Local News

အဆိုေတာ္ ခ်မ္းခ်မ္း၏ ခ်ိပ္ပိတ္ခံထားရသည့္ေနအိမ္အား ေရာင္းခ်ရန္ စစ္ေကာင္စီ ႀကိဳးပမ္းေန

အဆိုေတာ္ ခ်မ္းခ်မ္း၏ ခ်ိပ္ပိတ္ခံထားရသည့္ေနအိမ္အား ေရာင္းခ်ရန္ စစ္ေကာင္စီ ႀကိဳးပမ္းေန

ဧရာဝတီ၊ ေမ ၁၊ ၂၀၂၂

ပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဝရမ္း ထုတ္ခံထားရသည့္ အဆို ေတာ္ ခ်မ္းခ်မ္း၏ သန္လ်င္ၿမိဳ႕ရွိ ေနအိမ္ကို အာဏာ သိမ္း စစ္ေကာင္စီက ေဖေဖာ္ဝါရီလအတြင္းက ခ်ိပ္ပိတ္ခဲ့ၿပီး၊ ယခုအခါ အဆိုပါေနအိမ္ကို ေရာင္းခ်ရန္ ႀကိဳး ပမ္းေနေၾကာင္း သိရသည္။

အဆိုေတာ္ ခ်မ္းခ်မ္းက “က်မရဲ႕ သန္လ်င္အိမ္ကို စစ္ေကာင္စီက မတရား ခ်ိပ္ပိတ္ၿပီး အခုပဲ အိမ္ဖြင့္ၿပီး ေရာင္းစားဖို႔ ႀကိဳးစားေနပါတယ္။ အဲဒီအိမ္ကို မဝယ္ၾကပါနဲ႔။ ဝယ္တဲ့သူဟာ တရားမဝင္ပါဘူး။ ေတာ္လွန္ေရးၿပီးရင္ က်မတို႔ ကိုယ့္ပစၥည္းကိုယ္ ျပန္ရေအာင္ ျပန္ယူၾကတဲ့အခါ ဝယ္ထားတဲ့သူဟာ အလကား ျဖစ္သြားပါလိမ့္မယ္” ဟု အသိေပး ေျပာထားသည္။

အဆိုေတာ္ ခ်မ္းခ်မ္း၏ ခင္ပြန္းျဖစ္သူကလည္း စစ္ေကာင္စီက ယင္းကဲ့သို႔ ေရာင္းခ်ရန္ ႀကိဳးပမ္းေနသည္မွာ မွန္ကန္ေၾကာင္း ဧရာဝတီကို အတည္ျပဳ ေျပာသည္။
ခ်မ္းခ်မ္းက “အခ်ိန္တန္ရင္ က်မ အိမ္ကို အခု ဝယ္တဲ့သူဟာ ျပန္ဆင္းေပးရမွာမို႔ ပိုက္ဆံပဲကုန္မွာ ေသခ်ာပါတယ္။ စစ္ေကာင္စီဟာ ခ်ိတ္ပိတ္အိမ္ေတြကို လိုက္ေရာင္းစားေနတာ ဝယ္တဲ့သူဟာ ရႉံးမွာပါပဲ။

အိမ္စာခ်ဳပ္ေတြဟာ က်မတို႔ အိမ္ပိုင္ရွင္ေတြဆီမွာပဲ ရွိတာမို႔ တရားမဝင္ပါဘူး” ဟု ထပ္ေလာင္း ေျပာၾကားထားသည္။အာဏာသိမ္းမႈ ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ားတြင္ ပါဝင္သည္ ဟုဆိုကာ စစ္ေကာင္စီက အဆိုေတာ္ ခ်မ္းခ်မ္းကို ၿပီးခဲ့သည့္ႏွစ္ ဧၿပီလအတြင္းက ပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဝရမ္းထုတ္ခဲ့သည္။ ခ်မ္းခ်မ္းမွာအာဏာသိမ္းမႈ မတိုင္ခင္ကတည္းက ကေလးမီးဖြားရန္အတြက္ အီတလီ ႏိုင္ငံသို႔ ေရာက္ရွိေနကာ လက္ရွိတြင္လည္း ေတာ္လွန္ေရးအတြက္ တေထာင့္တေနရာမွ ပါဝင္လ်က္ ရွိသည္။

စစ္ေကာင္စီသည္ ၿပီးခဲ့သည့္ မတ္လအတြင္းကလည္း RFA သတင္းဌာနမွ အႀကီးတန္း အယ္ဒီတာ ဦးခင္ေမာင္စိုး၏ ေမွာ္ဘီၿမိဳ႕ရွိ ေနအိမ္ကို ခ်ိပ္ပိတ္ခဲ့ၿပီး၊ အဆိုပါ ေနအိမ္အတြင္းမွ ပစၥည္းမ်ားကို စစ္ကားေပၚ သယ္ ေဆာင္ယူသြားကာ ယခုရက္ပိုင္းအတြင္း ယင္းေနအိမ္အား ကာလေပါက္ေစ်းထက္ ေလွ်ာ့၍ ေရာင္းခ်မည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ေသးသည္။

အာဏာသိမ္း စစ္ေကာင္စီမွ NLD လႊတ္ေတာ္အမတ္မ်ား၊ နာမည္ႀကီး အႏုပညာရွင္မ်ားႏွင့္ ၎တို႔အား ဆန္႔က်င္သည့္ ျပည္သူမ်ားအား အၾကမ္းဖက္ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္စပ္သည္ဟုဆိုကာ ၎တို႔၏ ေနအိမ္မ်ားကို ေဖေဖာ္ဝါရီလအတြင္းမွ စတင္ကာ ဆက္တိုက္ဆိုသလို ခ်ိပ္ပိတ္ျခင္းမ်ား ျပဳလုပ္လ်က္ ရွိသည္။

