Local News

ဦးမင္းကိုႏိုင္ေပးပို႔ေသာ PDF အတြက္ေမြးေန႔လက္ေဆာင္

ဦးမင္းကိုႏိုင္ေပးပို႔ေသာ PDF အတြက္ေမြးေန႔လက္ေဆာင္

ျမင္ကြင္း(၁)

ကိုဗစ္ၿခိမ္းေျခာက္ဗုံးေတြေပါက္လည္းရေအာင္မဲေပးခဲ့ၿပီးၿပီ။တသက္တခါလူရာဝင္ေပးခဲ့တဲ့ရလဒ္ေတြကိုမႀကိဳက္လို႔ျပန္ဖ်က္သည္တဲ့။ဒါမ်ိဳးေတာ့ငုံ႔မခံ၊ပတ္ဝန္းက်င္ၾကည့္ေတာ့ခံျပင္းသူေတြခ်ည္း၊ဒါ အသက္အ႐ြယ္စုံဘဝစုံကျပည္သူေတြကိုေစာ္ကားတာပဲ။အထူးသျဖင့္သန္းေပါင္းမ်ားစြာလူငယ္ေတြရဲ႕ဆႏၵကိုမထီမဲ့ျမင္ျပဳတာပဲ။

ျမင္ကြင္း(၂)

ဒီအတြက္ ျပည္သူအားလုံးကိုယ္စားသူတို႔လမ္းေပၚထြက္ၿပီးၿငိမ္းခ်မ္းစြာဆႏၵျပသည္။ကိုယ္တိုင္ေရးပိုစတာေတြကိုယ္တိုင္ေလွ်ာက္ေျခလွမ္းေတြႏွင့္ျပည္လုံးကြၽတ္တခဲနက္လူပင္လယ္ျဖစ္ေအာင္လက္နက္မဲ့ဆႏၵျပၾကသည္။ေႂကြးေၾကာ္သံႏွင့္ ဂီတႏွင့္ပါေဖာင့္မန႔္ေတြႏွင့္ဒါကိုအာဏာလုစစ္တပ္ကအၾကမ္းၾကဳတ္ဆုံးၿဖိဳခြင္း၏။

ျမင္ကြင္း(၃)

ပလတ္စတစ္ဦးထုပ္ကသူတို႔ေခါင္းေတြကိုအကာအကြယ္မေပးႏိုင္ေတာ့။ေသြးေတြ႐ႊဲေနသည့္ၿမိဳ႕ျပေက်းလက္လမ္းေတြမွသူတို႔ေ႐ႊ႕ၿပီ။“ကိုယ့္လမ္းကိုယ္ေဖာက္ရတယ္ဆိုတာကြၽန္ေတာ္တို႔မွအစစ္ဗ်။ေမာင္းခ်ဓားနဲ႔ကိုယ္တိုင္သစ္ကိုင္းေတြကိုခုတ္ၿပီးေတာတိုးရတာ၊နယ္ေျမဘာမွမကြၽမ္းဘူးေတာႀကီးမ်က္မဲတိုးရတာပဲ။ဒါေပမယ့္ယုံတယ္။ကြၽန္ေတာ္တို႔အတြက္လြတ္ေျမာက္ရာေတာ္လွန္ေရးနယ္ေျမရွိကိုရွိရမယ္။ခါးဝတ္ခါးစေတြနဲ႔ပဲထြက္လာၾကတာ။ဘာမဆိုစားႏိုင္ရမယ္၊ဘယ္ေနရာမဆိုအိပ္ႏိုင္ရမယ္၊ဘယ္ေလာက္ျပင္းထန္ေလ့က်င့္ႏိုင္ရမယ္။ဒီလိုယုံၿပီးေရာက္ေအာင္လာခဲ့တာ”တိုက္ပြဲဝင္သင္တန္းတစ္ဖက္ႏွင့္အခ်ိန္လုအေျဖေပးသည့္လူငယ္တစ္ဦးရဲ႕စကားျဖစ္သည္။ေလ့က်င့္ေရးမွ ေဟာဟဲသံကေဖ်ာက္မရ။ဒါေပမယ့္အသံမာေနဆဲ။သန္မာမာေနဆဲ။

ျမင္ကြင္း(၄)

