Local News

ျပင္ဦးလြင္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းတြင္ ေက်ာင္းသားမ်ား ထြက္ေျပးမည္စိုးရိမ္၍

ျပင္ဦးလြင္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းတြင္ ေက်ာင္းသားမ်ား ထြက္ေျပးမည္စိုးရိမ္၍ စည္းကမ္းမ်ား ေျဖေလွ်ာ့၊ CDM လုပ္လွ်င္ မိဘ၊ ေဆြမ်ိဳးမ်ား ဖမ္းဆီး သတ္ျဖတ္ခံရမည္ဟု ၿခိမ္းေျခာက္

ရန္ကုန္၊ ေမ ၄

မႏၲေလးတိုင္း၊ျပင္ဦးလြင္ရွိ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းတြင္ ေက်ာင္း သားမ်ားထြက္ေျပးမည္ကိုစိုးရိမ္၍ စည္းကမ္းမ်ားစြာကို ေျဖေလွ်ာ့လိုက္ၿပီး ဗိုလ္ေလာင္းေက်ာင္းသားမ်ား ထြက္ေျပးျခင္း၊ CDM လုပ္ျခင္းမ်ား ျပဳလုပ္ပါက မိဘ ေဆြမ်ိဳးမ်ားကို ဖမ္းဆီးျခင္းႏွင့္ သတ္ျဖတ္ျခင္းမ်ားခံရႏိုင္သည္ဟု ေက်ာင္းစစ္အာဏာပိုင္မ်ားက တရားဝင္ ေျပာဆို ၿခိမ္းေျခာက္ထားေၾကာင္း သင္တန္း သားမ်ားထံမွ သိရွိရသည္။

လက္ရွိတြင္ ဗိုလ္ေလာင္းသင္တန္းအပတ္စဥ္ စီနီယာ၊ ဂ်ဴနီယာမ်ားအၾကား ထိန္းေက်ာင္းမႈဆိုင္ရာ စည္းကမ္းမ်ားကို ေလွ်ာ့ခ်လိုက္ေၾကာင္း၊ အထူးသျဖင့္ ေက်ာင္းသားမ်ားကို မိုဘိုင္းလ္ဖုန္း ေပးမသုံးသည့္ စည္းကမ္းကို ေလွ်ာ့ခ်လိုက္ၿပီး အားလုံးကို ဖုန္းသုံးခြင့္ျပဳေၾကာင္း၊ သို႔ရာတြင္ NUG CRPH ႏွင့္ PDF တို႔ သည္ အၾကမ္းဖက္သမား ျဖစ္သည္ဆိုေသာ ဝါဒျဖန႔္စာမ်ားကို အခ်င္းခ်င္း အြန္လိုင္းတြင္ ရွယ္ၾကရန္ ေက်ာင္းအာဏာပိုင္မ်ားက ေျပာဆိုေၾကာင္း သိရွိရသည္။

“DSA ဗိုလ္ေလာင္း ေက်ာင္းသားေတြက ေက်ာင္းမဆင္းရေသးဘူး CDM လုပ္ခ်င္ေနၾကၿပီ။ CDMလုပ္ရင္မိဘကိုပါသတ္ပစ္မွာဆိုၿပီး ၿခိမ္းေျခာက္တယ္ ေက်ာင္း ဘက္က။ အခုစည္းကမ္းေတြတအားေလွ်ာ့ေပးတယ္။ စီနီယာေက်ာင္းသားက ဂ်ဴနီယာေတြ ႏွိပ္ကြပ္တာေတြ မလုပ္ရေအာင္ လုပ္လာတယ္။ ေက်ာင္းအုပ္ႀကီးကလည္း ေက်ာင္းသားေတြကိုဖုန္းကိုေပၚတင္ေပးသုံးၿပီး ဝါဒျဖန႔္ခိုင္းတယ္။ ေက်ာင္းအုပ္ႀကီးက CDM မလုပ္နဲ႔။ က်န္တာ ႀကိဳက္တာလုပ္ဆိုၿပီး ေက်ာင္းသားေတြကို ေခ်ာ့ေျပာတယ္။ စည္းကမ္းကေတာ့ အကုန္ေျဖေလွ်ာ့လိုက္တာ။ ဘာမွ မတင္းက်ပ္ေတာ့ဘူး” ဟု DSA ဗိုလ္ေလာင္းသင္တန္းမွ ေက်ာင္းသားတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

DSA ဗိုလ္ေလာင္းသင္တန္း တက္ေရာက္ရန္ ေလွ်ာက္ထားသူ နည္းပါးသျဖင့္ ဗိုလ္ေလာင္းေ႐ြးခ်ယ္ေရးအဖြဲ႕က စိစစ္မႈ မလုပ္ေတာ့ဘဲ ေလွ်ာက္ထားသူမွန္သမွ်ကို တက္ခြင့္ျပဳေနေၾကာင္း၊ ယင္းသို႔ ခြင့္ျပဳသည့္တိုင္ ဗိုလ္ေလာင္းတက္ေရာက္မည့္ ေက်ာင္းသား အလြန္နည္းပါးေနေၾကာင္း သိရွိရသည္။

“ဂ်ဴနီယာေက်ာင္းသားအေရအတြက္က အေတာ္ေတာ့ နည္းမယ္ေျပာတယ္။ စတက္မယ့္ေက်ာင္းသား အေရအတြက္က အရမ္းနည္းမွာမို႔ စီနီယာေတြက ႏွိပ္ ကြပ္ရင္ ႏွိပ္ကြပ္တဲ့သူပါ အေရးယူခံရမယ့္ ပုံစံမ်ိဳး ေက်ာင္းဘက္က သတိေပးလာတာလည္းရွိတယ္” ဟု DSA ဗိုလ္ေလာင္းသင္တန္းစီနီယာ ေက်ာင္းသားတစ္ဦးက ေျပာဆိုသည္။

