ကျဆုံး PDF များအတွက် NUG က ငွေတိုက်စာချုပ်ဝယ်ပေးမည်
ရန်ကုန်၊ မေ (၅)
လူငယ့်ခေတ်
တော်လှန်ရေးအတွင်း အသက်ပေးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ ကျန်ရစ်သူမိသားစုများအတွက် ငွေတိုက်စာချုပ် (Bond) များ ဝယ်ယူပေးမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် PDF များကို ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် ကျန်ရစ်သူမိသားစုများ၏ အစားထိုးမရသည့် ဆုံးရှုံးမှုအတွက် တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ရန် “ဒို့ … နွေဦးသူရဲ့ကောင်းများအတွက် ငွေတိုက်စာချုပ်” အစီအစဉ်ကို PDF တစ်နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့တွင် စတင်ပြလုပ်မည်ဟု ဆိုသည်။
ကျန်ရစ်သူမိသားစုများ၏ ဘဝနောင်ရေးအတွက် စောင့်ရှောက်မှု တစ်စုံတစ်ရာပေးနိုင်ရန် အသက်ရှင်ကျန်ရစ်နေကြသူများတွင် တာဝန်ရှိသည်ဟုခံယူခြင်းကြောင့် ကျဆုံးခဲ့သည့် PDF မိသားစုဝင်များကို ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါထောက်ပံမှုကို PVTV ၏ YouTube Channel ဖြစ်သည့် youtube.com/c/pvtvmyanmar ဝင်ငွေများမှ NUG Bond များကို တစ်လလျှင် (၃) ဦးနှုန်းအတွက် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်ရစ်သူ မိသားစုတွေအတွက် Bond ဝယ်ယူပေးမည်သူရှိပါကလည်း PVTV က ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ ဝယ်ယူပေးသွားမည်ဖြစ်ပြီး ဝယ်ယူပေးချင်ကြသူများရှိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger Bot မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ PDF (၁) နှစ်ပြည့်သည့်အချိန်တွင်လည်း တပ်ရင်း၊ တပ်ဖွဲ့ပေါင်း (၂၅၇) ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို လည်း မြို့နယ်ပေါင်း (၂၅၀) တွင် စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဟု NUG က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီတပ်ကို အနားမပေးဘဲ စစ်အာဏာရှင်များ ပြည်သူ့ရှေ့မှောက်၌ ဒူးထောက်အညံ့ခံရသည့်အချိန်အထိ အရှိန်မြှင့် တိုက်ခိုက်ကြရန်အချိန်ရောက်ရှိလာပြီဟုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ပြောဆိုထားသည်။
က်ဆုံး PDF မ်ားအတြက္ NUG က ေငြတိုက္စာခ်ဳပ္ဝယ္ေပးမည္
ရန္ကုန္၊ ေမ (၅)
လူငယ့္ေခတ္
ေတာ္လွန္ေရးအတြင္း အသက္ေပးခဲ့သည့္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္သားမ်ား၏ က်န္ရစ္သူမိသားစုမ်ားအတြက္ ေငြတိုက္စာခ်ဳပ္ (Bond) မ်ား ဝယ္ယူေပးမည္ဟု NUG ကာကြယ္ေရးဝန္ႀကီးဌာနက ယေန႔ထုတ္ျပန္လိုက္သည္။
ျပည္သူ႔ခုခံတြန္းလွန္စစ္အတြင္း ႀကီးျမတ္စြာ အသက္ေပးခဲ့ၾကသည့္ PDF မ်ားကို ဂုဏ္ျပဳမွတ္တမ္းတင္ျခင္းႏွင့္ က်န္ရစ္သူမိသားစုမ်ား၏ အစားထိုးမရသည့္ ဆုံးရႈံးမႈအတြက္ တစ္စုံတစ္ရာ ေျဖသိမ့္ေပးနိုင္ရန္ “ဒို႔ … ေႏြဦးသူရဲ့ေကာင္းမ်ားအတြက္ ေငြတိုက္စာခ်ဳပ္” အစီအစဥ္ကို PDF တစ္ႏွစ္ျပည့္ေန႔ျဖစ္သည့္ ယေန႔တြင္ စတင္ျပလုပ္မည္ဟု ဆိုသည္။
က်န္ရစ္သူမိသားစုမ်ား၏ ဘဝေနာင္ေရးအတြက္ ေစာင့္ေရွာက္မႈ တစ္စုံတစ္ရာေပးနိုင္ရန္ အသက္ရွင္က်န္ရစ္ေနၾကသူမ်ားတြင္ တာဝန္ရွိသည္ဟုခံယူျခင္းေၾကာင့္ က်ဆုံးခဲ့သည့္ PDF မိသားစုဝင္မ်ားကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
အဆိုပါေထာက္ပံမႈကို PVTV ၏ YouTube Channel ျဖစ္သည့္ youtube.com/c/pvtvmyanmar ဝင္ေငြမ်ားမွ NUG Bond မ်ားကို တစ္လလၽွင္ (၃) ဦးႏႈန္းအတြက္ ဝယ္ယူေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္ရစ္သူ မိသားစုေတြအတြက္ Bond ဝယ္ယူေပးမည္သူရွိပါကလည္း PVTV က ကာကြယ္ေရးဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္ကာ ဝယ္ယူေပးသြားမည္ျဖစ္ၿပီး ဝယ္ယူေပးခ်င္ၾကသူမ်ားရွိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger Bot မွတဆင့္ ဆက္သြယ္ဝယ္ယူနိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ယေန႔ PDF (၁) ႏွစ္ျပည့္သည့္အခ်ိန္တြင္လည္း တပ္ရင္း၊ တပ္ဖြဲ႕ေပါင္း (၂၅၇) ရင္းကို ဖြဲ႕စည္းတည္ေထာင္နိုင္ခဲ့ၿပီး ၿမိဳ႕နယ္အေျချပဳ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ) မ်ားကို လည္း ၿမိဳ႕နယ္ေပါင္း (၂၅၀) တြင္ စနစ္တက် ဖြဲ႕စည္းနိုင္ခဲ့ၿပီးဟု NUG က ထုတ္ျပန္ထားသည္။
ထို႔ျပင္ စစ္ေကာင္စီတပ္ကို အနားမေပးဘဲ စစ္အာဏာရွင္မ်ား ျပည္သူ႔ေရွ႕ေမွာက္၌ ဒူးေထာက္အညံ့ခံရသည့္အခ်ိန္အထိ အရွိန္ျမႇင့္ တိုက္ခိုက္ၾကရန္အခ်ိန္ေရာက္ရွိလာၿပီဟုလည္း ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ယေန႔ေျပာဆိုထားသည္။