“အရာရာဟာအဆင္သင့္ရွိမေနႏိုင္ဘူးဆိုတာႀကိဳသိၿပီးသားပါ။ေရာက္ေအာင္လာဖို႔ပဲ၊ႏိုင္ေအာင္တိုက္ဖို႔ပဲ။ကြၽန္ေတာ္တို႔ကေဖာင္ဖ်က္ၿပီးၿပီေလ။ျပန္ဆုတ္ဖို႔မရွိဘူး”ေက်ာင္းဆရာတဦးကေျပာသည္။ေျမျဖဴကိုင္ေသာလက္ေတြ၊ကြန္ပ်ဴတာကိုင္ေသာလက္ေတြ၊နားၾကပ္ကိုင္ေသာလက္ေတြကေတာ္လွန္ေရးလိုအပ္ခ်က္ရွိသမွ်ေျပာင္းကိုင္ေနရသည္။

“ရည္းစားကိုေတာင္ခြင့္ပန္ၿပီးႏႈတ္ဆက္ခဲ့လို႔ရေသးတယ္။ဒီေကာင္ကရွင္းျပလို႔လည္းမရဘူးဆႏၵျပတုန္းကလည္းေလွ်ာက္လိုက္ေနက်ကိုး။လိုက္မယ္ဆိုတာခ်ည္းပဲသူ႔ကိုမထားခဲ့ပါနဲ႔လို႔ေတာင္ေတာင္းပန္တယ္ဗ်ာ။ဒါနဲ႔ကြၽန္ေတာ္လည္းဒီေလာက္ေတာင္ျဖစ္တာလိုက္ခဲ့ကြာဆိုၿပီးေခၚလာရတာပဲ”ေက်ာပိုးအိတ္ထဲမွေခါင္းျပဴၾကည့္ေနသည့္နားကားကား အေမႊးထူထူဝဝကစ္ကစ္ေလး၊(ေခြးလားေၾကာင္လားေတာင္ေသခ်ာမျမင္လိုက္ရ)တေကာင္ကိုလွစ္ခနဲေတြ႕ခဲ့ရသည္။ဒါပဲေျပာၿပီးေတာင္ကုန္းေပၚေျပးတက္သြားသည့္သူ႔သခင္ႀကိဳးသိုင္းအိတ္ထဲေျခကားယားလက္ကားယားပါသြားရွာေလ၏။

ျမင္ကြင္း(၅)

“အိမ္ကခြင့္ျပဳမျပဳမသိဘူး။ခိုးထြက္လာရတာဆိုေတာ့မေသခ်ာဘူးေလ။ကြၽန္မခ်စ္သူရွိတဲ့တပ္ရင္းကိုေျပာင္းဖို႔လည္းမေရရာေသးဘူး။ဟိုေန႔ကေတာ့ႀကိဳးတန္းတြယ္တက္ေလ့က်င့္ေရးအၿပီးမွာေပါက္ၿပဲဖူးေရာင္ေနတဲ့လက္ဖဝါးေတြကိုဓာတ္ပုံ႐ိုက္ၿပီးပို႔လိုက္တယ္။သူကျပန္ပို႔တယ္ပိုလွတယ္တဲ့”ဒီလိုစကားေတြကဆန္းလွသည္ေတာ့မဟုတ္။ေျခႏွစ္ဖက္လက္ႏွစ္ဖက္ဆုံးရႈံးရသည့္တိုင္ေမတၱာစစ္ကိုေတာ့မဆုံးရႈံးေစရသည့္မိန္းမငယ္ေတြကိုမေန႔တေန႔ကပင္ ႏွလုံးသားမ်က္ၾကည္လႊာေတြမွာျမင္ရၿပီပဲ။

ျမင္ကြင္း(၆)

