Local News

“သံဝန်ထမ်း ဒေါ်မြသိင်္ဂီ CDM မှာပါဝင်ပြီ”






Emerald Theingi

ကျွန်မ ဒေါ်မြသိင်္ဂီသည် ၂၀၂၀ ခုနှစ် ရွေးကောက်ခံအစိုးရ၏ စေလွှတ်မှုဖြင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် မြန်
မာနိုင်ငံကိုယ်စားပြု သံဝန်ထမ်းတစ်ဦးဖြစ်ပါသည်။

ကျွန်မသည် ၃-၅-၂၀၂၂ ရက်နေ့မှစ၍ မိမိ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊

ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျကိရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် ကျွန်မသညိ အခြားသော CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင်အတူ ပြည်သူ့ဘက်မှ ရပ်တည်၍ Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ပါသည်။

ကျွန်မသည် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူများနှင့် ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိပါသည်။

ယခုဆုံးဖြတ်ချက်သည် မိမိ၏ သဘောဆန္ဒအလျောက်သာ ပြုလုပ်ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ဦးယောက်၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်များ၏ တိုက်တွန်းအားပေးချက်လုံးဝ မပါရှိပါကြောင်းနှင့် ကျွန်မ၏ မိတ်ဆွေအသိုင်းအဝန်းနှင့် မိသားစုများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်း ဖော်ပြအပ်ပါသည်။