Local News

‘ကမာၻႀကီး’ ဟု အမ်ားက ေခၚဆိုၾကသည့္ ေသးေသာက္အဖြဲ႕ဝင္

ေ႐ႊဘို၊ ေဒါပုံႏွင့္ သထုံတြင္ ေသြးေသာက္အဖြဲ႕ဝင္ ၃ ဦး ရွင္းလင္းခံရ၊ တြံေတးတြင္ ဒလန္ဟု သတ္မွတ္ခံထားရသူ ဦးျမဦး ပစ္ခတ္ရွင္းလင္းခံရ

ရန္ကုန္၊ ေမ ၄

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕တြင္ ‘ကမာၻႀကီး’ ဟု အမ်ားက ေခၚဆိုၾကသည့္ ေသြးေသာက္အဖြဲ႕ဝင္ကို ယေန႔ ေမလ ၄ ရက္တြင္ ရွင္းလင္းလိုက္ေၾကာင္း ယမ္းဘီလူးအဖြဲ႕က သတင္းထုတ္ျပန္သည္။

ေ႐ႊဘိုၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္တြင္ေနထိုင္ေသာ ‘ကမာၻႀကီး’ ဆိုသူ ေသြးေသာက္အဖြဲ႕ဝင္ကို ၎ဆိုင္ကယ္စီးလာစဥ္ ေ႐ႊဘိုၿမိဳ႕အထြက္ ကားႀကီးဝင္းအနီးတြင္ ယမ္းဘီးလူးအဖြဲ႕ႏွင့္ SBDF တို႔က ပစ္ခတ္ရွင္းလင္းလိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ ရန္ကုန္ၿမိဳ၊ ေဒါပုံၿမိဳနယ္၊ ဗိုလ္ထြန္းဇံရပ္ကြက္၊ ဗိုလ္ဆြန္ပက္လမ္း ေတာင္ပိုင္းတြင္ ေသြးေသာက္အဖြဲ႕ ဖြဲစည္းကာ သင္တန္းေပးေနသူ ရာအိမ္မႉး ေအာင္ၿဖိဳး ကို ေမလ ၂ ရက္ မနက္ပိုင္းတြင္ သုတ္သင္ရွင္းလင္းလိုက္ၿပီ ျဖစ္ေၾကာင္း Soul Takers-Yangon Underground Force အဖြဲ႕ထံမွ သိရွိရသည္။

စစ္ေကာင္စီခန႔္ ရာအိမ္မႉးေအာင္ၿဖိဳးသည္ ေဒါပုံၿမိဳနယ္ႏွင့္ သာေကတၿမိဳနယ္တြင္းရွိ စစ္အာဏာရွင္ကို ဆန႔္က်င္ေသာ ျပည္သူမ်ား၏ သတင္းအခ်က္ အလက္မ်ားကို စစ္ေကာင္စီထံ သတင္းေပးေနျခင္း၊ ျပည္သူမ်ားကို ၿခိမ္းေျခာက္ေနျခင္းမ်ား ျပဳလုပ္ေၾကာင္း Soul Takers အဖြဲ႕က ထုတ္ျပန္ထားသည္။

အလားတူ ယမန္ေန႔ ေမလ ၃ ရက္ ည ၈ နာရီခြဲခန႔္တြင္ ေသြးေသာက္အဖြဲ႕ဝင္ဟု ႀကဳံးဝါးကာ ျပည္သူမ်ားကို ၿခိမ္းေျခာက္ေနေသာ သထုံၿမိဳ႕နယ္၊ ဝင္းစိန္ေကး႐ြာရွိ ခြန္မ်ိဳးဦးကို သထုံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ရွင္းလင္းခဲ့ေၾကာင္း သတင္းရရွိသည္။

ခြန္မ်ိဳးဦးသည္ ေဆး႐ုံေအာက္ေျခဝန္ထမ္းတစ္ဦးျဖစ္ၿပီး ေဆး႐ုံ CDM ဝန္ထမ္းမ်ားကို ဖိအားေပးျခမ္းေျခာက္သူ ျဖစ္ေၾကာင္း၊ ရပ္႐ြာအတြင္း ေသြးေသာက္အဖြဲ႕ဝင္ဟု ႀကဳံးဝါးေနသူတစ္ဦးျဖစ္ေၾကာင္း သိရွိရသည္။

ေသြးေသာက္အဖြဲ႕သည္ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္ေဝခံ အဖြဲ႕တဖြဲ႕ျဖစ္ၿပီး ၎တို႔က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ား၊ NLD ပါတီဝင္မ်ား၊ စစ္အာဏာရွင္ကို ဆန႔္က်င္ေနသည့္ အႏုပညာရွင္မ်ား၏ မိသားစုမ်ားကို ‘တိုက္ခိုက္ေခ်မႈန္းမည္ဟု ႀကဳံးဝါးထားသလို စစ္ေကာင္စီေလာ္ဘီမ်ားကလည္း ၎တို႔၏ လူမႈကြန္ရက္စာမ်က္နာမ်ားတြင္ ေသြးေသာက္အဖြဲ႕၏ လုပ္ရပ္မ်ားကို အမႊန္းတင္ ေျပာဆိုေနၾကသည္။