မႏၲေလး၊ စစ္ကိုင္း၊ ပခုကၠဴ၊ ၿမိဳင္၊ ေမာ္လၿမိဳင္၊ မုဒုံ၊ ဘီလင္း၊ သထုံ စသည့္ ၿမိဳ႕နယ္မ်ားရွိ NLD လႊတ္ေတာ္အမတ္မ်ား၊ ပရဟိတ လုပ္ကိုင္ေနသူမ်ားႏွင့္ စစ္ေကာင္စီ ဆန္႔က်င္သူမ်ား၏ ေနအိမ္မ်ားကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းက ဆက္တိုက္ဆိုသလို ခ်ိပ္ပိတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

ပုံစာ- အဆိုေတာ္ ခ်မ္းခ်မ္း၏ ေနအိမ္အား ခ်ိပ္ပိတ္ေနစဥ္(ဓာတ္ပုံ- CJ)

အဆိုတော် ချမ်းချမ်း၏ ချိပ်ပိတ်ခံထားရသည့်နေအိမ်အား ရောင်းချရန် စစ်ကောင်စီ ကြိုးပမ်းနေ

ဧရာဝတီ၊ မေ ၁၊ ၂၀၂၂

ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် အဆို တော် ချမ်းချမ်း၏ သန်လျင်မြို့ရှိ နေအိမ်ကို အာဏာ သိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်းက ချိပ်ပိတ်ခဲ့ပြီး၊ ယခုအခါ အဆိုပါနေအိမ်ကို ရောင်းချရန် ကြိုး ပမ်းနေကြောင်း သိရသည်။

အဆိုတော် ချမ်းချမ်းက “ကျမရဲ့ သန်လျင်အိမ်ကို စစ်ကောင်စီက မတရား ချိပ်ပိတ်ပြီး အခုပဲ အိမ်ဖွင့်ပြီး ရောင်းစားဖို့ ကြိုးစားနေပါတယ်။ အဲဒီအိမ်ကို မဝယ်ကြပါနဲ့။ ဝယ်တဲ့သူဟာ တရားမဝင်ပါဘူး။ တော်လှန်ရေးပြီးရင် ကျမတို့ ကိုယ့်ပစ္စည်းကိုယ် ပြန်ရအောင် ပြန်ယူကြတဲ့အခါ ဝယ်ထားတဲ့သူဟာ အလကား ဖြစ်သွားပါလိမ့်မယ်” ဟု အသိပေး ပြောထားသည်။

အဆိုတော် ချမ်းချမ်း၏ ခင်ပွန်းဖြစ်သူကလည်း စစ်ကောင်စီက ယင်းကဲ့သို့ ရောင်းချရန် ကြိုးပမ်းနေသည်မှာ မှန်ကန်ကြောင်း ဧရာဝတီကို အတည်ပြု ပြောသည်။
ချမ်းချမ်းက “အချိန်တန်ရင် ကျမ အိမ်ကို အခု ဝယ်တဲ့သူဟာ ပြန်ဆင်းပေးရမှာမို့ ပိုက်ဆံပဲကုန်မှာ သေချာပါတယ်။ စစ်ကောင်စီဟာ ချိတ်ပိတ်အိမ်တွေကို လိုက်ရောင်းစားနေတာ ဝယ်တဲ့သူဟာ ရှူံးမှာပါပဲ။

အိမ်စာချုပ်တွေဟာ ကျမတို့ အိမ်ပိုင်ရှင်တွေဆီမှာပဲ ရှိတာမို့ တရားမဝင်ပါဘူး” ဟု ထပ်လောင်း ပြောကြားထားသည်။အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည် ဟုဆိုကာ စစ်ကောင်စီက အဆိုတော် ချမ်းချမ်းကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ချမ်းချမ်းမှာအာဏာသိမ်းမှု မတိုင်ခင်ကတည်းက ကလေးမီးဖွားရန်အတွက် အီတလီ နိုင်ငံသို့ ရောက်ရှိနေကာ လက်ရှိတွင်လည်း တော်လှန်ရေးအတွက် တထောင့်တနေရာမှ ပါဝင်လျက် ရှိသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း RFA သတင်းဌာနမှ အကြီးတန်း အယ်ဒီတာ ဦးခင်မောင်စိုး၏ မှော်ဘီမြို့ရှိ နေအိမ်ကို ချိပ်ပိတ်ခဲ့ပြီး၊ အဆိုပါ နေအိမ်အတွင်းမှ ပစ္စည်းများကို စစ်ကားပေါ် သယ် ဆောင်ယူသွားကာ ယခုရက်ပိုင်းအတွင်း ယင်းနေအိမ်အား ကာလပေါက်ဈေးထက် လျှော့၍ ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

အာဏာသိမ်း စစ်ကောင်စီမှ NLD လွှတ်တော်အမတ်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် ၎င်းတို့အား ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ ၎င်းတို့၏ နေအိမ်များကို ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ မြိုင်၊ မော်လမြိုင်၊ မုဒုံ၊ ဘီလင်း၊ သထုံ စသည့် မြို့နယ်များရှိ NLD လွှတ်တော်အမတ်များ၊ ပရဟိတ လုပ်ကိုင်နေသူများနှင့် စစ်ကောင်စီ ဆန့်ကျင်သူများ၏ နေအိမ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပုံစာ- အဆိုတော် ချမ်းချမ်း၏ နေအိမ်အား ချိပ်ပိတ်နေစဉ်(ဓာတ်ပုံ- CJ)