(သတင္းေျဖဆိုသူ၏ လုံၿခဳံေရးအရ ဗိုလ္ေလာင္းသင္တန္း အပတ္စဥ္မ်ားကို ခ်န္လွစ္ထားရပါသည္။)ဓာတ္ပုံ- စစ္တပ္နည္းပညာတကၠသိုလ္DSTA မွ ေက်ာင္းသားတခ်ိဳ႕ ေလ့က်င့္ေရး ဆင္းေနစဥ္။ (ပုံအေဟာင္းျဖစ္သည္)

ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်းသားများ ထွက်ပြေးမည်စိုးရိမ်၍ စည်းကမ်းများ ဖြေလျှော့၊ CDM လုပ်လျှင် မိဘ၊ ဆွေမျိုးများ ဖမ်းဆီး သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်း သားများထွက်ပြေးမည်ကိုစိုးရိမ်၍ စည်းကမ်းများစွာကို ဖြေလျှော့လိုက်ပြီး ဗိုလ်လောင်းကျောင်းသားများ ထွက်ပြေးခြင်း၊ CDM လုပ်ခြင်းများ ပြုလုပ်ပါက မိဘ ဆွေမျိုးများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများခံရနိုင်သည်ဟု ကျောင်းစစ်အာဏာပိုင်များက တရားဝင် ပြောဆို ခြိမ်းခြောက်ထားကြောင်း သင်တန်း သားများထံမှ သိရှိရသည်။

လက်ရှိတွင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် စီနီယာ၊ ဂျူနီယာများအကြား ထိန်းကျောင်းမှုဆိုင်ရာ စည်းကမ်းများကို လျှော့ချလိုက်ကြောင်း၊ အထူးသဖြင့် ကျောင်းသားများကို မိုဘိုင်းလ်ဖုန်း ပေးမသုံးသည့် စည်းကမ်းကို လျှော့ချလိုက်ပြီး အားလုံးကို ဖုန်းသုံးခွင့်ပြုကြောင်း၊ သို့ရာတွင် NUG CRPH နှင့် PDF တို့ သည် အကြမ်းဖက်သမား ဖြစ်သည်ဆိုသော ဝါဒဖြန့်စာများကို အချင်းချင်း အွန်လိုင်းတွင် ရှယ်ကြရန် ကျောင်းအာဏာပိုင်များက ပြောဆိုကြောင်း သိရှိရသည်။

“DSA ဗိုလ်လောင်း ကျောင်းသားတွေက ကျောင်းမဆင်းရသေးဘူး CDM လုပ်ချင်နေကြပြီ။ CDMလုပ်ရင်မိဘကိုပါသတ်ပစ်မှာဆိုပြီး ခြိမ်းခြောက်တယ် ကျောင်း ဘက်က။ အခုစည်းကမ်းတွေတအားလျှော့ပေးတယ်။ စီနီယာကျောင်းသားက ဂျူနီယာတွေ နှိပ်ကွပ်တာတွေ မလုပ်ရအောင် လုပ်လာတယ်။ ကျောင်းအုပ်ကြီးကလည်း ကျောင်းသားတွေကိုဖုန်းကိုပေါ်တင်ပေးသုံးပြီး ဝါဒဖြန့်ခိုင်းတယ်။ ကျောင်းအုပ်ကြီးက CDM မလုပ်နဲ့။ ကျန်တာ ကြိုက်တာလုပ်ဆိုပြီး ကျောင်းသားတွေကို ချော့ပြောတယ်။ စည်းကမ်းကတော့ အကုန်ဖြေလျှော့လိုက်တာ။ ဘာမှ မတင်းကျပ်တော့ဘူး” ဟု DSA ဗိုလ်လောင်းသင်တန်းမှ ကျောင်းသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

DSA ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် လျှောက်ထားသူ နည်းပါးသဖြင့် ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့က စိစစ်မှု မလုပ်တော့ဘဲ လျှောက်ထားသူမှန်သမျှကို တက်ခွင့်ပြုနေကြောင်း၊ ယင်းသို့ ခွင့်ပြုသည့်တိုင် ဗိုလ်လောင်းတက်ရောက်မည့် ကျောင်းသား အလွန်နည်းပါးနေကြောင်း သိရှိရသည်။

“ဂျူနီယာကျောင်းသားအရေအတွက်က အတော်တော့ နည်းမယ်ပြောတယ်။ စတက်မယ့်ကျောင်းသား အရေအတွက်က အရမ်းနည်းမှာမို့ စီနီယာတွေက နှိပ် ကွပ်ရင် နှိပ်ကွပ်တဲ့သူပါ အရေးယူခံရမယ့် ပုံစံမျိုး ကျောင်းဘက်က သတိပေးလာတာလည်းရှိတယ်” ဟု DSA ဗိုလ်လောင်းသင်တန်းစီနီယာ ကျောင်းသားတစ်ဦးက ပြောဆိုသည်။

(သတင်းဖြေဆိုသူ၏ လုံခြုံရေးအရ ဗိုလ်လောင်းသင်တန်း အပတ်စဉ်များကို ချန်လှစ်ထားရပါသည်။)ဓာတ်ပုံ- စစ်တပ်နည်းပညာတက္ကသိုလ်DSTA မှ ကျောင်းသားတချို့ လေ့ကျင့်ရေး ဆင်းနေစဉ်။ (ပုံအဟောင်းဖြစ်သည်)