Local News

လွည္းတန္းတြင္ ဖုန္းလုေျပးသည့္ သူခိုးအားဝိုင္းဖမ္းေပးသည့္ အေႏွးယာဥ္လုပ္သား ဆုံးသြားပါၿပီ

ယမန္ေန႔က လွည္းတန္းတြင္ ဖုန္းလုေျပးသည့္ သူခိုးအားဝိုင္းဖမ္းေပးသည့္ အေႏွးယာဥ္လုပ္သား ဓားထိုးခံရၿပီးေသဆုံး

5 May By MPA 001

ရန္ကုန္တိုင္း၊ ကမာရြတ္ၿမိဳ႕နယ္၊ လွည္းတန္း၊ ဦးထြန္းလင္းၿခံလမ္းအတြင္း သြားလာေနသည့္ ျပည္သူတစ္ဦးထံမွ ဖုန္းလုေျပးသည့္ သူခိုးအားဝိုင္းဖမ္းေပးသည့္ ျပည္သူမ်ားကို

ေနာက္တေန႔တြင္ ဖုန္းလုသူ၏ အေပါင္းအပါမ်ားက လာေရာက္ကလဲ့စားေခ်သျဖင့္ ျပည္သူတစ္ဦးဒဏ္ရာရႏွင့္ တစ္ဦးမွာ ဓားထိုးခံရၿပီးေသဆုံးသြားေၾကာင္း စုံစမ္းသိရွိရသည္

ယင္းလူသတ္မႈသည္ ယမန္ေန႔ ေမလ ၄ ရက္ေန႔ နံနက္ ၁၀ နာရီခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေဇယ်ာသီရိလမ္းထိပ္တြင္ အသတ္ခံရျခင္းျဖစ္သည္။ ေသဆုံးသူသည္ အေႏွးယာဥ္ေျပးဆြဲေနသည့္

ဆိုက္ကားဆရာျဖစ္ေၾကာင္းႏွင့္ ဓားျဖင့္ထိုးခံရၿပီး ဒဏ္ရာ ရရွိသြားသူမွာ လွည္းတန္းအနီးတဝိုက္တြင္ ဖုန္းဆင္းကဒ္ေရာင္းသူျဖစ္ေၾကာင္း ေဇယ်ာသီရိလမ္းတြင္ေနထိုင္သည့္ ျပည္သူတစ္ဦးက ေျပာသည္

ဒီေန႔မနက္ ၁၀ နာရီေလာက္ကျဖစ္တာ။ မေန႔က ခါးပိုက္ႏွိုက္ႏွစ္ဦးကို ဖမ္းေပးလို႔ ဒီေန႔ျပန္လာလုပ္ၾကတာ။ လာလုပ္တဲ့ လူအုပ္က ၆ ေယာက္ေက်ာ္တယ္ ဟု ေဇယ်ာသီရိလမ္းတြင္ေနထိုင္သည့္ မ်က္ျမင္ ျပည္သူတစ္ဦးကေျပာသည္

ၿပီးခဲ့သည့္ ေမလ ၃ ရက္ေန႔ ညေန ေလးနာရီခန႔္က ျဖစ္ပြားခဲ့သည့္ ဖုန္းလုယက္မႈကို ဖမ္းဆီးေပးသည့္ျဖစ္ရပ္သည္ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ့ခဲ့ၿပီး ၾကည့္ရႈသူသိန္းခ်ီရွိခဲ့ေၾကာင္း ေဖ့ဘုတ္သုံးသူတစ္ဦးက ေျပာသည္

ဒီေန႔လူသတ္မႈက ေခတ္ကို ခ်ိန္ထိုးတာပဲ။ လွည္းတန္းဆိုတာ လူမျပတ္တဲ့ေနရာ အဲ့လိုေနရာမ်ိဳးမွာ လာလုပ္ရဲတာကို မကူတဲ့ေကာင္ေတြကို အံ့ဩတယ္။ ဓားနဲ႔ထိုးတဲ့အျပင္ ရိုက္သြားေသးတယ္ၾကားတယ္။ လူေတြလည္း မလုံျခဳံေတာ့ဘူး ဟု ေဖ့စ္ဘုတ္သုံးသူတစ္ဦးက ရွင္းျပသည္

ယေန႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္လည္း လွည္းတန္းလူသတ္မႈႏွင့္ ပတ္သက္ၿပီး ခါးပိုက္နိုက္ ၂ေယာက္ကို ဝိုင္းသမတဲ့သူေတြကို အဖြဲ႕လိုက္ျပန္လာရွာတာပါတဲ့

ဆိုက္ကားဆရာကို သတ္အၿပီး လမ္းေဘးဆိုင္က အကိုႀကီးကိုပါ သူလည္းပါတာတယ္ဆိုၿပီး လုပ္ပါေသးတယ္။ ဆိုင္ကအကို ထြက္ေျပးလို႔ လြတ္သြားပါတယ္တဲ့။ sim card ေရာင္းတဲ့ အကိုကေတာ့ ေပါင္ ဓားထိုးခံရတဲ့အျပင္ ဖိနပ္ေတြနဲ႔ ခ်ခံရပါတယ္ဟု လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက ေရးသားေဖာ္ျပမႈရွိခဲ့သည္။