အလားတူ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္ရွိ နာမည္ႀကီးဒလန္ဟု အမ်ားက သတ္မွတ္ထားသူ ဦးျမဦးကို ယမန္ေန႔ ေမလ ၃ ရက္ မြန္းလြဲ ၂ နာရီခြဲခန႔္တြင္ အမည္မသိ အမ်ိဳးသား ၂ ဦးက ေသနတ္ပစ္ခတ္ ရွင္းလင္းလိုက္ေၾကာင္း သတင္းရရွိသည္။

ရွမ္းစုေက်း႐ြာေန ဒလန္ျမဦးကို တြံေတးၿမိဳ႕၊ မင္းပိုင္းရပ္ကြက္၊ မင္းရဲေက်ာ္စြာလမ္းႏွင့္ အေလာင္းဘုရားလမ္းထိပ္၊ ကမာၻ႔ရတနာဘဏ္အေရွ႕တြင္ အမည္မသိအမ်ိဳးသား ၂ ဦးက ေသနတ္ ၃ ခ်က္ ပစ္ခတ္ရွင္းလင္းသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဓါတ္ပုံ – ေ႐ႊဘိုတြင္ ဆိုင္ကယ္စီးလာစဥ္ ပစ္ခတ္ ရွင္းလင္းခံလိုက္ရသည့္ ေသြးေသာက္အဖြဲ႕ဝင္ ကမာၻႀကီးဆိုသူ အမ်ိဳးသား

ရွှေဘို၊ ဒေါပုံနှင့် သထုံတွင် သွေးသောက်အဖွဲ့ဝင် ၃ ဦး ရှင်းလင်းခံရ၊ တွံတေးတွင် ဒလန်ဟု သတ်မှတ်ခံထားရသူ ဦးမြဦး ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ‘ကမ္ဘာကြီး’ ဟု အများက ခေါ်ဆိုကြသည့် သွေးသောက်အဖွဲ့ဝင်ကို ယနေ့ မေလ ၄ ရက်တွင် ရှင်းလင်းလိုက်ကြောင်း ယမ်းဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်တွင်နေထိုင်သော ‘ကမ္ဘာကြီး’ ဆိုသူ သွေးသောက်အဖွဲ့ဝင်ကို ၎င်းဆိုင်ကယ်စီးလာစဉ် ရွှေဘိုမြို့အထွက် ကားကြီးဝင်းအနီးတွင် ယမ်းဘီးလူးအဖွဲ့နှင့် SBDF တို့က ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်မြို၊ ဒေါပုံမြိုနယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း တောင်ပိုင်းတွင် သွေးသောက်အဖွဲ့ ဖွဲစည်းကာ သင်တန်းပေးနေသူ ရာအိမ်မှူး အောင်ဖြိုး ကို မေလ ၂ ရက် မနက်ပိုင်းတွင် သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း Soul Takers-Yangon Underground Force အဖွဲ့ထံမှ သိရှိရသည်။

စစ်ကောင်စီခန့် ရာအိမ်မှူးအောင်ဖြိုးသည် ဒေါပုံမြိုနယ်နှင့် သာကေတမြိုနယ်တွင်းရှိ စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူများ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံ သတင်းပေးနေခြင်း၊ ပြည်သူများကို ခြိမ်းခြောက်နေခြင်းများ ပြုလုပ်ကြောင်း Soul Takers အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ မေလ ၃ ရက် ည ၈ နာရီခွဲခန့်တွင် သွေးသောက်အဖွဲ့ဝင်ဟု ကြုံးဝါးကာ ပြည်သူများကို ခြိမ်းခြောက်နေသော သထုံမြို့နယ်၊ ဝင်းစိန်ကေးရွာရှိ ခွန်မျိုးဦးကို သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ခွန်မျိုးဦးသည် ဆေးရုံအောက်ခြေဝန်ထမ်းတစ်ဦးဖြစ်ပြီး ဆေးရုံ CDM ဝန်ထမ်းများကို ဖိအားပေးခြမ်းခြောက်သူ ဖြစ်ကြောင်း၊ ရပ်ရွာအတွင်း သွေးသောက်အဖွဲ့ဝင်ဟု ကြုံးဝါးနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

သွေးသောက်အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံ အဖွဲ့တဖွဲ့ဖြစ်ပြီး ၎င်းတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ၊ NLD ပါတီဝင်များ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် အနုပညာရှင်များ၏ မိသားစုများကို ‘တိုက်ခိုက်ချေမှုန်းမည်ဟု ကြုံးဝါးထားသလို စစ်ကောင်စီလော်ဘီများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နာများတွင် သွေးသောက်အဖွဲ့၏ လုပ်ရပ်များကို အမွှန်းတင် ပြောဆိုနေကြသည်။

အလားတူ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ နာမည်ကြီးဒလန်ဟု အများက သတ်မှတ်ထားသူ ဦးမြဦးကို ယမန်နေ့ မေလ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

ရှမ်းစုကျေးရွာနေ ဒလန်မြဦးကို တွံတေးမြို့၊ မင်းပိုင်းရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် အလောင်းဘုရားလမ်းထိပ်၊ ကမ္ဘာ့ရတနာဘဏ်အရှေ့တွင် အမည်မသိအမျိုးသား ၂ ဦးက သေနတ် ၃ ချက် ပစ်ခတ်ရှင်းလင်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓါတ်ပုံ – ရွှေဘိုတွင် ဆိုင်ကယ်စီးလာစဉ် ပစ်ခတ် ရှင်းလင်းခံလိုက်ရသည့် သွေးသောက်အဖွဲ့ဝင် ကမ္ဘာကြီးဆိုသူ အမျိုးသား