Local News

စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ႀကံ့ခိုင္ေရး အမတ္ေလာင္း ရန္ႏိုင္ေ႐ႊ

သန္လ်င္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ႀကံ့ခိုင္ေရး အမတ္ေလာင္း ရန္ႏိုင္ေ႐ႊ ဆံပင္ညႇပ္ေနစဥ္ ေသနတ္ျဖင့္ ၉ ခ်က္ ပစ္ခတ္ခံရၿပီး ေသဆုံး၊ စစ္ေကာင္စီေဒါက္တိုင္ သန္လ်င္ KBZဘဏ္ ႏွင့္ ယာဥ္ထိန္း႐ုံးကိုလည္း တိုက္ခိုက္ ၊ ဒလတြင္လည္း စစ္တပ္ႏွင့္ပူးေပါင္းေနသူ လူမိုက္ ကရင္ ရွင္းလင္းခံရ

ရန္ကုန္၊ ေမ ၁

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ စစ္ေကာင္စီ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ၂၊ ႀကံ့ခိုင္ေရးပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ရန္ႏိုင္ေ႐ႊ ဆံပင္ညႇပ္ေနစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ေမလ ၁ ရက္ေန႔ ညေန ၆ နာရီအခ်ိန္ ဆံပင္ညႇပ္ဆိုင္အတြင္းတြင္ ဆံပင္ညႇပ္ေနေသာ ရန္ႏိုင္ေ႐ႊကို ေသနတ္သမားတခ်ိဳ႕က ဝင္ေရာက္ပစ္ခတ္ရာ ေသဆုံးသြားေၾကာင္း သိရွိရသည္။

“ဆံပင္ညႇပ္ဆိုင္ထဲကို ဝင္ပစ္တာ။ ဆံပင္ညႇပ္ေနတဲ့ တစ္ဦးေတာ့ ပြဲခ်င္းၿပီးဆုံးတယ္။ ႀကံ့ခိုင္ေရး လႊတ္ေတာ္အမတ္၊ ၿမိဳ႕နယ္ေကာင္စီအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ကိုရန္ႏိုင္ေ႐ႊလို႔ သိရပါတယ္” ဟုေဒသခံတစ္ဦးက ေျပာသည္။

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ သန္လ်င္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ပကဖ)က ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္မႈေကာင္စီအဖြဲ႕ဝင္၊ ျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္၊ ေသြးေသာက္ အဖြဲ႕ေခါင္းေဆာင္ ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲ ႀကံ့ဖြတ္အမတ္ေလာင္း ရန္ႏိုင္ေ႐ႊ ကို ပစ္ခတ္ ရွင္းလင္းေၾကာင္း သတင္းထုတ္ျပန္သည္။

ထို႔ျပင္ သန္လ်င္ၿမိဳ႕လယ္ေခါင္မွ KBZ ရဲ႕ ATM စက္မ်ားႏွင့္ KBZ ဘဏ္ ကားကိုပါ ပစ္ခတ္ခဲ့ေၾကာင္း၊ ခ႐ိုင္ယာဥ္ထိန္း႐ုံးကိုလည္း ပစ္ခတ္ခဲ့ေၾကာင္း၊ ယာဥ္ထိန္းရဲတစ္ဦးထိမွန္ေၾကာင္း သန္လ်င္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အလားတူ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ ဒလၿမိဳနယ္တြင္ စစ္တပ္ႏွင့္ပူးေပါင္းၿပီး ျပည္သူကို ႏွိပ္စက္ေနသည့္ က်န္စစ္သားရပ္ကြက္မွ လူမိုက္ ကရင္ ယေန႔ ည ၇ နာရီ ဒလ-တြံ႕ေတးကားလမ္းေပၚတြင္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

“ကရင္က လူမိုက္။ စစ္တပ္နဲ႔ေပါင္းၿပီး ဧည့္စာရင္းစစ္တယ္။ ရယက ခိုင္းဖက္၊ စစ္တပ္က ခိုင္းဖက္ေပါ့။ အခုေတာ့ ေသၿပီ” ဟုေဒသခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- သန္လ်င္စစ္ေကာင္စီ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ႀကံ့ခိုင္ေရး အမတ္ေလာင္း ရန္ႏိုင္ေ႐ႊ ေသနတ္ျဖင့္ ၉ ခ်က္ ပစ္ခတ္ခံရၿပီး ေသဆုံး။

သန်လျင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ကြံ့ခိုင်ရေး အမတ်လောင်း ရန်နိုင်ရွှေ ဆံပင်ညှပ်နေစဉ် သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်ကောင်စီဒေါက်တိုင် သန်လျင် KBZဘဏ် နှင့် ယာဉ်ထိန်းရုံးကိုလည်း တိုက်ခိုက် ၊ ဒလတွင်လည်း စစ်တပ်နှင့်ပူးပေါင်းနေသူ လူမိုက် ကရင် ရှင်းလင်းခံရ

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂၊ ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်နိုင်ရွှေ ဆံပင်ညှပ်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မေလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ဆံပင်ညှပ်ဆိုင်အတွင်းတွင် ဆံပင်ညှပ်နေသော ရန်နိုင်ရွှေကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

“ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပစ်တာ။ ဆံပင်ညှပ်နေတဲ့ တစ်ဦးတော့ ပွဲချင်းပြီးဆုံးတယ်။ ကြံ့ခိုင်ရေး လွှတ်တော်အမတ်၊ မြို့နယ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုရန်နိုင်ရွှေလို့ သိရပါတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၊ သွေးသောက် အဖွဲ့ခေါင်းဆောင် ၊ ၂၀၂၀ ရွေးကောက်ပွဲ ကြံ့ဖွတ်အမတ်လောင်း ရန်နိုင်ရွှေ ကို ပစ်ခတ် ရှင်းလင်းကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် သန်လျင်မြို့လယ်ခေါင်မှ KBZ ရဲ့ ATM စက်များနှင့် KBZ ဘဏ် ကားကိုပါ ပစ်ခတ်ခဲ့ကြောင်း၊ ခရိုင်ယာဉ်ထိန်းရုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ယာဉ်ထိန်းရဲတစ်ဦးထိမှန်ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြိုနယ်တွင် စစ်တပ်နှင့်ပူးပေါင်းပြီး ပြည်သူကို နှိပ်စက်နေသည့် ကျန်စစ်သားရပ်ကွက်မှ လူမိုက် ကရင် ယနေ့ ည ၇ နာရီ ဒလ-တွံ့တေးကားလမ်းပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ကရင်က လူမိုက်။ စစ်တပ်နဲ့ပေါင်းပြီး ဧည့်စာရင်းစစ်တယ်။ ရယက ခိုင်းဖက်၊ စစ်တပ်က ခိုင်းဖက်ပေါ့။ အခုတော့ သေပြီ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- သန်လျင်စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ကြံ့ခိုင်ရေး အမတ်လောင်း ရန်နိုင်ရွှေ သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံး။