Local News

ရဲမိသားစုဝင္မ်ား တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးသို႔ေျပာင္းေ႐ႊ႕ေနထိုင္ရန္ႏွင့္မေျပာင္းေ႐ႊ႕ ပါက ေနရပ္သို႔ျပန္ၾကရန္စစ္ေကာင္စီၫြန္ၾကား

ကလိန္ေအာင္နယ္ေျမရဲစခန္းမွ ရဲမိသားစုဝင္မ်ား တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးသို႔ေျပာင္းေ႐ႊ႕ေနထိုင္ရန္ႏွင့္မေျပာင္းေ႐ႊ႕ ပါက ေနရပ္သို႔ျပန္ၾကရန္စစ္ေကာင္စီၫြန္ၾကား

ကိုကိုေလး/ဧရာဝတီတိုင္းမ္….ဧၿပီလ ၃၀ ရက္

တနသၤာရီတိုင္း၊ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္ ကလိန္ေအာင္ၿမိဳ႕နယ္ေျမရဲစခန္းမ်ားတြင္ေနထိုင္သည့္ ရဲမိ သားစုဝင္မ်ားကို ထားဝယ္ၿမိဳ႕ရွိ တနသၤာရီတိုင္းရဲတပ္ဖြဲ႕မႉး႐ုံးသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ၾကရန္စစ္ေကာင္စီလက္ေအာက္ခံရဲတပ္ဖြဲ႕က ယမန္ေန႔တြင္ ၫႊန္ၾကားလိုက္ေၾကာင္း ကလိန္ေအာင္ၿမိဳ႕ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းထံက သိရသည္။

ကလိန္ေအာင္ၿမိဳ႕နယ္အတြင္းက နယ္ေျမရဲစခန္းမ်ား အ တြင္းေနထိုင္ၾကသည့္ ရဲဝန္ထမ္းမိသားစုဝင္မ်ားအေနျဖင့္လက္ရွိေနထိုင္ေနသည္ ရဲစခန္းဝန္းအတြင္းရွိလိုင္း ခန္းမ်ားတြင္ မေနထိုင္ၾကရန္ ႏွင့္ တိုင္း႐ုံးသို႔အကုန္ေျပာင္း ေ႐ႊ႕ေနထိုင္ရမည္ဟု စစ္ေကာင္စီကၫြန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၄င္းတို႔ၫႊန္ၾကားသည့္ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးသို႔ မေျပာင္းေ႐ႊ႕လိုပါက မိမိတို႔၏ေနရပ္ေဒသမ်ားသို႔ ျပန္၍ ေနထိုင္ရမည္ျဖစ္ၿပီး နယ္ေျမရဲစခန္းမ်ားတြင္ ရဲမိသားစုဝင္မ်ားကို ေနထိုင္ခြင့္မျပဳေတာ့ေၾကာင္း သိရသည္။

“ၫြန္ၾကားစာေရာက္ေရာက္ခ်င္းပဲ ဒီေန႔ကစၿပီးေျပာင္းတဲ့ရဲမိသားစုေတြလဲ​ေျပာင္းေနၾကတယ္။တိုင္း႐ုံးက ထား ဝယ္မွာရွိတာေပါ့။ ေျပာင္းတဲ့ရဲမိ သားစုဝင္ေတြရွ္ိသလို တိုင္း႐ုံးမေျပာင္းခ်င္လို႔ ေန ရပ္ျပန္ေနၾကမယ့္ ရဲမိသားစုေတြလဲရွိပါတယ္။တစ္ခ်ိဳ႕ကေတာ့မေျပာင္းခ်င္ၾကဘူး။ ေနာက္ဆုံးေတာ့ ရဲေတြထိုးအေႂကြးခံရတာပါပဲ ကလိန္ေအာင္ၿမိဳ႕ ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူတဦးက ဧရာဝတီတ္ိုင္းမ္ကိုေျပာသည္။

ကလိန္ေအာင္ၿမိဳ႕ နယ္ေျမရဲစခန္းမွ စခန္းမႉးႏွင့္ ဂတ္ စာ ေရး၊ နယ္ထိန္းတို႔က ၄င္းတို႔၏ မိသားစုဝင္မ်ားကိုေျပာင္း ေ႐ႊ႕ျခင္းမရွိဘဲ တိုင္း႐ုံးထံ ေနရပ္ျပန္သြားၿပီဟုလိမ္လည္ ၍ စာတင္ထားေၾကာင္း အဆိုပါရဲစခန္းႏွင့္နီးစပ္သူၿမိဳ႕ခံမ်ားကဆိုသည္။

