Local News

“တပ်ကပေးတာတွေစားထားရင်ကျေးဇူးတရားသိဖို့ လိုတယ်လို့ ဒုချုပ်စိုးဝင်းပြော”လိုက်လံ ဖျောင်းဖြ စည်းရုံးရေး ဆင်းနေ၊

တပ္ကေပးတာေတြစားထားရင္ေက်းဇူးတရားသိဖို႔ လိုတယ္လို႔ ဒုခ်ဳပ္စိုးဝင္းေျပာ”လိုက္လံ ေဖ်ာင္းျဖ စည္း႐ုံးေရး ဆင္းေန၊

ေနျပည္ေတာ္ – ေမ(၃)

တပ္မေတာ္က ေပးထားတဲ့ အက်ိဳးေက်းဇူးေတြအတြက္ ေက်းဇူးတရားနဲ႔ သစၥာ ေစာင့္သိဖို႔ လိုတယ္လို႔ ဒုတပ္ခ်ဳပ္စိုးဝင္းက ေျပာပါတယ္။ ခေမာက္ႀကီး၊ဘုတ္ျပင္းနဲ႔ ကြၽန္းစု တပ္နယ္က စစ္သည္မိသားစုဝင္ေတြကို စကားေျပာခ်ိန္မွာ အခုလိုေျပာခဲ့တာပါ။

“တပ္မေတာ္အတြက္ အသက္ကို စြန႔္လႊတ္ရန္ အဓိဌာန္ျပဳသစၥာကို ေန႔စဥ္႐ြတ္ဆိုေန သူမ်ား ျဖစ္ၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္မွ ေပးအပ္သည့္ ေနထိုင္စားေသာက္မႈမွအစ ပညာေရး၊ က်န္းမာေရး အဆုံး အက်ိဳးေက်းဇူးမ်ားအတြက္ ေက်းဇူးတရားႏွင့္ သစၥာကို ျပန္လည္ေစာင့္သိၾကရန္ လိုတယ္” လို႔ ဒုခ်ဳပ္စိုးဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္က စားေရး၊ဝတ္ေရး၊ေနေရး၊သြားလာေရး၊ပညာေရး၊က်န္းမာေရး အထိ ေစာင့္ေရွာက္မႈေတြကို ေဆာင္႐ြက္ေပးၿပီး စစ္သည္မိသားစုေတြအဆင္ေျပခ်ာေမြ႕ေစဖို႔ တာဝန္ရွိသူ ေတြက စီမြခန႔္ခြဲေပးဖို႔လိုတယ္လို႔လည္း သူကေျပာပါေသးတယ္။

“ သူတို႔ေပးေနေကြၽးေနတာက ျပည္သူေတြဆီက လာတဲ့ အခြန္အခေတြနဲ႔ ေပးေနတာေတြပါ။ သူတို႔အိတ္ထဲကစိုက္ၿပီးေပးေနတာမွမဟုတ္တာ စစ္သည္မိသားစုေတြကိုပါ ကြၽန္ဝယ္ရာအဆစ္ ပါဆိုသလို ခိုင္းစားခ်င္ေနတာ သူတို႔ေျပာတာကိုယုံတဲ့သူေတြရွိေနေတာ့လဲ ဆက္လိမ္လို႔ ေကာင္း ေနတာေပါ့” လို႔ အမည္မေဖာ္လိုတဲ့ CDM အရာရွိတစ္ဦးက သံလြင္တိုင္းမ္ကို ေျပာပါတယ္။

ဒါ့အျပင္ တပ္ထဲမွာ ကြၽန္ဝယ္ရာအဆစ္ပါၿပီး ေနတဲ့မိသားစုေတြကို မသနားပဲ ဆက္ေနတဲ့ သူေတြဟာ ဦးေႏွာက္မရွိတဲ့သူေတြျဖစ္ၿပီး အာဏာရွင္ေတြလိမ္သမွ်ခံေနတဲ့သူေတြလို႔ သူက ဆက္ေျပာပါတယ္။

