ရန္ကုန္၊ အင္းလ်ားလမ္းရွိ မင္းေအာင္လႈိင္ေနအိမ္ကို NUG က ေဒၚလာ ၁၀ သန္း ျဖင့္ စတင္ေရာင္းခ်၊ အစုရွယ္ယာ ၁ သိန္းသတ္မွတ္ထားၿပီး အစုရွယ္ယာတစ္စုလွ်င္ ေဒၚလာ ၁၀၀ ျဖင့္ ျပည္သူမ်ား ဝယ္ယူႏိုင္
ရန္ကုန္၊ ေမ ၅
ရန္ကုန္၊ အင္းလ်ားလမ္းရွိ မင္းေအာင္လႈိင္က မတရားသိမ္းယူထားေသာ ႏိုင္ငံေတာ္ပိုင္ ေနအိမ္ကို NUGအမ်ိဳးသားညီၫြတ္ေရးအစိုးရ က အေမရိကန္ေဒၚလာ ၁၀ သန္း ေစ်းႏႈန္းသတ္မွတ္လိုက္ၿပီး ေဒၚလာ ၁၀ သန္းကို အစုရွယ္ ယာ ၁ သိန္း ခြဲျခမ္း၍ ေရာင္းခ်မည္ျဖစ္ကာ ရွယ္ယာတစ္စုလွ်င္ ေဒၚလာ ၁၀၀ ျဖင့္ ျပည္သူမ်ား ဝယ္ယူႏိုင္ေၾကာင္း NUG က တရားဝင္ ထုတ္ျပန္ေၾကညာသည္။
အာဏာရွင္ အဆုံးသတ္နိဂုံး (The End of Dictatorship-EOD) အစီအစဥ္၏ ကနဦးေျခလွမ္းအျဖစ္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္မတရားသျဖင့္ ရယူထားေသာ ႏိုင္ငံေတာ္ပိုင္ ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းလ်ားလမ္း၊ ၿခံအမွတ္ (၁၄)ရွိ ေျမႏွင့္အေဆာက္အအုံအား ႀကိဳတင္ေရာင္းခ်ႏိုင္ေရး အတြက္ ျပည္သူ႔ဆႏၵေကာက္ယူမႈ စစ္တမ္း တစ္ခု ျပဳလုပ္ခဲ့ေၾကာင္း၊ စစ္တမ္းေကာက္ယူမႈ (၆) ရက္တာကာလအတြင္း စုစုေပါင္း ဆႏၵျပဳသူ တစ္ေသာင္းရွစ္ေထာင္ေက်ာ္၏ ၉၇ ရာခိုင္ႏႈန္း ေက်ာ္က ဝယ္ယူမည္ဟု ဆႏၵျပဳခဲ့ၾကၿပီး ဝယ္ယူရန္ အဆိုျပဳပမာဏ စုစုေပါင္းမွာ ေငြက်ပ္ ၃၄ ဘီလီယံေက်ာ္ (အေမရိကန္ေဒၚလာ ၁၇ သန္း) ခန႔္ ရွိေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ မတရားသျဖင့္ ရယူထားေသာ အဆိုပါႏိုင္ငံေတာ္ပိုင္ေျမမွာ ၁.၈၆ ဧက က်ယ္ဝန္းၿပီး ကာလေပါက္ေဈးအားျဖင့္ အေမရိကန္ေဒၚလာ သန္း ၃၀ ေက်ာ္တန္ေၾကးရွိေၾကာင္း၊ NUG က မင္းေအာင္လႈိင္အိမ္ကို ေရာင္းခ်သည့္အခါ ကာလတန္ေၾကး၏ ၃ ပုံ ၁ ပုံ၊ အေမရိကန္ေဒၚလာ ၁၀ သန္းသာ တန္ဖိုးျဖတ္၍ အစုရွယ္ယာ တစ္သိန္းတိတိ ေရာင္းခ်သြားမည္ျဖစ္ၿပီး ရွယ္ယာတစ္စုလွ်င္ အေမရိကန္ေဒၚလာ ၁၀၀ သတ္မွတ္ေၾကာင္း သိရွိရသည္။
ကမာၻတလႊားရွိ ဆက္သြယ္ဝယ္ယူရရွိႏိုင္မည့္ ကိုယ္စားလွယ္အမည္စာရင္းႏွင့္ စတင္ေရာင္းခ်မည့္အခ်ိန္အား သီးျခားထုတ္ျပန္ေပးသြားမည္ျဖစ္ၿပီး မိမိတို႔ႏွင့္ အဆင္ေျပနီးစပ္သည့္ ႏိုင္ငံတကာကိုယ္စားလွယ္မ်ားထံ ခ်ိတ္ဆက္၍ ဝယ္ယူရရွိႏိုင္ပါေၾကာင္း သတင္းေကာင္းပါးအပ္ေၾကာင္း ၊
ဤေရာင္းခ်မႈအား အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည့္ “အၾကမ္းဖက္စစ္ေကာင္စီက သိမ္းယူထားေသာ တပ္ပိုင္ေျမဆိုင္ရာ အေျခခံမူမ်ား” အပိုဒ္ ၄ ႏွင့္ အပိုဒ္ ၅ အရ စီမံေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း၊ အာဏာရွင္အဆုံးသတ္နိဂုံးအတြက္ မဆုတ္မနစ္ေသာ ဇြဲလုံ႔လ၊ ခိုင္မာျပတ္သားေသာသႏၷိ႒ာန္ျဖင့္ ပူးေပါင္း ပါဝင္ဝယ္ယူၾကသူအားလုံးကို ေလးစားဂုဏ္ျပဳ ဦးၫႊတ္အပ္ေၾကာင္း NUG ၏ ထုတ္ျပန္ေၾကညာခ်က္တြင္ ေရးသားထားသည္။
ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်နေအိမ်ကို NUG က ဒေါ်လာ ၁၀ သန်း ဖြင့် စတင်ရောင်းချ၊ အစုရှယ်ယာ ၁ သိန်းသတ်မှတ်ထားပြီး အစုရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်
ရန်ကုန်၊ မေ ၅
ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံတော်ပိုင် နေအိမ်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ က အမေရိကန်ဒေါ်လာ ၁၀ သန်း ဈေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစုရှယ် ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။
အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါနိုင်ငံတော်ပိုင်မြေမှာ ၁.၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိကြောင်း၊ NUG က မင်းအောင်လှိုင်အိမ်ကို ရောင်းချသည့်အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ကြောင်း သိရှိရသည်။
ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် စတင်ရောင်းချမည့်အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေနီးစပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ကြောင်း ၊
ဤရောင်းချမှုအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အာဏာရှင်အဆုံးသတ်နိဂုံးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ဝယ်ယူကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်အပ်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။