“ဆရာဝန္ေတြေဆးေက်ာင္းကေတြ ပါတယ္ေလ။ကိုယ့္အခ်င္းခ်င္းျပန္ကုေပါ့။ေရာက္ရာအရပ္မွာဘာသာစကားေတြအျပန္အလွန္သင္ေပးၾကတယ္။ႏွစ္မ်ိဳးသုံးမ်ိဳးေတြတတ္ကုန္ၿပီ။အင္ဂ်င္နီယာေတြနည္းပညာသမားေတြကတီထြင္ႀကံဆတာေတြလုပ္ေပးရတာေပါ့။ဒီလိုပါပဲဗ်ာ။အင္တာနက္ေခတ္မွာဘာမဆိုလိုခ်င္ရင္ရပါတယ္ဆႏၵရယ္ဝီရိယရယ္စိတ္အင္အားနဲ႔ဉာဏ္ပညာေတြရွိရင္ရတာပဲ”ဂါဇာကမ္းေျမႇာင္အေရွ႕အလယ္ပိုင္းအပါအဝင္ကမာၻ႔ေတာ္လွန္ေရးေပါင္းစုံမွေျပာက္က်ားေသနၤဂဗ်ဴဟာေတြ၊ဝယ္ယူမရႏိုင္သည့္ပစၥည္းကိရိယာထုတ္လုပ္နည္းေတြရွာႀကံေနၾကရသည္။တြင္ခုံဆရာမွအစPhDအထိပါဝင္ေနသည့္ဤတပ္ဖြဲ႕မ်ားႀကံလွ်င္ဘာခံႏိုင္မည္နည္း။အာဏာရွင္တာဝါတိုင္ကိုအေဝးပစ္ေတြျဖစ္ေစခဲ့ၿပီ။ျပည္သူေတြေခြၽးနည္းစာနဲ႔ေထာက္ပံ့ေနရတာ။ကြၽန္ေတာ္တို႔ေကာင္းေကာင္းသိတယ္ဆန္တေစ့မွအလဟႆမျဖစ္ေစရဘူးတဲ့။

ျမင္ကြင္း(၇)

“ထရိန္နင္မွာကြၽန္ေတာ္တို႔ကေမာင္းတယ္။လိုတာထက္ပိုေမာင္းတယ္။ဒါေတာင္ဒီလူငယ္ေတြကကြၽန္ေတာ္တို႔ေမာင္းတာထက္ပိုၿပီးေတာ့က်င့္ျပရအုံးမလားလို႔ျပန္စိန္ေခၚတယ္။ဇြဲသတၱိကိုကြၽန္ေတာ္မခ်ီးက်ဴးဘဲမေနႏိုင္ေတာ့ဘူး။ဆန္းေတာ့မဆန္းပါဘူးေလ။ယုံၾကည္ခ်က္ကေမာင္းႏွင္ေနၿပီကိုး။ဒါကေတာ့”သူတို႔ကိုေလ့က်င့္ေပးတဲ့သင္တန္းဆရာတစ္ဦးရဲ႕မွတ္ခ်က္ျဖစ္ပါ၏။

ျမင္ကြင္း(၈)

လူတိုင္းလက္ထဲလက္နက္မကိုင္ႏိုင္၊မဲႏႈိက္ရတုန္းကမဲေပါက္သူရဲ႕တက္ႂကြမႈမ်ိဳး၊မဲမေပါက္သူရဲ႕မခ်င့္မရဲျဖစ္ပုံေတြေတာ့ဗီဒီယိုကလစ္ေတြမွာျမင္ဖူးၾကပါလိမ့္မည္။ထိခိုက္ဆုံးရႈံးအသက္ေပးရတတ္သည့္ကိစၥ ဒီလိုအလုအယက္တက္ႂကြမႈေတြကျပည္သူ႔လြတ္ေျမာက္ေရးအတြက္သူတို႔ဘာမဆိုအသင့္ရွိေၾကာင္း နဖူးေပၚေဆးမင္ထိုးျပလိုက္တာမဟုတ္ပါလား။

ျမင္ကြင္း(၉)

သူတို႔အတြက္ေျဖသိမ့္စရာကာလအခ်ိဳ႕ရွိသည္။ျပည္တြင္းျပည္ပကျပည္သူေတြ ဖမ္ဆီးသတ္ျဖတ္အႏၲရာယ္အမ်ိဳးမ်ိဳးၾကားခက္ခက္ခဲခဲပို႔လိုက္ေသာစားစရာကေလးလက္ေဆာင္ကေလးတဆုပ္တဖဲ့ရေသာအခါမ်ိဳး။အခ်ိဳ႕ညမ်ားတြင္အႏုပညာရွင္မ်ား ထင္ရွားသူမ်ားႏွင့္ေရွ႕မ်ိဳးဆက္တို႔ကႏႈတ္ဆက္အျပန္အလွန္အားယူၾကသည့္ညမ်ိဳး။အဆိုေတာ္ေတြကသီခ်င္းဆိုျပ။မ်ိဳးဆက္ေဟာင္းေတာ္လွန္ကဗ်ာ႐ြတ္သူေတြ႐ြတ္ျပၾကေတာ့သူတို႔မ်က္ႏွာေတြကအေမွာင္ထဲညအရိပ္ေတြလႈပ္ခါလ်က္။
သူတို႔လည္းဆိုျပ႐ြတ္ျပခ်င္သည္တဲ့။

