Local News

ရန္သူကို အနားမေပးဘဲ ဒူးေထာက္အညံ့ခံတဲ့အထိ

ရန္သူကို အနားမေပးဘဲ ဒူးေထာက္အညံ့ခံတဲ့အထိ အရွိန္ျမႇင့္တိုက္ခိုက္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ ကာကြယ္ေရးဝန္ႀကီးေျပာ

DeltaNewsAgency

ရန္သူကို အနားမေပးဘဲ ျပည္သူ႔ေရွ႕ေမွာက္ စစ္အာဏာရွင္ေတြ ဒူးေထာက္အညံ့ခံတဲ့အထိ အဆက္မျပတ္ အရွိန္ျမႇင့္ တိုက္ခိုက္ၾကဖို႔ အခ်ိန္ေရာက္ရွိလာၿပီလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ က်ေရာက္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးရဲ႕ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF) တည္ေထာင္ေၾကာင္း ေၾကညာျခင္း တစ္ႏွစ္ျပည့္အမွာစကားမွာ ကာကြယ္ေရးဝန္ႀကီးက အဲဒီလို ထည့္သြင္းေျပာခဲ့တာပါ။

ျပည္သူက တာဝန္ေက်ခ်ိန္မွာ ေတာ္လွန္ေရးေအာင္ပြဲခံတဲ့အထိ တိုက္ပြဲဝင္ၾကဖို႔ဆိုတာ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ရဲ႕ တာဝန္ျဖစ္လာတယ္လို႔ ကာကြယ္ေရးဝန္ႀကီးကေျပာၾကားခဲ့သလို ျပည္သူ႔ခုခံတြန္းလွန္စစ္ကို ႐ြပ္႐ြပ္ခြၽံခြၽံ ဆင္ႏႊဲေနၾကတဲ့ ရဲေဘာ္တစ္ဦးခ်င္းစီတိုင္းကို ဦးၫႊတ္အေလးျပဳလိုက္ေၾကာင္းနဲ႔ ဒီေန႔၊ ဒီရက္မွာ အထူးသတိရေနမိတာက ေတာ္လွန္ေရးအတြင္း က်ဆုံးခဲ့တဲ့ရဲေဘာ္ေတြ၊ ေျခလက္ အဂၤါစြန႔္လႉခဲ့ရတဲ့ရဲေဘာ္ေတြကိုျဖစ္ေၾကာင္း သူကေျပာပါတယ္။

ဒီလို ေတာ္လွန္စစ္ကို ထိထိေရာက္ေရာက္ ဆင္ႏႊဲႏိုင္ဖို႔ဆိုတာ ျပည္သူေတြရဲ႕ အားေပးေထာက္ခံမႈ၊ ျပည္သူေတြရဲ႕စြန႔္လႊတ္အနစ္အနာခံမႈဟာ အဓိကက်တယ္ဆိုတာကို မေမ့မေလ်ာ့ရွိရမယ္လို႔လည္း ဆိုပါတယ္။

‘ျပည္သူက တာဝန္ေက်တယ္။ ျပည္သူဆိုတဲ့အထဲမွာ စစ္အာဏာရွင္အုပ္စိုးမႈကို လုံးဝလက္မခံေၾကာင္း ကိုယ္ရဲ႕အသက္ေမြးဝမ္းေက်ာင္း အလုပ္အကိုင္ကို စြန႔္လႊတ္ၿပီး အာဏာဖီဆန္ခဲ့ၾကတဲ့ ျပည္သူ႔ဝန္ထမ္းေတြပါတယ္။အာဏာသိမ္းတာ တစ္ႏွစ္ေက်ာ္ၾကာေပမယ့္ ဇြဲနဘဲမေလွ်ာ့ဘဲ လမ္းမေပၚထြက္ၿပီး အသက္စြန႔္ ဆႏၵျပေနတဲ့လူငယ္ေတြ၊ အမ်ိဳးသမီးေတြပါတယ္။ စစ္ေကာင္စီရဲ႕အက်ဥ္းစခန္းေတြထဲမွာ အခ်ဳပ္အေႏွာင္ခံရ၊ ညႇင္းပန္းႏွိပ္စက္ခံေနရတဲ့ ရဲေဘာ္ေတြပါတယ္။

