းသော စစ်သားများ ရဲများကို ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့က ကြိုဆိုလက်ခံထားပြီး ယနေ့တွင် CDM တပ်သား အောင်ကျော်မင်းက CDM ပြုလုပ်သည့်အကြောင်းအရင်းများ၊ ခံစားချက်များ၊ ဆုံးဖြတ်ချက်များကို ပြောကြားထားသည် ရုပ်သံကို ယနေ့ ထုတ်ပြန်ထားသည်။

“CDM လုပ်ပြီး ပြည်သူနဲ့တွေ့တဲ့အချိန်မှာ ဘယ်လိုပြောရမလဲဆိုတော့ အများကြီး ကွာတာပေါ့၊ ပြည်သူတွေရဲ့ ဆီးကြိုမှု၊ ကျွေးမှု၊ မွေးမှုတွေက ဆီနဲ့ ရေလိုကို ကွာတယ်။

အရမ်းဝမ်းသာ ပီတိဖြစ်တယ်၊ ဆုံးဖြတ်ချက်မှန်သွားပြီလို့ တွေးမိတယ်” ဟု တပ်သား အောင်ကျော်မင်းက ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီးနောက် ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေသည်ကို တွေ့မြင်ရပြီးနောက် ပြည်သူကို ပြန်ကာကွယ်မည်ဟု ဆုံးဖြတ်ပြီး စစ်တပ်ကို လက်နက်ကိုင် ပြန်လည်တိုက်ခိုက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက စဉ်းစားတာက CDM လုပ်ပြီးရင် လက်နက်မကိုင်တော့ဘူးလို့ စဉ်းစားတယ်။ ဒါပေမယ့် စစ်တပ်က ပြည်သူတွေကို ပစ်နေတယ်၊ သတ်နေတယ်ဆိုတော့ ငါလည်း လက်နက်ကိုင်တတ်တဲ့ လူတယောက်ပဲ၊ အဲလောက်ထိတောင် ဖြစ်နေတာကို မလုပ်ပေးနိုင်ဘူးလားဆိုပြီး သိမ်ငယ်တယ်လေ။

ဒါပေမယ့် ပြည်သူတွေကတော့ CDM လုပ်လာတဲ့သူတွေကို ပြန်မတိုက်ခိုက်ဘူး၊ ကိုယ့်ဘာသာကိုယ် အေးဆေးပဲနေ၊ လုံခြုံမှုအပြည့်နဲ့ သူတို့ ထားထားပေးတယ်။ ပြည်သူတွေ ကျွေးတဲ့ထမင်းကိုစားပြီးတော့ သူတို့ကို မကာကွယ်ဘူးဆိုရင် ကိုယ့်စိတ်ကိုယ် မသန့်ဘူး။ အဲဒါကြောင့် ပြန်တိုက်တယ်၊ ဒီလထဲမှာဆို ခွေးတွေနဲ့ တိုက်တာ ၂ ပွဲ၊ ၃ ပွဲရှိပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ခွေးတွေပေါ့ဗျာ” ဟု တပ်သား အောင်ကျော်မင်းက ရုပ်သံတွင် ပြောဆိုထားသည်။

တပ်သားအောင်ကျော်မင်း ကရင်နီပြည်သူ့ရင်ခွင်မှ ထုတ်ပြန်သော တပ်သားအောင်ကျော်မင်း ပြောဆိုထားသည် ရုပ်/သံ အပြည့်အစုံကို တင်ဆက်ပေးလိုက်သည်။