လုပ္စမ္းပါဆိုသည္ႏွင့္တဦးခ်င္းေရာတပ္ဖြဲ႕အလိုက္ေရာေဖါက္ထုတ္ခ်လိုက္ၾကသည္မွာႏွလုံးသားေတြကိုထြင္းေဖာက္ျမင္ရ။
ေတာင္ပိုင္းအဖြဲ႕ဆိုၿပီးေတာ့အလယ္ပိုင္း။ၿပီးေတာ့ေျမာက္ပိုင္း။ဆိုသမွ်အစစ္ေတြခ်ည္း။စစ္မွာေပါ့ရင္ထဲကလာတာႀကီးကိုး။သူတို႔ကိုယ္တိုင္စပ္ထားတာေတြကပိုေတာင္ေကာင္းေနေသး။ဆို႐ြတ္ေကာင္းေနတုန္းအင္တာနက္ျပတ္သြား၍ဟာခနဲဟင္ခနဲမခ်င့္မရဲ။ဒီလိုပဲေရာင့္ရဲၾကသည္ပင္။ဒါေတြကတခ်ိန္ၾကယ္စုံေသာတညၿမိဳ႕ျပေက်းလက္လမ္းေတြမွာဒီလိုစုဖြဲ႕ၿပီးေႏြဦးေတာ္လွန္ေရးဂုဏ္ျပဳေတးေတြလက္ခ်င္းခ်ိတ္ဆိုႏိုင္မည့္ရက္ေရာက္လာရဖို႔ျပည္သူႏွင့္အတူအားသစ္ယူထားေနေရာ့မည္။

ျမင္ကြင္း(၁၀)

ေတာင္ေပၚတိုင္းရင္းသားေဒသမွလူႀကီးတေယာက္ကအခုလိုေျပာသည္။“မ်က္စိထဲမွာေတာ့ကေလးေတြဗ်။ဒါေပမယ့္ဆယ္တန္းေအာင္ၿပီးတခ်ိဳ႕ကအလုပ္ထဲဝင္တခ်ိဳ႕ကတကၠသိုလ္တက္ေနတုန္းရွိေသးတယ္ခုေတာ္လွန္ေရးကသူတို႔ကိုခ်က္ခ်င္းရင့္က်က္သြားေစတာပဲ။စဥ္းစားတာ ေဆြးေႏြးတာဆုံးျဖတ္တာေတြက တကယ္လူႀကီးစိတ္ေတြနဲ႔ဉာဏ္ပညာေတြနဲ႔”ဒီလိုသူတို႔ကိုခ်စ္ေသာျပည္သူႏွင့္သူတို႔ခ်စ္ေသာျပည္သူမ်ားေရာက္ရာအရပ္ကလက္သုံးေခ်ာင္းေထာင္ႏႈတ္ဆက္ေနၾကၿမဲ ။သူတို႔ေတာင္အသက္ေပးတိုက္ေနၾကတာပဲငါတို႔ဘာလို႔လက္ေႏွးေနၾကမလဲဟုအားတင္း၍ေငြအား ဉာဏ္အားလုပ္အားေတြကူေနၾကၿမဲ။ေရွ႕မ်ိဳးဆက္တဦးကခုလိုေရးထားသည္။