လက္ရွိတြင္ ဓားျဖင့္ထိုးခံရသူ dbကို ကမာရြတ္ရဲစခန္းမွ လာေရာက္ယူေဆာင္သြားၿပီး ဓားျဖင့္ထိုးခံရသူကို စခန္းသို႔ေခၚေဆာင္ကာေမးျမန္းေနေၾကာင္း သိရွိရသည္။ ယင္း လူသက္မႈျဖစ္ပြားစဥ္ လွည္းတန္းမီးပြိဳင့္တြင္ တပ္စြဲထားသည့္ စစ္သားမ်ားက လာေရာက္ကူညီမႈမရွိေၾကာင္း စုံစမ္းသိရသည္။

ယမန်နေ့က လှည်းတန်းတွင် ဖုန်းလုပြေးသည့် သူခိုးအားဝိုင်းဖမ်းပေးသည့် အနှေးယာဉ်လုပ်သား ဓားထိုးခံရပြီးသေဆုံး

5 May By MPA 001

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းအတွင်း သွားလာနေသည့် ပြည်သူတစ်ဦးထံမှ ဖုန်းလုပြေးသည့် သူခိုးအားဝိုင်းဖမ်းပေးသည့် ပြည်သူများကို

နောက်တနေ့တွင် ဖုန်းလုသူ၏ အပေါင်းအပါများက လာရောက်ကလဲ့စားချေသဖြင့် ပြည်သူတစ်ဦးဒဏ်ရာရနှင့် တစ်ဦးမှာ ဓားထိုးခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်

ယင်းလူသတ်မှုသည် ယမန်နေ့ မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇေယျာသီရိလမ်းထိပ်တွင် အသတ်ခံရခြင်းဖြစ်သည်။ သေဆုံးသူသည် အနှေးယာဉ်ပြေးဆွဲနေသည့်

ဆိုက်ကားဆရာဖြစ်ကြောင်းနှင့် ဓားဖြင့်ထိုးခံရပြီး ဒဏ်ရာ ရရှိသွားသူမှာ လှည်းတန်းအနီးတဝိုက်တွင် ဖုန်းဆင်းကဒ်ရောင်းသူဖြစ်ကြောင်း ဇေယျာသီရိလမ်းတွင်နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်

ဒီနေ့မနက် ၁၀ နာရီလောက်ကဖြစ်တာ။ မနေ့က ခါးပိုက်နှိုက်နှစ်ဦးကို ဖမ်းပေးလို့ ဒီနေ့ပြန်လာလုပ်ကြတာ။ လာလုပ်တဲ့ လူအုပ်က ၆ ယောက်ကျော်တယ် ဟု ဇေယျာသီရိလမ်းတွင်နေထိုင်သည့် မျက်မြင် ပြည်သူတစ်ဦးကပြောသည်

ပြီးခဲ့သည့် မေလ ၃ ရက်နေ့ ညနေ လေးနာရီခန့်က ဖြစ်ပွားခဲ့သည့် ဖုန်းလုယက်မှုကို ဖမ်းဆီးပေးသည့်ဖြစ်ရပ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူသိန်းချီရှိခဲ့ကြောင်း ဖေ့ဘုတ်သုံးသူတစ်ဦးက ပြောသည်

ဒီနေ့လူသတ်မှုက ခေတ်ကို ချိန်ထိုးတာပဲ။ လှည်းတန်းဆိုတာ လူမပြတ်တဲ့နေရာ အဲ့လိုနေရာမျိုးမှာ လာလုပ်ရဲတာကို မကူတဲ့ကောင်တွေကို အံ့ဩတယ်။ ဓားနဲ့ထိုးတဲ့အပြင် ရိုက်သွားသေးတယ်ကြားတယ်။ လူတွေလည်း မလုံခြုံတော့ဘူး ဟု ဖေ့စ်ဘုတ်သုံးသူတစ်ဦးက ရှင်းပြသည်

ယနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း လှည်းတန်းလူသတ်မှုနှင့် ပတ်သက်ပြီး ခါးပိုက်နိုက် ၂ယောက်ကို ဝိုင်းသမတဲ့သူတွေကို အဖွဲ့လိုက်ပြန်လာရှာတာပါတဲ့

ဆိုက်ကားဆရာကို သတ်အပြီး လမ်းဘေးဆိုင်က အကိုကြီးကိုပါ သူလည်းပါတာတယ်ဆိုပြီး လုပ်ပါသေးတယ်။ ဆိုင်ကအကို ထွက်ပြေးလို့ လွတ်သွားပါတယ်တဲ့။ sim card ရောင်းတဲ့ အကိုကတော့ ပေါင် ဓားထိုးခံရတဲ့အပြင် ဖိနပ်တွေနဲ့ ချခံရပါတယ်ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြမှုရှိခဲ့သည်။

လက်ရှိတွင် ဓားဖြင့်ထိုးခံရသူ dbကို ကမာရွတ်ရဲစခန်းမှ လာရောက်ယူဆောင်သွားပြီး ဓားဖြင့်ထိုးခံရသူကို စခန်းသို့ခေါ်ဆောင်ကာမေးမြန်းနေကြောင်း သိရှိရသည်။ ယင်း လူသက်မှုဖြစ်ပွားစဉ် လှည်းတန်းမီးပွိုင့်တွင် တပ်စွဲထားသည့် စစ်သားများက လာရောက်ကူညီမှုမရှိကြောင်း စုံစမ်းသိရသည်။