Local News

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ နယ္ေျမစိုးမိုးေရး လုပ္ေဆာင္ (႐ုပ္သံ)

ကေလး-တမူးလမ္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ နယ္ေျမစိုးမိုးေရး လုပ္ေဆာင္ (႐ုပ္သံ)

လူငယ့္ေခတ္…..ေမ ၁

နယ္ေျမစိုးမိုးေရး နဲ႔ အၾကမ္းဖက္စစ္ေကာင္စီေထာက္တိုင္ စီးပြားေရးထုတ္ကုန္ေတြကို တားဆီးဖို႔ အတြက္ စစ္ကိုင္းတိုင္း၊

တမူးခ႐ိုင္ ကေလး-တမူး အာရွလမ္းမႀကီးတစ္ေလွ်ာက္ အိမ္စီးကားေတြ၊ကုန္တင္ကား၊ခရီးသည္တင္ကားေတြ နဲ႔ သုံးဘီးယာဥ္ငယ္ ေတြကို

တမူး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း(၃)က စစ္ေဆးမႈေတြ လုပ္ခဲ့တယ္လို႔ ဒီကေန႔ ေမလ ၁ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တမူး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း(၃) အေနနဲ႔ ေၾကညာခ်က္ႏွစ္ခု ထုတ္ျပန္ထားၿပီး စစ္ေကာင္စီရဲ႕ ေက်ာေထာက္ေနာက္ခံ ထုတ္ကုန္ေတြနဲ႔ တရားမဝင္ မူးယစ္ေဆးဝါးေတြကို တင္ပို႔ေရာင္းခ် ကူးသန္းေရာင္းဝယ္မႈမ်ား မျပဳလုပ္ဖို႔

၊ေမာ္ေတာ္ယာဥ္ေတြကို မွန္ခ်ေမာင္းႏွင္တာ၊မိုးကာဖြင့္လွစ္ေမာင္းႏွင္ဖို႔ေတြ စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

စစ္ေဆးမႈေတြကို ထပ္လုပ္သြားမွာ ျဖစ္ၿပီး ျပည္သူေတြ အေနနဲ႔ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ ကို လိုက္နာေဆာင္႐ြက္ေပးၾကဖို႔ တမူး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း(၃)က ေမတၱာရပ္ခံထားပါတယ္။

Lungekhit

ကလေး-တမူးလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးရေး လုပ်ဆောင် (ရုပ်သံ)

လူငယ့်ခေတ်…..မေ ၁

နယ်မြေစိုးမိုးရေး နဲ့ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် စီးပွားရေးထုတ်ကုန်တွေကို တားဆီးဖို့ အတွက် စစ်ကိုင်းတိုင်း၊

တမူးခရိုင် ကလေး-တမူး အာရှလမ်းမကြီးတစ်လျှောက် အိမ်စီးကားတွေ၊ကုန်တင်ကား၊ခရီးသည်တင်ကားတွေ နဲ့ သုံးဘီးယာဉ်ငယ် တွေကို

တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)က စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒီကနေ့ မေလ ၁ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) အနေနဲ့ ကြေညာချက်နှစ်ခု ထုတ်ပြန်ထားပြီး စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ ထုတ်ကုန်တွေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေကို တင်ပို့ရောင်းချ ကူးသန်းရောင်းဝယ်မှုများ မပြုလုပ်ဖို့

၊မော်တော်ယာဉ်တွေကို မှန်ချမောင်းနှင်တာ၊မိုးကာဖွင့်လှစ်မောင်းနှင်ဖို့တွေ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမှုတွေကို ထပ်လုပ်သွားမှာ ဖြစ်ပြီး ပြည်သူတွေ အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ ကို လိုက်နာဆောင်ရွက်ပေးကြဖို့ တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)က မေတ္တာရပ်ခံထားပါတယ်။

Lungekhit