“PDF ဆိုတာခံစားခ်က္နဲ႔ ခံယူခ်က္ထဲအသက္ ကိုေပါင္းထည့္ လိုက္ရတာ။

PDF ဆိုတာရည္မွန္းခ်က္ ပန္းတိုင္ေတြထဲဘဝ ကိုေပါင္းထည့္ လိုက္ရတာ။

PDF ဆိုတာျပည္သူ႔ရဲ႕ ေမတၱာတရားနဲ႔သားစဥ္ေျမးဆက္လိပ္ျပာလွေနၾကမဲ့ ႀကီးျမတ္ထည္ဝါလူသားေတြပါ။က်င့္ႀကံဖို႔ခက္ခဲတဲ့ တရားေတြၾကားကသင္က PDF တစ္ေယာက္လား”သူတို႔ျပည္သူႏွင့္အတူယုံထားတာတခုရွိသည္။“ေတာ္လွန္လမ္းဟာ သဘာဝအေလ်ာက္ေကာက္ေကြ႕ခ်င္ေကြ႕မယ္ စိတ္ေတြကေတာ့အေျဖာင့္”ေျခဗလာလက္ဗလာျဖင့္စခဲ့ေသာသူတို႔၏စုဖြဲ႕မႈမ်ားအခု(၁)ႏွစ္ျပည့္ၿပီ။ယေန႔ သူတို႔ေမြးေန႔။ဆန္ၾကမ္းထမင္းကိုBirthday ကိတ္လုပ္ၿပီး ေရာင့္ရဲျပ ၊စိန္ေခၚသံကိုျပန္ထူးျပသည့္သူတို႔ကဘာမွ်မေတာင္းဆိုေသာ္လည္းသူတို႔ခ်စ္ေသာျပည္သူေတြဆီက ေမြးေန႔လက္ေဆာင္ေပးမည္ဆိုလ်င္ သူတို႔ဘာမ်ားလိုခ်င္ရွာပါလိမ့္။

မင္းကိုႏိုင္….၅၊၅၊၂၀၂၂

ဦးမင်းကိုနိုင်ပေးပို့သော PDF အတွက်မွေးနေ့လက်ဆောင်

မြင်ကွင်း(၁)

ကိုဗစ်ခြိမ်းခြောက်ဗုံးတွေပေါက်လည်းရအောင်မဲပေးခဲ့ပြီးပြီ။တသက်တခါလူရာဝင်ပေးခဲ့တဲ့ရလဒ်တွေကိုမကြိုက်လို့ပြန်ဖျက်သည်တဲ့။ဒါမျိုးတော့ငုံ့မခံ၊ပတ်ဝန်းကျင်ကြည့်တော့ခံပြင်းသူတွေချည်း၊ဒါ အသက်အရွယ်စုံဘဝစုံကပြည်သူတွေကိုစော်ကားတာပဲ။အထူးသဖြင့်သန်းပေါင်းများစွာလူငယ်တွေရဲ့ဆန္ဒကိုမထီမဲ့မြင်ပြုတာပဲ။

မြင်ကွင်း(၂)

ဒီအတွက် ပြည်သူအားလုံးကိုယ်စားသူတို့လမ်းပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒပြသည်။ကိုယ်တိုင်ရေးပိုစတာတွေကိုယ်တိုင်လျှောက်ခြေလှမ်းတွေနှင့်ပြည်လုံးကျွတ်တခဲနက်လူပင်လယ်ဖြစ်အောင်လက်နက်မဲ့ဆန္ဒပြကြသည်။ကြွေးကြော်သံနှင့် ဂီတနှင့်ပါဖောင့်မန့်တွေနှင့်ဒါကိုအာဏာလုစစ်တပ်ကအကြမ်းကြုတ်ဆုံးဖြိုခွင်း၏။

မြင်ကွင်း(၃)

ပလတ်စတစ်ဦးထုပ်ကသူတို့ခေါင်းတွေကိုအကာအကွယ်မပေးနိုင်တော့။သွေးတွေရွှဲနေသည့်မြို့ပြကျေးလက်လမ်းတွေမှသူတို့ရွှေ့ပြီ။“ကိုယ့်လမ်းကိုယ်ဖောက်ရတယ်ဆိုတာကျွန်တော်တို့မှအစစ်ဗျ။မောင်းချဓားနဲ့ကိုယ်တိုင်သစ်ကိုင်းတွေကိုခုတ်ပြီးတောတိုးရတာ၊နယ်မြေဘာမှမကျွမ်းဘူးတောကြီးမျက်မဲတိုးရတာပဲ။ဒါပေမယ့်ယုံတယ်။ကျွန်တော်တို့အတွက်လွတ်မြောက်ရာတော်လှန်ရေးနယ်မြေရှိကိုရှိရမယ်။ခါးဝတ်ခါးစတွေနဲ့ပဲထွက်လာကြတာ။ဘာမဆိုစားနိုင်ရမယ်၊ဘယ်နေရာမဆိုအိပ်နိုင်ရမယ်၊ဘယ်လောက်ပြင်းထန်လေ့ကျင့်နိုင်ရမယ်။ဒီလိုယုံပြီးရောက်အောင်လာခဲ့တာ”တိုက်ပွဲဝင်သင်တန်းတစ်ဖက်နှင့်အချိန်လုအဖြေပေးသည့်လူငယ်တစ်ဦးရဲ့စကားဖြစ်သည်။လေ့ကျင့်ရေးမှ ဟောဟဲသံကဖျောက်မရ။ဒါပေမယ့်အသံမာနေဆဲ။သန်မာမာနေဆဲ။