စစ္ေကာင္စီတပ္ရဲ႕ လူသတ္၊ မီးရႈိ႕၊ အၾကမ္းဖက္မႈကို ေန႔စဥ္ရက္ဆက္ခံေနရေပမယ့္ PDF နဲ႔ေတာ္လွန္ေရးအေပၚ အားေပးေထာက္ခံမႈ မပ်က္တဲ့ ေက်းလက္ေန တိုင္းရင္းသားျပည္သူေတြ ပါတယ္။ တစ္ခ်ိန္က စစ္ေကာင္စီလက္ေအာက္ခံ ျဖစ္ခဲ့ေပမယ့္ အၾကမ္းဖက္မႈ ေတြကို မသတီလို႔ စစ္ေကာင္စီကိုစြန႔္ခြာၿပီး ျပည္သူနဲ႔ပူးေပါင္းလာတဲ့ တပ္မေတာ္သားေတြ၊ ျပည္သူ႔ရဲ တပ္ဖြဲ႕ဝင္ေတြ ပါတယ္။ သူတို႔အားလုံးဟာ ငါတို႔ အေလးအျမတ္ျပဳရမယ့္ ျပည္သူေတြပဲ ျဖစ္တယ္’ လို႔ သူကဆက္ေျပာပါတယ္။

ဒါ့အျပင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ထူေထာင္ရာမွာ ကူညီေစာင့္‌ေရွာက္ ေထာက္ပံ့မႈ ေပးခဲ့ၾကတဲ့ မဟာမိတ္ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕ေတြရဲ႕ ေက်းဇူးကိုလည္း အေလးအနက္ထားရမွာျဖစ္သလို ေတာ္လွန္ေရးဆင္ႏႊဲရာမွာ PDF ရဲေဘာ္ေတြနဲ႔ လက္တြဲေရွ႕ေဆာင္တိုက္ပြဲဝင္ေနတဲ့ မဟာမိတ္ရဲေဘာ္ေတြအေပၚ ညီရင္းအစ္ကိုစိတ္ဓာတ္ေမြးျမဴၿပီး တစ္ေသြးတစ္သားတည္းရွိေၾကာင္း ေဖာ္ျပၾကရမွာျဖစ္ေၾကာင္း ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ ေဒသအလိုက္ ေတာ္လွန္ေရးအစုအဖြဲ႕ေတြ ဖြဲ႕စည္းလႈပ္ရွားေနတဲ့ ‌ေျပာက္က်ားရဲေဘာ္ေတြနဲ႔လည္း နားလည္မႈရွိရွိ၊ ဟန္ခ်က္ညီညီ လက္တြဲ အလုပ္လုပ္ၾကဖို႔ လိုေၾကာင္းလည္း ဆိုပါတယ္။

PDF ရဲေဘာ္ေတြဟာ တစ္ႏွစ္တာ အေတြ႕အႀကဳံအရ ေျပာက္က်ားစစ္၊ လႈပ္ရွားစစ္အရာမွာ ပိုမိုကြၽမ္းက်င္ပိုင္ႏိုင္ၿပီး ရန္သူကို အထိနာေအာင္ တိုက္ခိုက္ႏိုင္တဲ့ ရဲေဘာ္ေတြျဖစ္လာၿပီး PDF ရဲေဘာ္တို႔ရဲ႕ စြမ္းေဆာင္မႈေၾကာင့္ တစ္ေန႔တျခားအင္အားျပဳန္းတီးေနတဲ့ စစ္ေကာင္စီ တပ္ဟာ စိတ္ဓာတ္အရလည္း ဖ႐ိုဖရဲၿပိဳကြဲေနၿပီဆိုတာ သိသာတယ္လို႔လည္း ဆိုပါတယ္။

ရန်သူကို အနားမပေးဘဲ ဒူးထောက်အညံ့ခံတဲ့အထိ အရှိန်မြှင့်တိုက်ခိုက်ဖို့ အချိန်ရောက်ပြီလို့ ကာကွယ်ရေးဝန်ကြီးပြော

DeltaNewsAgency

ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက် စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံတဲ့အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြဖို့ အချိန်ရောက်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကားမှာ ကာကွယ်ရေးဝန်ကြီးက အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။