အဆိုပါစစ္ေကာင္စီ၏ၫြန္ၾကားခ်က္ထြက္လာၿပီးေနာက္ နယ္ေျမရဲစခန္းမ်ား၏ အေျခအေနမ်ား အေႏွးႏွင့္အျမန္ေျပာင္းလဲလာႏိုင္သည္ဟု ကလိန္ေအာင္ၿမိဳ႕ ရဲဝန္ထမ္းမိသားစုဝင္တဦးက ဧရာဝတီတိုင္းမ္ကိုသုံးသပ္ေျပာဆိုထားသည္။

အနက္ေရာင္ေသမင္းအဖြဲ႕ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၊ ၄င္းတို႔လက္ေအာက္ခံရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုဝင္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္မည့္ ေဇယ်စစ္ဆင္ ေရးကိုစတင္ၿပီျဖစ္ေၾကာင္း ဧၿပီလ တတိယပတ္အတြင္း ထုတ္ျပန္ထားသည္။

AyeyarwaddyTimes

ကလိန်အောင်နယ်မြေရဲစခန်းမှ ရဲမိသားစုဝင်များ တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ပြောင်းရွှေ့နေထိုင်ရန်နှင့်မပြောင်းရွှေ့ ပါက နေရပ်သို့ပြန်ကြရန်စစ်ကောင်စီညွန်ကြား

ကိုကိုလေး/ဧရာဝတီတိုင်းမ်….ဧပြီလ ၃၀ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်မြေရဲစခန်းများတွင်နေထိုင်သည့် ရဲမိ သားစုဝင်များကို ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့နေထိုင်ကြရန်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ယမန်နေ့တွင် ညွှန်ကြားလိုက်ကြောင်း ကလိန်အောင်မြို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။

ကလိန်အောင်မြို့နယ်အတွင်းက နယ်မြေရဲစခန်းများ အ တွင်းနေထိုင်ကြသည့် ရဲဝန်ထမ်းမိသားစုဝင်များအနေဖြင့်လက်ရှိနေထိုင်နေသည် ရဲစခန်းဝန်းအတွင်းရှိလိုင်း ခန်းများတွင် မနေထိုင်ကြရန် နှင့် တိုင်းရုံးသို့အကုန်ပြောင်း ရွှေ့နေထိုင်ရမည်ဟု စစ်ကောင်စီကညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ညွှန်ကြားသည့် တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ မပြောင်းရွှေ့လိုပါက မိမိတို့၏နေရပ်ဒေသများသို့ ပြန်၍ နေထိုင်ရမည်ဖြစ်ပြီး နယ်မြေရဲစခန်းများတွင် ရဲမိသားစုဝင်များကို နေထိုင်ခွင့်မပြုတော့ကြောင်း သိရသည်။

“ညွန်ကြားစာရောက်ရောက်ချင်းပဲ ဒီနေ့ကစပြီးပြောင်းတဲ့ရဲမိသားစုတွေလဲပြောင်းနေကြတယ်။တိုင်းရုံးက ထား ဝယ်မှာရှိတာပေါ့။ ပြောင်းတဲ့ရဲမိ သားစုဝင်တွေရှိသလို တိုင်းရုံးမပြောင်းချင်လို့ နေ ရပ်ပြန်နေကြမယ့် ရဲမိသားစုတွေလဲရှိပါတယ်။တစ်ချို့ကတော့မပြောင်းချင်ကြဘူး။ နောက်ဆုံးတော့ ရဲတွေထိုးအကြွေးခံရတာပါပဲ ကလိန်အောင်မြို့ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် ဂတ် စာ ရေး၊ နယ်ထိန်းတို့က ၎င်းတို့၏ မိသားစုဝင်များကိုပြောင်း ရွှေ့ခြင်းမရှိဘဲ တိုင်းရုံးထံ နေရပ်ပြန်သွားပြီဟုလိမ်လည် ၍ စာတင်ထားကြောင်း အဆိုပါရဲစခန်းနှင့်နီးစပ်သူမြို့ခံများကဆိုသည်။

အဆိုပါစစ်ကောင်စီ၏ညွန်ကြားချက်ထွက်လာပြီးနောက် နယ်မြေရဲစခန်းများ၏ အခြေအနေများ အနှေးနှင့်အမြန်ပြောင်းလဲလာနိုင်သည်ဟု ကလိန်အောင်မြို့ ရဲဝန်ထမ်းမိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုသုံးသပ်ပြောဆိုထားသည်။

အနက်ရောင်သေမင်းအဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့လက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မည့် ဇေယျစစ်ဆင် ရေးကိုစတင်ပြီဖြစ်ကြောင်း ဧပြီလ တတိယပတ်အတွင်း ထုတ်ပြန်ထားသည်။

AyeyarwaddyTimes