မြင်ကွင်း(၄)

“အရာရာဟာအဆင်သင့်ရှိမနေနိုင်ဘူးဆိုတာကြိုသိပြီးသားပါ။ရောက်အောင်လာဖို့ပဲ၊နိုင်အောင်တိုက်ဖို့ပဲ။ကျွန်တော်တို့ကဖောင်ဖျက်ပြီးပြီလေ။ပြန်ဆုတ်ဖို့မရှိဘူး”ကျောင်းဆရာတဦးကပြောသည်။မြေဖြူကိုင်သောလက်တွေ၊ကွန်ပျူတာကိုင်သောလက်တွေ၊နားကြပ်ကိုင်သောလက်တွေကတော်လှန်ရေးလိုအပ်ချက်ရှိသမျှပြောင်းကိုင်နေရသည်။

“ရည်းစားကိုတောင်ခွင့်ပန်ပြီးနှုတ်ဆက်ခဲ့လို့ရသေးတယ်။ဒီကောင်ကရှင်းပြလို့လည်းမရဘူးဆန္ဒပြတုန်းကလည်းလျှောက်လိုက်နေကျကိုး။လိုက်မယ်ဆိုတာချည်းပဲသူ့ကိုမထားခဲ့ပါနဲ့လို့တောင်တောင်းပန်တယ်ဗျာ။ဒါနဲ့ကျွန်တော်လည်းဒီလောက်တောင်ဖြစ်တာလိုက်ခဲ့ကွာဆိုပြီးခေါ်လာရတာပဲ”ကျောပိုးအိတ်ထဲမှခေါင်းပြူကြည့်နေသည့်နားကားကား အမွှေးထူထူဝဝကစ်ကစ်လေး၊(ခွေးလားကြောင်လားတောင်သေချာမမြင်လိုက်ရ)တကောင်ကိုလှစ်ခနဲတွေ့ခဲ့ရသည်။ဒါပဲပြောပြီးတောင်ကုန်းပေါ်ပြေးတက်သွားသည့်သူ့သခင်ကြိုးသိုင်းအိတ်ထဲခြေကားယားလက်ကားယားပါသွားရှာလေ၏။

မြင်ကွင်း(၅)

“အိမ်ကခွင့်ပြုမပြုမသိဘူး။ခိုးထွက်လာရတာဆိုတော့မသေချာဘူးလေ။ကျွန်မချစ်သူရှိတဲ့တပ်ရင်းကိုပြောင်းဖို့လည်းမရေရာသေးဘူး။ဟိုနေ့ကတော့ကြိုးတန်းတွယ်တက်လေ့ကျင့်ရေးအပြီးမှာပေါက်ပြဲဖူးရောင်နေတဲ့လက်ဖဝါးတွေကိုဓာတ်ပုံရိုက်ပြီးပို့လိုက်တယ်။သူကပြန်ပို့တယ်ပိုလှတယ်တဲ့”ဒီလိုစကားတွေကဆန်းလှသည်တော့မဟုတ်။ခြေနှစ်ဖက်လက်နှစ်ဖက်ဆုံးရှုံးရသည့်တိုင်မေတ္တာစစ်ကိုတော့မဆုံးရှုံးစေရသည့်မိန်းမငယ်တွေကိုမနေ့တနေ့ကပင် နှလုံးသားမျက်ကြည်လွှာတွေမှာမြင်ရပြီပဲ။

မြင်ကွင်း(၆)