ပြည်သူက တာဝန်ကျေချိန်မှာ တော်လှန်ရေးအောင်ပွဲခံတဲ့အထိ တိုက်ပွဲဝင်ကြဖို့ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ဖြစ်လာတယ်လို့ ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သလို ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွပ်ရွပ်ချွံချွံ ဆင်နွှဲနေကြတဲ့ ရဲဘော်တစ်ဦးချင်းစီတိုင်းကို ဦးညွှတ်အလေးပြုလိုက်ကြောင်းနဲ့ ဒီနေ့၊ ဒီရက်မှာ အထူးသတိရနေမိတာက တော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေကိုဖြစ်ကြောင်း သူကပြောပါတယ်။

ဒီလို တော်လှန်စစ်ကို ထိထိရောက်ရောက် ဆင်နွှဲနိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ပြည်သူတွေရဲ့စွန့်လွှတ်အနစ်အနာခံမှုဟာ အဓိကကျတယ်ဆိုတာကို မမေ့မလျော့ရှိရမယ်လို့လည်း ဆိုပါတယ်။

‘ပြည်သူက တာဝန်ကျေတယ်။ ပြည်သူဆိုတဲ့အထဲမှာ စစ်အာဏာရှင်အုပ်စိုးမှုကို လုံးဝလက်မခံကြောင်း ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေပါတယ်။အာဏာသိမ်းတာ တစ်နှစ်ကျော်ကြာပေမယ့် ဇွဲနဘဲမလျှော့ဘဲ လမ်းမပေါ်ထွက်ပြီး အသက်စွန့် ဆန္ဒပြနေတဲ့လူငယ်တွေ၊ အမျိုးသမီးတွေပါတယ်။ စစ်ကောင်စီရဲ့အကျဉ်းစခန်းတွေထဲမှာ အချုပ်အနှောင်ခံရ၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ရဲဘော်တွေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူသတ်၊ မီးရှို့၊ အကြမ်းဖက်မှုကို နေ့စဉ်ရက်ဆက်ခံနေရပေမယ့် PDF နဲ့တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု မပျက်တဲ့ ကျေးလက်နေ တိုင်းရင်းသားပြည်သူတွေ ပါတယ်။ တစ်ချိန်က စစ်ကောင်စီလက်အောက်ခံ ဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှု တွေကို မသတီလို့ စစ်ကောင်စီကိုစွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေ ပါတယ်။ သူတို့အားလုံးဟာ ငါတို့ အလေးအမြတ်ပြုရမယ့် ပြည်သူတွေပဲ ဖြစ်တယ်’ လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်ရာမှာ ကူညီစောင့်‌ရှောက် ထောက်ပံ့မှု ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ကျေးဇူးကိုလည်း အလေးအနက်ထားရမှာဖြစ်သလို တော်လှန်ရေးဆင်နွှဲရာမှာ PDF ရဲဘော်တွေနဲ့ လက်တွဲရှေ့ဆောင်တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်တွေအပေါ် ညီရင်းအစ်ကိုစိတ်ဓာတ်မွေးမြူပြီး တစ်သွေးတစ်သားတည်းရှိကြောင်း ဖော်ပြကြရမှာဖြစ်ကြောင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဒေသအလိုက် တော်လှန်ရေးအစုအဖွဲ့တွေ ဖွဲ့စည်းလှုပ်ရှားနေတဲ့ ‌ပြောက်ကျားရဲဘော်တွေနဲ့လည်း နားလည်မှုရှိရှိ၊ ဟန်ချက်ညီညီ လက်တွဲ အလုပ်လုပ်ကြဖို့ လိုကြောင်းလည်း ဆိုပါတယ်။

PDF ရဲဘော်တွေဟာ တစ်နှစ်တာ အတွေ့အကြုံအရ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်အရာမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်တဲ့ ရဲဘော်တွေဖြစ်လာပြီး PDF ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့် တစ်နေ့တခြားအင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီ တပ်ဟာ စိတ်ဓာတ်အရလည်း ဖရိုဖရဲပြိုကွဲနေပြီဆိုတာ သိသာတယ်လို့လည်း ဆိုပါတယ်။