Local News



ရန်ကုန်၊ မေ ၅




မြောင် MRA စခန်းကို စီးနင်းသော စစ်ကောင်စီတပ်ဖွဲ့ကို စခန်းတွင်း ထောင်ထားသော ပဒေသာမိုင်းများ ဖောက်ခွဲတိုက်ခိုက်၊ ၃ ဦး နေရာတွင် သေဆုံးပြီး ၁၄ ဦး ဒဏ်ရာပြင်းထန် (ရုပ်/သံ)

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ မြောင်မြို့နယ်တော်လှန်ရေးတပ် MRA စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၁ ရက်နေ့ နံနက် ၁ နာရီတွင် ဝင်ရောက်စီးနင်းစဉ် စခန်းတွင်း ထောင်ထားသော ပဒေသာမိုင်းများဖြင့် ပြန်လည်ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနေရာတွင် သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရကြောင်း MRA အဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်သားနှင့် ရဲ ၁၀၀ ကျော်ပါသော တပ်ဖွဲ့က MRA စခန်းကို ဝင်ရောက်စီးနင်းစဉ် ပဒေသာမိုင်းများဖောက်ခွဲကာ ပြန်လည်တိုက်ခိုက်ခဲ့သည့် ရုပ်သံကို MRA က ယနေ့ ထုတ်ပြန်သည်။

ဒဏ်ရာရ စစ်သားများအား သယ်ဆောင်ပြီး ဆုတ်ခွာနေသော စစ်ကောင်စီတပ်ဖွဲ့က MRA က ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရကြောင်း MRA ထံမှ သိရှိရသည်။