“ဆရာဝန်တွေဆေးကျောင်းကတွေ ပါတယ်လေ။ကိုယ့်အချင်းချင်းပြန်ကုပေါ့။ရောက်ရာအရပ်မှာဘာသာစကားတွေအပြန်အလှန်သင်ပေးကြတယ်။နှစ်မျိုးသုံးမျိုးတွေတတ်ကုန်ပြီ။အင်ဂျင်နီယာတွေနည်းပညာသမားတွေကတီထွင်ကြံဆတာတွေလုပ်ပေးရတာပေါ့။ဒီလိုပါပဲဗျာ။အင်တာနက်ခေတ်မှာဘာမဆိုလိုချင်ရင်ရပါတယ်ဆန္ဒရယ်ဝီရိယရယ်စိတ်အင်အားနဲ့ဉာဏ်ပညာတွေရှိရင်ရတာပဲ”ဂါဇာကမ်းမြှောင်အရှေ့အလယ်ပိုင်းအပါအဝင်ကမ္ဘာ့တော်လှန်ရေးပေါင်းစုံမှပြောက်ကျားသေင်္နဂဗျူဟာတွေ၊ဝယ်ယူမရနိုင်သည့်ပစ္စည်းကိရိယာထုတ်လုပ်နည်းတွေရှာကြံနေကြရသည်။တွင်ခုံဆရာမှအစPhDအထိပါဝင်နေသည့်ဤတပ်ဖွဲ့များကြံလျှင်ဘာခံနိုင်မည်နည်း။အာဏာရှင်တာဝါတိုင်ကိုအဝေးပစ်တွေဖြစ်စေခဲ့ပြီ။ပြည်သူတွေချွေးနည်းစာနဲ့ထောက်ပံ့နေရတာ။ကျွန်တော်တို့ကောင်းကောင်းသိတယ်ဆန်တစေ့မှအလဟဿမဖြစ်စေရဘူးတဲ့။

မြင်ကွင်း(၇)

“ထရိန်နင်မှာကျွန်တော်တို့ကမောင်းတယ်။လိုတာထက်ပိုမောင်းတယ်။ဒါတောင်ဒီလူငယ်တွေကကျွန်တော်တို့မောင်းတာထက်ပိုပြီးတော့ကျင့်ပြရအုံးမလားလို့ပြန်စိန်ခေါ်တယ်။ဇွဲသတ္တိကိုကျွန်တော်မချီးကျူးဘဲမနေနိုင်တော့ဘူး။ဆန်းတော့မဆန်းပါဘူးလေ။ယုံကြည်ချက်ကမောင်းနှင်နေပြီကိုး။ဒါကတော့”သူတို့ကိုလေ့ကျင့်ပေးတဲ့သင်တန်းဆရာတစ်ဦးရဲ့မှတ်ချက်ဖြစ်ပါ၏။

မြင်ကွင်း(၈)

လူတိုင်းလက်ထဲလက်နက်မကိုင်နိုင်၊မဲနှိုက်ရတုန်းကမဲပေါက်သူရဲ့တက်ကြွမှုမျိုး၊မဲမပေါက်သူရဲ့မချင့်မရဲဖြစ်ပုံတွေတော့ဗီဒီယိုကလစ်တွေမှာမြင်ဖူးကြပါလိမ့်မည်။ထိခိုက်ဆုံးရှုံးအသက်ပေးရတတ်သည့်ကိစ္စ ဒီလိုအလုအယက်တက်ကြွမှုတွေကပြည်သူ့လွတ်မြောက်ရေးအတွက်သူတို့ဘာမဆိုအသင့်ရှိကြောင်း နဖူးပေါ်ဆေးမင်ထိုးပြလိုက်တာမဟုတ်ပါလား။

မြင်ကွင်း(၉)

သူတို့အတွက်ဖြေသိမ့်စရာကာလအချို့ရှိသည်။ပြည်တွင်းပြည်ပကပြည်သူတွေ ဖမ်ဆီးသတ်ဖြတ်အန္တရာယ်အမျိုးမျိုးကြားခက်ခက်ခဲခဲပို့လိုက်သောစားစရာကလေးလက်ဆောင်ကလေးတဆုပ်တဖဲ့ရသောအခါမျိုး။အချို့ညများတွင်အနုပညာရှင်များ ထင်ရှားသူများနှင့်ရှေ့မျိုးဆက်တို့ကနှုတ်ဆက်အပြန်အလှန်အားယူကြသည့်ညမျိုး။အဆိုတော်တွေကသီချင်းဆိုပြ။မျိုးဆက်ဟောင်းတော်လှန်ကဗျာရွတ်သူတွေရွတ်ပြကြတော့သူတို့မျက်နှာတွေကအမှောင်ထဲညအရိပ်တွေလှုပ်ခါလျက်။
သူတို့လည်းဆိုပြရွတ်ပြချင်သည်တဲ့။

