Local News

ကေလးမွာ အေကာင္ ၂၀ သမျပတဲ့ ဒ႐ုန္း

ကေလးၿမိဳ႕နယ္၊ ရွားဖို႐ြာတိုက္ပြဲတြင္ စစ္တပ္ဘက္မွ ၂၀ ဦး ေသဆုံး၊ စစ္သားအေလာင္းမ်ားႏွင့္လက္နက္မ်ား သိမ္းဆည္းရမိ၊ စစ္တပ္အထိနာ၍ စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္

ရန္ကုန္၊ေမ ၄

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း၊ ရွားဖိုေက်း႐ြာတြင္ ယမန္ေန႔ ေမလ ၃ ရက္ေန႔ တိုက္ပြဲျဖစ္ပြားၿပီး စစ္တပ္ဘက္မွ ၂၀ ဦးေသဆုံးကာ စစ္သားအေလာင္း မ်ားႏွင့္လက္နက္မ်ား သိမ္းဆည္းရမိေၾကာင္း ကေလး PDF က သတင္းထုတ္ျပန္သည္။

ေမလ ၂ ရက္ေန႔ နံနက္ပိုင္းမွစတင္၍ ကေလးၿမိဳနယ္ေတာင္ပိုင္း ရွားဖို႐ြာဘက္သို႔ စစ္တပ္က အျပင္းအထန္ ထိုးစစ္ဆင္လာခဲ့ၿပီး PDF (Kalay) ၊ CDF (KKG) ၊ RKDF ၊ ပ.က.ဖ ႏွင့္ Zomi PDF ပူးေပါင္းတပ္ဖြဲမ်ားျဖင့္ ယမန္ေန႔ ေမလ ၃ ရက္ ညေနပိုင္းအထိ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ေၾကာင္း ၊ ယမန္ေန႔ ညေနပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ ရွားဖို႐ြာအတြင္းသို ဝင္ေရာက္ကာ ေနအိမ္မ်ားကို မီးရွိဖ်က္စီးခဲ့ေၾကာင္း၊ ႏွစ္ရက္တာ ျပင္းထန္ခဲ့သည့္တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲဝင္ အနည္းဆုံး ၂၀ ဦး ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရွိသြားေၾကာင္း PDF ကေလး၏ ထုတ္ျပန္ခ်က္အရ သိရွိရသည္။

ထို႔ျပင္ ယမန္ေန႔ မြန္းတည့္ ၁၂ နာရီ ဝန္းက်င္ခန႔္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ား ေအာင္မဂၤလာ႐ြာဘက္မွ ရွားဖို႐ြာဘက္သို ခ်ဥ္းကပ္လာစဥ္ PDF (Kalay) တပ္ဖြဲမ်ားက အသင့္တပ္ဆင္ထားေသာ မိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္သျဖင့္ စစ္ေကာင္စီတပ္သား ထပ္မံ၍ အမ်ားအျပားေသဆုံးႏိုင္ဖြယ္ရွိေၾကာင္း သိရွိရသည္။

တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ား အထိနာေနသျဖင့္ ႀကံသာ႐ြာႏွင့္ ေအာင္မဂၤလာ႐ြာဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ရွားဖို႐ြာဘက္သို ပစ္ခတ္ခဲ့သည့္အျပင္ ယမန္ေန႔ ေမလ ၃ ရက္ မြန္းလြဲ ၃ နာရီ ဝန္းက်င္တြင္ တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂ စီးျဖင့္ ရွားဖို႐ြာသို ၂ ႀကိမ္ လာေရာက္ ပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။

တိုက္ပြဲအတြင္း ပူးေပါင္းတပ္ဖြဲမ်ားမွ ေရွ႕တက္နယ္ေျမရွင္းလင္းခဲ့စဥ္အတြင္း စစ္ေကာင္စီတပ္သား အေလာင္း ၄ ေလာင္းႏွင့္အတူ MA1 ေမာင္းျပန္ေသနတ္ ၂ လက္၊ MA2 စက္ကေလး ၂ လက္၊ MA က်ည္အိမ္ ၁၀ ခု ၊ ၅.၅၆ က်ည္ ၁၅၀ ေတာင့္ ၊ နင္းမိုင္း ၁ လုံး၊ လက္ပစ္ဗုံး ၁ လုံး ႏွင့္ ဖုန္း ၂ လုံး တိုကို သိမ္းဆည္းရမိခဲ့ပါသည္။

