Local News

“နန္းထိုက္ေအာင္တို႔ပြဲက လွမွလွ

“နန္းထိုက္ေအာင္စစ္ဆင္ေရး”အျဖစ္ ေတာင္ဥကၠလာပရွိ ေထာက္ပို႔တပ္ရင္းကို (၄၀)မမဗုံးသီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္

ရဲေခါင္/People’s Spring

“နန္းထိုက္ေအာင္ စစ္ဆင္ေရး”၏ အစိတ္အပိုင္းအျဖစ္ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ေထာက္ပို႔တပ္ရင္းကို (၄၀)မမ ဗုံးသီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း CIVIL GUERRILLA FORCE -YGN က ယေန႔(ေမ ၄ ရက္) ထုတ္ျပန္သည္။

တိုက္ခိုက္မႈျဖစ္စဥ္မွာ ဧၿပီ ၃၀ရက္ နံနက္ ၅နာရီခန္႔က ျဖစ္ၿပီး သံသုမာလမ္းေပၚရွိ အမွတ္ ၄၃၄/၄၃၅ ေထာက္ပို႔တပ္ရင္းကို Yangon Federal Army ႏွင့္ ပူးေပါင္း၍ (၄၀)မမ ဗုံးသီး၊ ေလာင္ခ်ာျဖင့္ ပစ္ခတ္ခဲ့သည္ဟု ဆိုသည္။

ယုံၾကည္စိတ္ခ်ရေသာ သတင္းေပး၏အဆိုအရ စစ္ေကာင္စီတပ္သား သုံးဦးေသဆုံးသည္ဟု သတင္းရရွိေသာ္လည္း CIVIL GUERRILLA FORCE -YGN အေနျဖင့္ သီးျခါးအတည္မျပဳႏိုင္ေသးေပ။

ယခု စစ္ဆင္ေရးသည္ အဖမ္းဆီးခံၿမိဳ႕ျပ ေျပာက္က်ားရဲေဘာ္မ်ားအတြက္ ေသြးေႂကြးျပန္ဆပ္ျခင္းျဖစ္ၿပီး “နန္းထိုက္ေအာင္ စစ္ဆင္ေရး “၏အစိတ္အပိုင္းတစ္ခု ျဖစ္သည္ဟု အသိေပးသည္။

စစ္ဆင္ေရးအတြင္း ၿမိဳ႕ျပ ေျပာက္က်ားရဲေဘာ္မ်ား ေဘးကင္းစြာဆုတ္ခြာႏိုင္ခဲ့ေသာ္လည္း အမည္မေဖာ္လိုသည့္ ဆုံးရႈံးမႈ အခ်ိဳ႕ရွိေၾကာင္း စစ္အာဏာရွင္က်ဆုံးေရးအတြက္ ၿမိဳ႕ျပ ေျပာက္က်ားလုပ္ငန္းမ်ားဆက္လက္လုပ္ကိုင္ႏိုင္ရန္ ျပည္သူအေပါင္းမွ ေထာက္ပံ့ ကူညီရန္ ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ယခုလ ၃ ရက္ကလည္း ေကာ့မႈးႏွင့္ သန္လ်င္ၿမိဳ႕နယ္တို႔တြင္ “နန္းထိုက္ေအာင္စစ္ဆင္ေရး” အေနျဖင့္ စစ္ေရးပစ္မွတ္ႏွစ္ေနရာကို တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သားႏွစ္ဦးေသဆုံးၿပီး ၊ႏွစ္ဦးဒဏ္ရာရရွိသည္ဟု ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕တာဝန္ရွိသူက အတည္ျပဳထားသည္။

ဧၿပီ ၈ရက္ကစတင္ခဲ့သည့္ “နန္းထိုက္ေအာင္” စစ္ဆင္ေရးအရ အၾကမ္းဖက္စစ္တပ္ႏွင့္ ၎၏ ေထာက္တိုင္မ်ားကို ပစ္မွတ္ထား၍ ေ႐ႊျပည္သာ၊မဂၤလာဒုံ၊ အင္းစိန္ ၊ ကမာ႐ြတ္၊လမ္းမေတာ္၊ တြံ​ေတး၊ သုံးခြ၊ ​ဒလႏွင့္လႈိင္သာယာၿမိဳ႕နယ္တို႔တြင္လည္း တိုက္ခိုက္ခဲ့သည္။

လူထုေႏြဦး

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် တောင်ဥက္ကလာပရှိ ထောက်ပို့တပ်ရင်းကို (၄၀)မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရဲခေါင်/People’s Spring

“နန်းထိုက်အောင် စစ်ဆင်ရေး”၏ အစိတ်အပိုင်းအဖြစ် တောင်ဥက္ကလာပမြို့နယ်ရှိ ထောက်ပို့တပ်ရင်းကို (၄၀)မမ ဗုံးသီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CIVIL GUERRILLA FORCE -YGN က ယနေ့(မေ ၄ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဉ်မှာ ဧပြီ ၃၀ရက် နံနက် ၅နာရီခန့်က ဖြစ်ပြီး သံသုမာလမ်းပေါ်ရှိ အမှတ် ၄၃၄/၄၃၅ ထောက်ပို့တပ်ရင်းကို Yangon Federal Army နှင့် ပူးပေါင်း၍ (၄၀)မမ ဗုံးသီး၊ လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယုံကြည်စိတ်ချရသော သတင်းပေး၏အဆိုအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု သတင်းရရှိသော်လည်း CIVIL GUERRILLA FORCE -YGN အနေဖြင့် သီးခြါးအတည်မပြုနိုင်သေးပေ။

ယခု စစ်ဆင်ရေးသည် အဖမ်းဆီးခံမြို့ပြ ပြောက်ကျားရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်ခြင်းဖြစ်ပြီး “နန်းထိုက်အောင် စစ်ဆင်ရေး “၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု အသိပေးသည်။

စစ်ဆင်ရေးအတွင်း မြို့ပြ ပြောက်ကျားရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း အမည်မဖော်လိုသည့် ဆုံးရှုံးမှု အချို့ရှိကြောင်း စစ်အာဏာရှင်ကျဆုံးရေးအတွက် မြို့ပြ ပြောက်ကျားလုပ်ငန်းများဆက်လက်လုပ်ကိုင်နိုင်ရန် ပြည်သူအပေါင်းမှ ထောက်ပံ့ ကူညီရန် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ ၃ ရက်ကလည်း ကော့မှုးနှင့် သန်လျင်မြို့နယ်တို့တွင် “နန်းထိုက်အောင်စစ်ဆင်ရေး” အနေဖြင့် စစ်ရေးပစ်မှတ်နှစ်နေရာကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ၊နှစ်ဦးဒဏ်ရာရရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက အတည်ပြုထားသည်။

ဧပြီ ၈ရက်ကစတင်ခဲ့သည့် “နန်းထိုက်အောင်” စစ်ဆင်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ထောက်တိုင်များကို ပစ်မှတ်ထား၍ ရွှေပြည်သာ၊မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ တွံတေး၊ သုံးခွ၊ ဒလနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း တိုက်ခိုက်ခဲ့သည်။

လူထုနွေဦး