လုပ်စမ်းပါဆိုသည်နှင့်တဦးချင်းရောတပ်ဖွဲ့အလိုက်ရောဖေါက်ထုတ်ချလိုက်ကြသည်မှာနှလုံးသားတွေကိုထွင်းဖောက်မြင်ရ။
တောင်ပိုင်းအဖွဲ့ဆိုပြီးတော့အလယ်ပိုင်း။ပြီးတော့မြောက်ပိုင်း။ဆိုသမျှအစစ်တွေချည်း။စစ်မှာပေါ့ရင်ထဲကလာတာကြီးကိုး။သူတို့ကိုယ်တိုင်စပ်ထားတာတွေကပိုတောင်ကောင်းနေသေး။ဆိုရွတ်ကောင်းနေတုန်းအင်တာနက်ပြတ်သွား၍ဟာခနဲဟင်ခနဲမချင့်မရဲ။ဒီလိုပဲရောင့်ရဲကြသည်ပင်။ဒါတွေကတချိန်ကြယ်စုံသောတညမြို့ပြကျေးလက်လမ်းတွေမှာဒီလိုစုဖွဲ့ပြီးနွေဦးတော်လှန်ရေးဂုဏ်ပြုတေးတွေလက်ချင်းချိတ်ဆိုနိုင်မည့်ရက်ရောက်လာရဖို့ပြည်သူနှင့်အတူအားသစ်ယူထားနေရော့မည်။

မြင်ကွင်း(၁၀)

တောင်ပေါ်တိုင်းရင်းသားဒေသမှလူကြီးတယောက်ကအခုလိုပြောသည်။“မျက်စိထဲမှာတော့ကလေးတွေဗျ။ဒါပေမယ့်ဆယ်တန်းအောင်ပြီးတချို့ကအလုပ်ထဲဝင်တချို့ကတက္ကသိုလ်တက်နေတုန်းရှိသေးတယ်ခုတော်လှန်ရေးကသူတို့ကိုချက်ချင်းရင့်ကျက်သွားစေတာပဲ။စဉ်းစားတာ ဆွေးနွေးတာဆုံးဖြတ်တာတွေက တကယ်လူကြီးစိတ်တွေနဲ့ဉာဏ်ပညာတွေနဲ့”ဒီလိုသူတို့ကိုချစ်သောပြည်သူနှင့်သူတို့ချစ်သောပြည်သူများရောက်ရာအရပ်ကလက်သုံးချောင်းထောင်နှုတ်ဆက်နေကြမြဲ ။သူတို့တောင်အသက်ပေးတိုက်နေကြတာပဲငါတို့ဘာလို့လက်နှေးနေကြမလဲဟုအားတင်း၍ငွေအား ဉာဏ်အားလုပ်အားတွေကူနေကြမြဲ။ရှေ့မျိုးဆက်တဦးကခုလိုရေးထားသည်။

“PDF ဆိုတာခံစားချက်နဲ့ ခံယူချက်ထဲအသက် ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာရည်မှန်းချက် ပန်းတိုင်တွေထဲဘဝ ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာပြည်သူ့ရဲ့ မေတ္တာတရားနဲ့သားစဉ်မြေးဆက်လိပ်ပြာလှနေကြမဲ့ ကြီးမြတ်ထည်ဝါလူသားတွေပါ။ကျင့်ကြံဖို့ခက်ခဲတဲ့ တရားတွေကြားကသင်က PDF တစ်ယောက်လား”သူတို့ပြည်သူနှင့်အတူယုံထားတာတခုရှိသည်။“တော်လှန်လမ်းဟာ သဘာဝအလျောက်ကောက်ကွေ့ချင်ကွေ့မယ် စိတ်တွေကတော့အဖြောင့်”ခြေဗလာလက်ဗလာဖြင့်စခဲ့သောသူတို့၏စုဖွဲ့မှုများအခု(၁)နှစ်ပြည့်ပြီ။ယနေ့ သူတို့မွေးနေ့။ဆန်ကြမ်းထမင်းကိုBirthday ကိတ်လုပ်ပြီး ရောင့်ရဲပြ ၊စိန်ခေါ်သံကိုပြန်ထူးပြသည့်သူတို့ကဘာမျှမတောင်းဆိုသော်လည်းသူတို့ချစ်သောပြည်သူတွေဆီက မွေးနေ့လက်ဆောင်ပေးမည်ဆိုလျင် သူတို့ဘာများလိုချင်ရှာပါလိမ့်။

မင်းကိုနိုင်….၅၊၅၊၂၀၂၂