ထိုအျပင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားဘက္မွ လႊတ္တင္ေသာ ဗုံး ၃ လုံးပါဝင္သည့္ တိုက္ခိုက္‌ေရးဒ႐ုန္း ၁ စင္း ကိုလည္း ပူးေပါင္းတပ္ဖြဲမ်ားက ေန႔လည္ ၂ နာရီခန႔္တြင္ ပစ္ခ်ႏိုင္ခဲ့ပါသည္။

၂ ရက္တာတိုက္ပြဲအတြင္း ပူးေပါင္းတပ္ဖြဲမ်ားဘက္မွ CDF (KKG) တပ္ဖြဲဝင္ ၁ ဦး လက္နက္ႀကီးအပိုင္းအစ ထိမွန္ဒဏ္ရာရရွိခဲ့ၿပီး (မစိုးရိမ္ရပါ) စစ္ေကာင္စီတပ္ဖြဲမ်ားပစ္ခတ္ေသာ လက္နက္ႀကီးထိမွန္၍ ရွားဖို႐ြာမွ အရပ္သားျပည္သူ အမ်ိဳးသား ၂ ဦး ေသဆုံးၿပီး၊ အမ်ိဳးသမီး ၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

ကလေးမြို့နယ်၊ ရှားဖိုရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး၊ စစ်သားအလောင်းများနှင့်လက်နက်များ သိမ်းဆည်းရမိ၊ စစ်တပ်အထိနာ၍ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

ရန်ကုန်၊မေ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာတွင် ယမန်နေ့ မေလ ၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ စစ်သားအလောင်း များနှင့်လက်နက်များ သိမ်းဆည်းရမိကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကလေးမြိုနယ်တောင်ပိုင်း ရှားဖိုရွာဘက်သို့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ပြီး PDF (Kalay) ၊ CDF (KKG) ၊ RKDF ၊ ပ.က.ဖ နှင့် Zomi PDF ပူးပေါင်းတပ်ဖွဲများဖြင့် ယမန်နေ့ မေလ ၃ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ၊ ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရှားဖိုရွာအတွင်းသို ဝင်ရောက်ကာ နေအိမ်များကို မီးရှိဖျက်စီးခဲ့ကြောင်း၊ နှစ်ရက်တာ ပြင်းထန်ခဲ့သည့်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အနည်းဆုံး ၂၀ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း PDF ကလေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ အောင်မင်္ဂလာရွာဘက်မှ ရှားဖိုရွာဘက်သို ချဉ်းကပ်လာစဉ် PDF (Kalay) တပ်ဖွဲများက အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ထပ်မံ၍ အများအပြားသေဆုံးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ အထိနာနေသဖြင့် ကြံသာရွာနှင့် အောင်မင်္ဂလာရွာဘက်မှ လက်နက်ကြီးများဖြင့် ရှားဖိုရွာဘက်သို ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ မေလ ၃ ရက် မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ရှားဖိုရွာသို ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲများမှ ရှေ့တက်နယ်မြေရှင်းလင်းခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းနှင့်အတူ MA1 မောင်းပြန်သေနတ် ၂ လက်၊ MA2 စက်ကလေး ၂ လက်၊ MA ကျည်အိမ် ၁၀ ခု ၊ ၅.၅၆ ကျည် ၁၅၀ တောင့် ၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး နှင့် ဖုန်း ၂ လုံး တိုကို သိမ်းဆည်းရမိခဲ့ပါသည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများဘက်မှ လွှတ်တင်သော ဗုံး ၃ လုံးပါဝင်သည့် တိုက်ခိုက်‌ရေးဒရုန်း ၁ စင်း ကိုလည်း ပူးပေါင်းတပ်ဖွဲများက နေ့လည် ၂ နာရီခန့်တွင် ပစ်ချနိုင်ခဲ့ပါသည်။

၂ ရက်တာတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲများဘက်မှ CDF (KKG) တပ်ဖွဲဝင် ၁ ဦး လက်နက်ကြီးအပိုင်းအစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး (မစိုးရိမ်ရပါ) စစ်ကောင်စီတပ်ဖွဲများပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ရှားဖိုရွာမှ အရပ်သားပြည်သူ အမျိုးသား ၂ ဦး သေဆုံးပြီး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။