1 May 2022, MPA
စစ်ကောင်စီက အဆိုတော် ချမ်းချမ်းရဲ့ နေအိမ်ကို အိမ်ဖွင့် ရောင်းချဖို့ကြံ
1 May 2022, MPA
အာဏာသိမ်း စစ်ကောင်စီဟာ အဆိုတော် ချမ်းချမ်းရဲ့ နေအိမ်ကို မတရားချိတ်ပိတ်ပြီး ဒီကနေ့မှာပဲ အိမ်ဖွင့် ရောင်းစားဖို့
ကြိုးပမ်းနေတယ်လို့ ချမ်းချမ်းက ယနေ့ မေ ၁ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ အသိပေးလိုက်ပါတယ်
အဆိုတော် ချမ်းချမ်းရဲ့ အသိပေးချက်မှာ ဝယ်ယူသူ အနေနဲ့ တရားဝင်ဖြစ်လာမှ ာမဟုတ်ဘဲ တော်လှန်ရေးပြီးတဲ့ အချိန်
သူ့အနေနဲ့ ပိုင်ဆိုင် မှုတွေကို ပြန်လည် ရယူတဲ့အခါ ဝယ်ယူသူ အနေနဲ့ အလကား ဖြစ်သွားလိမ့်မှာ ဖြစ်ကြောင်း အသိပေးထားပါတယ်
အဆိုတော် ချမ်းချမ်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ကျမရဲ့ သန်လျင်အိမ်ကို စစ်ကောင်စီက မတရားချိတ်ပိတ်ပြီးအခုပဲ အိမ်ဖွင့်ပြီး ရောင်းစားဖို့ ကြိုးစားနေပါတယ် အဲ့ဒီအိမ်ကို မဝယ်ကြပါနဲ့ လို့ ရေးတင်ပြီး အသိပေးထားပါတယ်
စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လိုက်လံ ချိတ်ပိတ်ပြီး ဆက်တိုက်ဆိုသလို မတရားသိမ်းပိုက်နေခဲ့တာဖြစ်ပါတယ် Crd- MPA