Local News

ျပည္သူမ်ား၏ပူးေပါင္းပါဝင္မႈမရွိျခင္းအခက္အခဲမ်ားေၾကာင့္ ၿမိဳ႕ျပ‌ေျပာက္က်ား (၂) ဖြဲ႕ မႏၲေလးကိုစြန႔္ခြာျပန္ၿပီ

ျပည္သူမ်ား၏ပူးေပါင္းပါဝင္မႈမရွိျခင္းအခက္အခဲမ်ားေၾကာင့္ ၿမိဳ႕ျပ‌ေျပာက္က်ား (၂) ဖြဲ႕ မႏၲေလးကိုစြန႔္ခြာျပန္ၿပီ

မႏၲေလး၊ ေမ (၅)…..လူငယ့္ေခတ္

ၿမိဳ႕ေပၚ၌ ေနထိုင္ရန္ခက္ခဲလာေသာေၾကာင့္ မႏၲေလးၿမိဳ႕မွစြန႔္ခြာမည္ဟု ေတာ္လွန္ေရး‌ ၿမိဳ႕ျပေျပာက္က်ား အဖြဲ႕ (၂) ဖြဲ႕က ေၾကညာလိုက္ သည္။Dragon Warrior အဖြဲ႕ႏွင့္ အနက္ေရာင္ေသမင္း ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕တို႔က မႏၲေလးၿမိဳ႕ကို ႏႈတ္ဆက္ေၾကာင္းထုတ္ျပန္ခ်က္အသီးသီးကို ယမန္ေန႔ႏွင့္ ယေန႔တြင္ ဆက္တိုက္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

“ကိုယ့္မထိသေ႐ြ႕ ေတာ္လွန္ေရးဟာကိုယ္နဲ႔မဆိုင္သလိုေနၾကတဲ့သူမ်ားေနေတာ့ ကြၽန္‌ ေတာ္တို႔အဖြဲ႕ ၿမိဳ႕ေပၚကေနစြန႔္ခြာသြားပါၿပီ။ မန္းသူ မန္းသားမ်ား စိတ္ေအးခ်မ္းသာစြာ မန္းၿမိဳ႕ႀကီးမွာ စစ္ကြၽန္ဘဝနဲ႔ေနခဲ့ၾကပါေတာ့။ မန္းၿမိဳ႕ေပၚမွာ ကြၽန္ေတာ္တို႔ေတြဘယ္လိုမွေနလို႔ရတဲ့အေျခအေနမဟုတ္တဲ့အတြက္ မန္းၿမိဳ႕ႀကီးကိုစြန႔္ခြာသြားရေပမဲ့ တစ္ခ်ိန္မွာ ေအာင္ပြဲေတြနဲ႔အတူ မန္းၿမိဳ႕ႀကီးဆီကိုျပန္လာခဲ့ခ်င္ပါေသးတယ္” ဟု Dragon Warrior အဖြဲ႕မွ ဗိုလ္ နဂါးေလးက ေရးသားထားသည္။

Dragon Warrior အဖြဲ႕သည္ မႏၲေလးၿမိဳ႕ျပေျပာက္က်ားအျဖစ္ အေစာဆုံးဖြဲ႕စည္းခဲ့သည့္ အဖြဲ႕အစည္းမ်ားအတြင္း ပါဝင္ၿပီး စစ္ေကာင္စီသတင္းေပးဟုဆိုသူမ်ားကို ရွင္းလင္းျခင္းႏွင့္ ကေမာၻဇဘဏ္ခြဲတစ္ခုကို ၿပီးခဲ့သည့္ ဧၿပီလက ဗုံးခြဲတိုက္ခိုက္ခဲ့သည့္ အဖြဲ႕ျဖစ္သည္။

အနက္ေရာင္ေသမင္းအဖြဲ႕သည္လည္း မႏၲေလးဘူတာႀကီးရထားကိုဗုံးပစ္တိုက္ခိုက္ျခင္း၊ စစ္ကိုင္း-မႏၲေလးလမ္းေပၚရွိ ျမဝတီဘဏ္တြင္ တပ္ဆြဲထားသည့္ စစ္အုပ္စုကင္းစခန္းမ်ားကို မဟာမိတ္တပ္မ်ားႏွင့္အတူဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ အဖြဲ႕ျဖစ္သည္။

