Local News

ဒါ အစ ရှိ​သေး တာပါ ငါတို့ပြည်သူ​တွေ အတိဒုက္ခ​တွေ ​သောကမိုး​တွေ အိုးမဲ့အိမ်မဲ့ဘဝ​တွေနဲ့ ယှဥ် လိုက်ရင် ဒါက မ​ပြောပ​လောက်​သေးပါဘူး






အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခလရ ၈၇ ရဲ့ ရှေ့တန်းပြန် မြင်ကွင်း ဓါတ်ပုံတစ်ခုဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့လာပါတယ်

အဲဒီဓါတ်ပုံ မြင်ကွင်းမှာတော့ ရှေ့တန်းကပြန်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဝမ်းသာ အားရကြိုဆို နေတဲ့ပုံ မတွေ့ရဘဲ ဝမ်းနည်းစွာ ငိုကြွေးနေကြတာကိုပဲ မြင်တွေ့ရပါတယ်

ခလရ ၈၇ ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရေရှင်တိုက်ပွဲကို ဆင်နွဲခဲ့သည့် တပ်ဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ လောက်အထိကျပြီး ဒီဘီ တောင် မကောက်နိုင်ဘဲ ထွက်ပြေးခဲ့ရတဲ့တပ်လည်း ဖြစ်ပါတယ်

ဒဏ်ရာရသူလည်း ၁၁ ဦး ရှိခဲ့ပြီး လက်ရှိအချိန်အထိ တေဆုံးသူ စစ်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်‌ တွေရဲ့ ဒီဘီတွေမကောက်သေးဘူးလို့ PDF Kalay က ထုတ်ပြန်ခဲ့ပါတယ်

ဒါကြောင့်လည်း နောက်တန်းပြန်ဝင်ချိန်မှာ အဲဒီလို ဝမ်းနည်းနေကြတာ ဖြစ်ပုံရတယ်လို့ လူမှုကွန်ယက်သုံးစွဲနေသူတွေက မှတ်ချက်ပြုကြပါတယ် Crd-The Nation Voice Myanmar