Local News
စက်ဘီးပျောက်လို့ သူခိုးကို ကိုယ်တိုင်ဖမ်းပြီး ကိုလှရွှေတို့ဆီ သွားအပ်မှပဲ ငါးပါးမှောက်တဲ့ ဖြစ်ရပ်
အော် တောင်ဒဂုံရဲစခန်းရယ် တရားဥပဒေကို ဘယ်လိုစိုးမိုးလဲတော့မသိဘူး ဖြစ်ပုံကဒီလို..
ညီမဝမ်းကွဲလေး ဆယ်တန်း ကျူရှင်ကို စက်ဘီးလေးနဲ့ သွားချင်လို့ စက်ဘီးလေး ၃၀,၀၀၀ တန်လေး ဝယ်ပေးပါတယ်..
စက်ဘီးက အတန်းချိန်ဆို ကျူရှင်ရှေ့မှာ ရပ်ထားနေကျ အသစ်လေးမို့ သူခိုးက မျက်စိကျပြီး ဝင်ခိုးပါလေ
ရော.. ကျူရှင်ဆိုတော့ လူလဲများတော့ သူခိုးကို စက်ဘီးနဲ့အတူ လက်ရဖမ်းမိခဲ့ပါတယ်.. (ကိုယ့်ဘာသာဖမ်းတာနော်)
အဲ့တော့ ကျူရှင်ဆရာရယ်.. ရပ်ကွက်ကတာဝန်ရှိသူတွေရယ်က သူခိုးကို ရဲစခန်းသွားအပ်ကြပါတယ်..
(ဘာမှ အားစိုက်စရာမလို ပြည်သူက လက်ထဲလာထည့်တာ) အဲ့တော့ ရဲစခန်းက သက်သေအနေနဲ့ စက်ဘီးကို ခဏသိမ်းထားမယ်ဆိုတော့ OK ရတယ်..
သိမ်းထားဆိုပြီး ထားလိုက်တာ လနဲ့ချီသွားတယ် ဘာသတင်းမှမကြား.. သူခိုးတောင် ပြန်လွတ်ပြီထင်တယ်.. ရဲစခန်းကို ဖုန်းဆက်ပြီး စက်ဘီးလေးပြန်ယူလို့ရပြီလား မေးတော့..
ယူလို့တော့ရတယ် ငွေ ၂၀,၀၀၀ ပေးရမယ်ပြောလိုက် ခဏနေ ၃၀၀၀၀ ပေးရမယ်ပြောလိုက်နဲ့.. ဘာအတွက်လဲမေးတော့ သက်သေခ ဘာခ ညာခ စုစုပေါင်း ၅၀၀၀၀ တဲ့..
ဒါနဲ့ကျူရှင်ဆရာကလဲ ညှိနှိုင်းပေးရှာပါတယ် စက်ဘီးဝယ်တာမှ ၃၀,၀၀၀ ရဲစခန်းက ပြန်ရွေးနေရတယ်ဆိုတော့ နောက်ဆုံးညှိမရတော့ ဆရာလဲစိတ်ဆိုးပြီး
ညီမလေးကို ငွေ ၅၀,၀၀၀ လာပေးလေရဲ့.. မယူရက်ပါဘူး နောက်ဆုံးတော့ စက်ဘီးအရင်းဖိုး ဆရာပေးတဲ့ ၃၀,၀၀၀ ယူလိုက်ရပါတယ်..
သင်ခန်းစာ ။ ။ သူခိုးမိရင် ကိုယ့်ပစ္စည်းသာအရပြန်ယူပါ.. ဘယ်စခန်းမှ ခေါ်မသွားပါနှင့် စိတ်နာတယ် ဟုတ်တယ်..
မှတ်ချက် ။ ။ မကျေနပ်လို့ကိုတင်တာ ငွေ ၃၀,၀၀၀ နဲ့ ဘဝပျက်နေတာမဟုတ်ပါ..