Local News

ထိုင္းေရနံကုပၼဏီလည္း ထြက္ပီ

PTTEP နဲ႔ Petronas ကုမၸဏီေတြ ရဲတံခြန္ သဘာဝဓာတ္ေငြ႕စီမံကိန္းကေန ထြက္ၿပီ

DeltaNewsAgency

ထိုင္းႏိုင္ငံပိုင္ PTTEP ေရနံ ၊ သဘာဝဓာတ္ေငြ႕ကုမၸဏီနဲ႔ မေလးရွားအစိုးရပိုင္ Petronas စြမ္းအင္ကုမၸဏီတို႔ဟာ ျမန္မာႏိုင္ငံတြင္း ရဲတံခြန္ သဘာဝ ဓာတ္ေငြ႕စီမံကိန္းမွာ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္ေနတာေတြကေန ႏႈတ္ထြက္လိုက္ၿပီလို႔ ဧၿပီလ ၂၉ရက္ေန႔က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

မႏွစ္က စစ္တပ္က အာဏာသိမ္းၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရဲ႕ ေနာက္ဆက္တြဲ စြပ္စြဲခ်က္ေတြေၾကာင့္ Chevron နဲ႔ Total Energies အပါအဝင္ ျမန္မာႏိုင္ငံက ကမာၻလုံးဆိုင္ရာ စြမ္းအင္ကုမၸဏီေတြ အစုအၿပဳံလိုက္ ထြက္ခြေနၾကတာပါ။

ဂ်ပန္က Eneos ကုမၸဏီဟာ ရဲတံခြန္စီမံကိန္းမွာ အစုရွယ္ယာ ၁၉ ဒႆမ ၃ရာခိုင္ႏႈန္း ထည့္ဝင္ထားတာျဖစ္ၿပီး Petronas ကုမၸဏီလက္ခြဲ ေဟာင္ေကာင္အေျခစိုက္ PC Myanmar ကုမၸဏီက ၄၀ ဒႆမ ၉ရာခိုင္ႏႈန္း ၊ ျမန္မာ့ ေရနံနဲ႔ ဘဘာဝဓာတ္ေငြ႕လုပ္ငန္းက ၂၀ ဒႆမ ၅ ရာခိုင္ႏႈန္း နဲ႔ က်န္တဲ့ အစုရွယ္ယာေတြကိုေတာ့ ထိုင္း PTTEP စြမ္းအင္ကုမၸဏီက ပိုင္ဆိုင္တာ ျဖစ္ပါတယ္။

Petronas အေနနဲ႔ ေဖေဖာ္ဝါရီလကတည္းက ျမန္မာႏိုင္ငံတြင္းက လုပ္ငန္းေတြ ျပန္႐ုပ္ဖို႔ စဥ္းစားေနတဲ့အေၾကာင္း ေျပာခဲ့တာျဖစ္ၿပီး အခုေတာ့ ႐ုပ္သိမ္းေၾကာင္း ေၾကညာခဲ့တာပါ။ ဂ်ပန္ စြမ္းအင္ကုမၸဏီ Eneos ကလည္း ျမန္မာႏိုင္ငံကေန လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္ အေၾကာင္း ေျပာထားတယ္လို႔လည္း သိရပါတယ္။

မႏွစ္က ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာနဲ႔ ေနာက္ဆက္တြဲ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈေတြ ရွိေနတယ္ဆိုတဲ့ စြပ္စြဲမႈေတြ ေပၚထြက္လာတဲ့ေနာက္မွာ အေမရိကန္ စြမ္းအင္ ကုမၸဏီ Chevron နဲ႔ ျပင္သစ္ Total ကုမၸဏီေတြကေတာ့ အာဏာသိမ္းမႈ ေနာက္ပိုင္း ျမန္မာႏိုင္ငံထဲကေန အေစာဆုံး ျပန္႐ုပ္သိမ္းသြားၾကတာပါ။

ျမန္မာ့အာဏာသိမ္းစစ္တပ္ဟာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ အပါအဝင္ ႏိုင္ငံ့စီးပြားေရး အမ်ားအျပားမွာ အက်ိဳးအျမတ္ေတြ ရရွိေနတာပါ။ ဒါ့ေၾကာင့္ ျပည္သူေတြအေပၚ စစ္ရာဇဝတ္မႈက်ဴးလြန္ေနတဲ့ အၾကမ္းဖက္စစ္အုပ္စုရဲ႕ ဘ႑ာေငြစီးဝင္မႈလမ္းေၾကာင္းေတြကို ျဖတ္ေတာက္ပစ္ဖို႔ လူ႔အခြင့္အေရးဆိုင္ရာအဖြဲ႕ေတြက ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

PTTEP နဲ့ Petronas ကုမ္ပဏီတွေ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်ပြီ

DeltaNewsAgency

ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ၊ သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့ မလေးရှားအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကနေ နှုတ်ထွက်လိုက်ပြီလို့ ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မနှစ်က စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ နောက်ဆက်တွဲ စွပ်စွဲချက်တွေကြောင့် Chevron နဲ့ Total Energies အပါအဝင် မြန်မာနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုမ္ပဏီတွေ အစုအပြုံလိုက် ထွက်ခွနေကြတာပါ။

ဂျပန်က Eneos ကုမ္ပဏီဟာ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၁၉ ဒဿမ ၃ရာခိုင်နှုန်း ထည့်ဝင်ထားတာဖြစ်ပြီး Petronas ကုမ္ပဏီလက်ခွဲ ဟောင်ကောင်အခြေစိုက် PC Myanmar ကုမ္ပဏီက ၄၀ ဒဿမ ၉ရာခိုင်နှုန်း ၊ မြန်မာ့ ရေနံနဲ့ ဘဘာဝဓာတ်ငွေ့လုပ်ငန်းက ၂၀ ဒဿမ ၅ ရာခိုင်နှုန်း နဲ့ ကျန်တဲ့ အစုရှယ်ယာတွေကိုတော့ ထိုင်း PTTEP စွမ်းအင်ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

Petronas အနေနဲ့ ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ပြန်ရုပ်ဖို့ စဉ်းစားနေတဲ့အကြောင်း ပြောခဲ့တာဖြစ်ပြီး အခုတော့ ရုပ်သိမ်းကြောင်း ကြေညာခဲ့တာပါ။ ဂျပန် စွမ်းအင်ကုမ္ပဏီ Eneos ကလည်း မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့် အကြောင်း ပြောထားတယ်လို့လည်း သိရပါတယ်။

မနှစ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ နောက်ဆက်တွဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာတဲ့နောက်မှာ အမေရိကန် စွမ်းအင် ကုမ္ပဏီ Chevron နဲ့ ပြင်သစ် Total ကုမ္ပဏီတွေကတော့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံထဲကနေ အစောဆုံး ပြန်ရုပ်သိမ်းသွားကြတာပါ။

မြန်မာ့အာဏာသိမ်းစစ်တပ်ဟာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် နိုင်ငံ့စီးပွားရေး အများအပြားမှာ အကျိုးအမြတ်တွေ ရရှိနေတာပါ။ ဒါ့ကြောင့် ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဘဏ္ဍာငွေစီးဝင်မှုလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ဖို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။