တက္မေတာ္ရဲ႕ အဓိက တာဝန္ဟာ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ျဖစ္ၿပီး ႏိုင္ငံရဲ႕ အက်ိဳးစီးပြား နဲ႔ပတ္သက္လာရင္ ေပးအပ္ထားတဲ့တာဝန္ေတြကို ေလ့က်င့္သင္ၾကားေပးထားတဲ့ စစ္ပညာေတြ ကိုအသုံးခ်ရမယ္လို႔ စစ္သည္မိသားစုဝင္ေတြကို ဒုခ်ဳပ္စိုးဝင္းက အဲ့ဒီေတြဆုံပြဲမွာ ေျပာပါေသး တယ္။

စစ္ေရးအရ တင္းမာမႈျဖစ္ေနတဲ့ တနသၤာရီတိုင္းနဲ႔ မြန္ျပည္နယ္ေတြကို ဖက္ဆစ္ ဒုစစ္ေခါင္းေဆာင္ သြားေရာက္စည္း႐ုံးေနၿပီး ေမလ ၁ ရက္ေန႔မွ ၇ ရက္ေန႔အထိ သြားေရာက္မယ့္ ခရီးစဥ္ ဇယားရရွိထားပါတယ္။

ေမလ ၁ ရက္ေန႔မွာ တနသၤာရီတိုင္း ဘုတ္ျပင္း၊ ကြၽန္းစု၊ ဇာဒက္ႀကီး၊ ေမာ္တုံးႀကီး၊ ၿမိတ္တို႔ကို သြားေရာက္ခဲ့ၿပီး ေမလ ၂ ရက္ေန႔မွာ ၿမိတ္၊ ပေလာက္၊ ကင္းေတာင္၊ ဟိန္းဇဲ၊ ေမာ္လၿမိဳင္ ေမလ ၃ ရက္ေန႔မွာ ေမာ္လၿမိဳင္၊ သံျဖဴဇရပ္/ဝဲကလိ၊ေရးၿမိဳ႕နယ္၊ ထားဝယ္ ေမလ ၄ ရက္ေန႔မွာ ထားဝယ္၊ ကိုကိုးကြၽန္း၊ ေမလ ၅ ရက္ေန႔မွာ ကိုကိုးကြၽန္း၊ ရန္ကုန္၊ ေမလ ၇ ရက္ေန႔မွာ ရန္ကုန္၊ ေနျပည္ ေတာ္ ၿမိဳ႕ဆီ ျပန္လည္ ထြက္ခြာမွာျဖစ္ပါတယ္။

အၾကမ္းဖက္ ဒုစစ္ေခါင္းေဆာင္ စိုးဝင္းဟာ လက္ရွိမွာ တိုက္ပြဲျဖစ္ပြားေနတဲ့ နယ္ေျမေတြအားလုံးကို စည္း႐ုံးေရးေတြ ဆင္းေနၿပီး အဓိကအားျဖင့္ တပ္တြင္း ၿပိဳကြဲမႈမရွိေအာင္ လိုက္လံ ေဖ်ာင္းျဖမႈေတြ လုပ္ေဆာင္ေနတယ္လို႔ တပ္သတင္း ရင္းျမစ္ေတြက ေျပာပါတယ္။

သတင္း – သံလြင္တိုင္းမ္

ဓာတ္ပုံ – ကာခ်ဳပ္႐ုံး

တပ်ကပေးတာတွေစားထားရင်ကျေးဇူးတရားသိဖို့ လိုတယ်လို့ ဒုချုပ်စိုးဝင်းပြော”လိုက်လံ ဖျောင်းဖြ စည်းရုံးရေး ဆင်းနေ၊

နေပြည်တော် – မေ(၃)

တပ်မတော်က ပေးထားတဲ့ အကျိုးကျေးဇူးတွေအတွက် ကျေးဇူးတရားနဲ့ သစ္စာ စောင့်သိဖို့ လိုတယ်လို့ ဒုတပ်ချုပ်စိုးဝင်းက ပြောပါတယ်။ ခမောက်ကြီး၊ဘုတ်ပြင်းနဲ့ ကျွန်းစု တပ်နယ်က စစ်သည်မိသားစုဝင်တွေကို စကားပြောချိန်မှာ အခုလိုပြောခဲ့တာပါ။

