Local News

စစ္ေကာင္စီရဲ႕ တပ္စခန္းေတြမွာ ခုခံစစ္အတြက္ ႀကိဳတင္ျပင္ဆင္ၾကဖို႔ ၫႊန္ၾကားခ်က္ ၈၁ ခ်က္ ထုတ္ျပန္

မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္ေကာင္စီရဲ႕ တပ္စခန္းေတြမွာ ခုခံစစ္အတြက္ ႀကိဳတင္ျပင္ဆင္ၾကဖို႔ ၫႊန္ၾကားခ်က္ ၈၁ ခ်က္ ထုတ္ျပန္၊ က်ည္တစ္ေတာင့္ ၊ လူတစ္ဦးက်န္သည္အထိ စခန္းမက်ေအာင္ ခုခံရန္ အမိန႔္ေပး၊ ထိုင္းစစ္စခန္းႏွင့္ UWSA “၀” တပ္ဖြဲ႕ စခန္းေတြကို ေျမပုံထုတ္ျပင္ထားဖို႔ ၫႊန္ၾကား

ရန္ကုန္၊ ေမ ၁

မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္ေကာင္စီရဲ႕ တပ္စခန္းေတြမွာ ခုခံစစ္အတြက္ ႀကိဳ တင္ျပင္ဆင္ၾကဖို႔ ၫႊန္ၾကားခ်က္ ၈၁ ခ်က္ ထုတ္ျပန္ထားတယ္လို႔ စစ္ဘက္သတင္းအခ်က္အလက္ေတြကို ကိုးကားၿပီး Fortify Rights အဖြဲ႕ရဲ႕ ဘုတ္အဖြဲ႕ဝင္ ကိုနစ္ကီဒိုင္းမြန္းက လူမႈကြန္ရက္တစ္ဆင့္ သတင္းထုတ္ျပန္ပါတယ္။

ရန္ကုန္ေခတ္သစ္က ကိုနစ္ကီဒိုင္းမြန္းကို ဆက္သြယ္ေမးျမန္းတဲ့အခါ ဒီအခ်က္အလက္ေတြဟာေသခ်ာ စိစစ္ၿပီးမွ ထုတ္ျပန္တာေတြျဖစ္ၿပီး စစ္တပ္နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ဆက္လက္ စိစစ္ ထုတ္ျပန္သြားမယ္လို႔ ဆိုပါတယ္။

ရန္ကုန္ေခတ္သစ္သတင္းဌာနရဲ႕ စစ္တပ္သတင္းရင္းျမစ္တစ္ခုကလည္း ခုခံစစ္နဲ႔ပတ္သက္ၿပီး စစ္ေကာင္စီက အမိန႔္ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ေနတာ မွန္ကန္တယ္လို႔ အတည္ျပဳပါတယ္။

ခုခံစစ္နဲ႔ပတ္သက္လို႔ စစ္တပ္ရဲ႕ ထုတ္ျပန္တဲ့ အမိန႔္ၫႊန္ၾကားခ်က္ ၈၁ ခ်က္မွာ စိတ္ဝင္စားစရာ အခ်က္အလက္ေတြ ပါဝင္ေနၿပီး အဓိကအားျဖင့္ေတာ့ ရန္သူအင္အား ၁၀ ဆျဖစ္ေနရင္ေတာင္မွ ခုခံတိုက္ခိုက္ႏိုင္တဲ့ စိတ္ဓာတ္ေမြးျမဴၿပီး ခံစစ္ျပင္ၾကဖို႔လည္းပါဝင္ပါတယ္။

ထူးျခားတာကေတာ့ ထိုင္းႏိုင္ငံအတြင္းမွာရွိတဲ့ စစ္စခန္းေတြ၊ နယ္စပ္ေက်း႐ြာေတြနဲ႔ ဆက္သြယ္ေရး လမ္းေၾကာင္းေတြကို ပစ္မွတ္အျဖစ္ ထားရွိဖို႔နဲ႔ ပစ္မွတ္ေတြကို ပစ္ခတ္ႏိုင္ဖို႔ ေလ့က်င့္ထားဖို႔ လည္း ၫႊန္ၾကားပါတယ္။ ထိုင္းစခန္းေတြကို ၁၂၀ မမ ပစ္ခတ္ႏိုင္ဖို႔ကိုလည္း အမိန႔္ေပးထားပါတယ္။

ဒါ့အျပင္ UWSA “၀” တပ္ဖြဲ႕ရဲ႕ တပ္စခန္းနဲ႔ထိုင္းစစ္စခန္းေတြရဲ႕ ေျမပုံေတြ တင္ထားၾကဖို႔လည္း ၫႊန္ၾကားပါတယ္။

မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္ေကာင္စီ ရဲ႕ တပ္စခန္းေတြမွာ ခုခံစစ္ကို အဓိက ထားေနၿပီး တိုက္စစ္ထက္ စခန္းမက်ဖို႔ အဓိက ထားၫႊန္ၾကားေနတာလည္းျဖစ္ပါတယ္။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ ညွှန်ကြားချက် ၈၁ ချက် ထုတ်ပြန်၊ ကျည်တစ်တောင့် ၊ လူတစ်ဦးကျန်သည်အထိ စခန်းမကျအောင် ခုခံရန် အမိန့်ပေး၊ ထိုင်းစစ်စခန်းနှင့် UWSA “ဝ” တပ်ဖွဲ့ စခန်းတွေကို မြေပုံထုတ်ပြင်ထားဖို့ ညွှန်ကြား

ရန်ကုန်၊ မေ ၁

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ခုခံစစ်အတွက် ကြို တင်ပြင်ဆင်ကြဖို့ ညွှန်ကြားချက် ၈၁ ချက် ထုတ်ပြန်ထားတယ်လို့ စစ်ဘက်သတင်းအချက်အလက်တွေကို ကိုးကားပြီး Fortify Rights အဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် ကိုနစ်ကီဒိုင်းမွန်းက လူမှုကွန်ရက်တစ်ဆင့် သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ခေတ်သစ်က ကိုနစ်ကီဒိုင်းမွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီအချက်အလက်တွေဟာသေချာ စိစစ်ပြီးမှ ထုတ်ပြန်တာတွေဖြစ်ပြီး စစ်တပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် စိစစ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ စစ်တပ်သတင်းရင်းမြစ်တစ်ခုကလည်း ခုခံစစ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်နေတာ မှန်ကန်တယ်လို့ အတည်ပြုပါတယ်။

ခုခံစစ်နဲ့ပတ်သက်လို့ စစ်တပ်ရဲ့ ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက် ၈၁ ချက်မှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ပါဝင်နေပြီး အဓိကအားဖြင့်တော့ ရန်သူအင်အား ၁၀ ဆဖြစ်နေရင်တောင်မှ ခုခံတိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မွေးမြူပြီး ခံစစ်ပြင်ကြဖို့လည်းပါဝင်ပါတယ်။

ထူးခြားတာကတော့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ စစ်စခန်းတွေ၊ နယ်စပ်ကျေးရွာတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပစ်မှတ်အဖြစ် ထားရှိဖို့နဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ဖို့ လေ့ကျင့်ထားဖို့ လည်း ညွှန်ကြားပါတယ်။ ထိုင်းစခန်းတွေကို ၁၂၀ မမ ပစ်ခတ်နိုင်ဖို့ကိုလည်း အမိန့်ပေးထားပါတယ်။

ဒါ့အပြင် UWSA “ဝ” တပ်ဖွဲ့ရဲ့ တပ်စခန်းနဲ့ထိုင်းစစ်စခန်းတွေရဲ့ မြေပုံတွေ တင်ထားကြဖို့လည်း ညွှန်ကြားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်းတွေမှာ ခုခံစစ်ကို အဓိက ထားနေပြီး တိုက်စစ်ထက် စခန်းမကျဖို့ အဓိက ထားညွှန်ကြားနေတာလည်းဖြစ်ပါတယ်။