မႏၲေလး၌ စစ္အုပ္စုကိုတိုက္ခိုက္ခ်ိန္ ျပည္သူ မ်ား၏ မလိုက္နာမႈေၾကာင့္ ရပ္တန႔္လိုက္ရသည့္ မစ္ရွင္မ်ားရွိေၾကာင္းလည္း မႏၲေလးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

မႏၲေလးၿမိဳ႕တြင္ သပိတ္ေမွာက္ဆန႔္က်င္ခိုင္းထားသည့္ အရက္ဘားမ်ား၊ ဘီယာဆိုင္မ်ား၊ KTV မ်ားတြင္ လူအျပည့္ျဖစ္ေနၿပီး ေတာ္လွန္ေရးတြင္ ပူးေပါင္းပါဝင္မႈနည္းလာေသာ ေၾကာင့္ စစ္အုပ္စုဘက္မွလႈပ္ရွားမႈ ပိုမိုအားေကာင္းလာကာ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ား ဖိႏွိပ္ဖမ္းဆီးခံေနရသည္။

ပြည်သူများ၏ပူးပေါင်းပါဝင်မှုမရှိခြင်းအခက်အခဲများကြောင့် မြို့ပြ‌ပြောက်ကျား (၂) ဖွဲ့ မန္တလေးကိုစွန့်ခွာပြန်ပြီ

မန္တလေး၊ မေ (၅)…..လူငယ့်ခေတ်

မြို့ပေါ်၌ နေထိုင်ရန်ခက်ခဲလာသောကြောင့် မန္တလေးမြို့မှစွန့်ခွာမည်ဟု တော်လှန်ရေး‌ မြို့ပြပြောက်ကျား အဖွဲ့ (၂) ဖွဲ့က ကြေညာလိုက် သည်။Dragon Warrior အဖွဲ့နှင့် အနက်ရောင်သေမင်း မြို့ပြပျောက်ကြားအဖွဲ့တို့က မန္တလေးမြို့ကို နှုတ်ဆက်ကြောင်းထုတ်ပြန်ချက်အသီးသီးကို ယမန်နေ့နှင့် ယနေ့တွင် ဆက်တိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်‌ တော်တို့အဖွဲ့ မြို့ပေါ်ကနေစွန့်ခွာသွားပါပြီ။ မန်းသူ မန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့နေခဲ့ကြပါတော့။ မန်းမြို့ပေါ်မှာ ကျွန်တော်တို့တွေဘယ်လိုမှနေလို့ရတဲ့အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကိုစွန့်ခွာသွားရပေမဲ့ တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကိုပြန်လာခဲ့ချင်ပါသေးတယ်” ဟု Dragon Warrior အဖွဲ့မှ ဗိုလ် နဂါးလေးက ရေးသားထားသည်။

Dragon Warrior အဖွဲ့သည် မန္တလေးမြို့ပြပြောက်ကျားအဖြစ် အစောဆုံးဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများအတွင်း ပါဝင်ပြီး စစ်ကောင်စီသတင်းပေးဟုဆိုသူများကို ရှင်းလင်းခြင်းနှင့် ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ပြီးခဲ့သည့် ဧပြီလက ဗုံးခွဲတိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်သည်။

အနက်ရောင်သေမင်းအဖွဲ့သည်လည်း မန္တလေးဘူတာကြီးရထားကိုဗုံးပစ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ မြဝတီဘဏ်တွင် တပ်ဆွဲထားသည့် စစ်အုပ်စုကင်းစခန်းများကို မဟာမိတ်တပ်များနှင့်အတူဝင်ရောက်တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်သည်။

မန္တလေး၌ စစ်အုပ်စုကိုတိုက်ခိုက်ချိန် ပြည်သူ များ၏ မလိုက်နာမှုကြောင့် ရပ်တန့်လိုက်ရသည့် မစ်ရှင်များရှိကြောင်းလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေးမြို့တွင် သပိတ်မှောက်ဆန့်ကျင်ခိုင်းထားသည့် အရက်ဘားများ၊ ဘီယာဆိုင်များ၊ KTV များတွင် လူအပြည့်ဖြစ်နေပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်မှုနည်းလာသော ကြောင့် စစ်အုပ်စုဘက်မှလှုပ်ရှားမှု ပိုမိုအားကောင်းလာကာ မြို့ပြပြောက်ကျားအဖွဲ့များ ဖိနှိပ်ဖမ်းဆီးခံနေရသည်။