“တပ်မတော်အတွက် အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုသစ္စာကို နေ့စဉ်ရွတ်ဆိုနေ သူများ ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်သည့် နေထိုင်စားသောက်မှုမှအစ ပညာရေး၊ ကျန်းမာရေး အဆုံး အကျိုးကျေးဇူးများအတွက် ကျေးဇူးတရားနှင့် သစ္စာကို ပြန်လည်စောင့်သိကြရန် လိုတယ်” လို့ ဒုချုပ်စိုးဝင်းက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်က စားရေး၊ဝတ်ရေး၊နေရေး၊သွားလာရေး၊ပညာရေး၊ကျန်းမာရေး အထိ စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးပြီး စစ်သည်မိသားစုတွေအဆင်ပြေချာမွေ့စေဖို့ တာဝန်ရှိသူ တွေက စီမွခန့်ခွဲပေးဖို့လိုတယ်လို့လည်း သူကပြောပါသေးတယ်။

“ သူတို့ပေးနေကျွေးနေတာက ပြည်သူတွေဆီက လာတဲ့ အခွန်အခတွေနဲ့ ပေးနေတာတွေပါ။ သူတို့အိတ်ထဲကစိုက်ပြီးပေးနေတာမှမဟုတ်တာ စစ်သည်မိသားစုတွေကိုပါ ကျွန်ဝယ်ရာအဆစ် ပါဆိုသလို ခိုင်းစားချင်နေတာ သူတို့ပြောတာကိုယုံတဲ့သူတွေရှိနေတော့လဲ ဆက်လိမ်လို့ ကောင်း နေတာပေါ့” လို့ အမည်မဖော်လိုတဲ့ CDM အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တပ်ထဲမှာ ကျွန်ဝယ်ရာအဆစ်ပါပြီး နေတဲ့မိသားစုတွေကို မသနားပဲ ဆက်နေတဲ့ သူတွေဟာ ဦးနှောက်မရှိတဲ့သူတွေဖြစ်ပြီး အာဏာရှင်တွေလိမ်သမျှခံနေတဲ့သူတွေလို့ သူက ဆက်ပြောပါတယ်။

တက်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး နိုင်ငံရဲ့ အကျိုးစီးပွား နဲ့ပတ်သက်လာရင် ပေးအပ်ထားတဲ့တာဝန်တွေကို လေ့ကျင့်သင်ကြားပေးထားတဲ့ စစ်ပညာတွေ ကိုအသုံးချရမယ်လို့ စစ်သည်မိသားစုဝင်တွေကို ဒုချုပ်စိုးဝင်းက အဲ့ဒီတွေဆုံပွဲမှာ ပြောပါသေး တယ်။

စစ်ရေးအရ တင်းမာမှုဖြစ်နေတဲ့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေကို ဖက်ဆစ် ဒုစစ်ခေါင်းဆောင် သွားရောက်စည်းရုံးနေပြီး မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ သွားရောက်မယ့် ခရီးစဉ် ဇယားရရှိထားပါတယ်။

မေလ ၁ ရက်နေ့မှာ တနင်္သာရီတိုင်း ဘုတ်ပြင်း၊ ကျွန်းစု၊ ဇာဒက်ကြီး၊ မော်တုံးကြီး၊ မြိတ်တို့ကို သွားရောက်ခဲ့ပြီး မေလ ၂ ရက်နေ့မှာ မြိတ်၊ ပလောက်၊ ကင်းတောင်၊ ဟိန်းဇဲ၊ မော်လမြိုင် မေလ ၃ ရက်နေ့မှာ မော်လမြိုင်၊ သံဖြူဇရပ်/ဝဲကလိ၊ရေးမြို့နယ်၊ ထားဝယ် မေလ ၄ ရက်နေ့မှာ ထားဝယ်၊ ကိုကိုးကျွန်း၊ မေလ ၅ ရက်နေ့မှာ ကိုကိုးကျွန်း၊ ရန်ကုန်၊ မေလ ၇ ရက်နေ့မှာ ရန်ကုန်၊ နေပြည် တော် မြို့ဆီ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေအားလုံးကို စည်းရုံးရေးတွေ ဆင်းနေပြီး အဓိကအားဖြင့် တပ်တွင်း ပြိုကွဲမှုမရှိအောင် လိုက်လံ ဖျောင်းဖြမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကာချုပ်ရုံး