Local News

လတ္တေလာပြဲျဖစ္ေနတဲ့ ကိစၥ မတ္မတ္ပန္ ဒဲ့ေျပာၿပီ

တစ္ခြန္းပဲ ျပတ္ျပတ္သားသား ေျပာပါ့မယ္။ ေတာင္းပန္စရာအေၾကာင္း လုံးဝ မရွိဘူး။ေတာင္းပန္မွာလည္း မဟုတ္ဘူး။

ကိုယ္က အခုမွသာ ေတာ္လွန္ေရးကိစၥေတြနဲ႔ Social Issue ဘက္ကို မလွည့္ျဖစ္ေတာ့တာ။ အာဏာမသိမ္းခင္ ေရွ႕ပိုင္းေတာက္ေလွ်ာက္ LGBT အခြင့္အေရး၊ Gender Issue ကိစၥကို Conservative ေတြရဲ႕ အဆဲအဆိုခံၿပီး ဆက္တိုက္Speak Out လုပ္လာခဲ့တဲ့သူဆိုတာ ကိုယ့္ကို အရင္ကတည္းက သိခဲ့တဲ့သူေတြ အားလုံးအသိပဲ။ ကိုယ့္ရဲ႕ ထြက္ရွိခဲ့တဲ့စာအုပ္ေတြထဲမွာ LGBT အခြင့္အေရးအေၾကာင္း၊ Gender Issue အေၾကာင္းေတြ အမ်ားႀကီး ပါခဲ့တယ္။

လူထုနဲ႔ ေဝးကြာေနတဲ့ အခ်ိဳ႕ေသာ ဇြတ္တက္ႂကြျပသူႀကီးေတြလို Gender Issue အေၾကာင္း နားလည္ၿပီးသား အသိုင္းအဝိုင္းမွာ လူအထင္ႀကီးခံ အေနေခ်ာင္အစားေခ်ာင္ရန္ ရည္႐ြယ္ခ်က္နဲ႔ လက္ခုတ္သံျခဴခဲ့တာ မဟုတ္ဘူး။ Conservative ေတြ တၿပဳံႀကီး ဝိုင္းဆဲေနတဲ့ၾကားက အလႊာေပါင္းစုံဆီေရာက္ဖို႔ ၿဖဲရဲေျပာခဲ့တာ။
ဒီကာလမွာ စစ္တပ္ကို တိုက္ဖို႔၊ ရန္ပုံေငြရွာဖို႔ ေျပာခဲ့ လႈပ္ရွားခဲ့တဲ့ မင္းေအာင္လႈိင္ကို ထမိန္နဲ႔အုပ္လို႔ဆိုတဲ့ကိစၥကို မၿပီးႏိုင္ မစီးႏိုင္ အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္သူလို အတည္ေပါက္ႀကီးေတြ ဇာခ်ဲ႕လာတာက အေတာ္လြန္လြန္းလာၿပီ။

ထမိန္ကို ယုတ္ညံ့တယ္လို႔ ယူဆတာမဟုတ္၊ ထမိန္ကိုယုတ္ညံ့တယ္လို႔ယူဆထားတဲ့ မင္းေအာင္လႈိင္နဲ႔ အေပါင္းအပါတို႔ရဲ႕ ေဆးမမီတဲ့ အေတြးအေခၚကို ခ်ိဳးႏွိမ္တာ ျဖစ္ေၾကာင္း ေျပာျပၿပီးခဲ့ၿပီ။ စစ္တပ္က စစ္သားႏွစ္ေကာင္ ကလူေနၾကတဲ့ပုံကို အိုက္စ္လို႔ တင္မိလို႔ LGBT ေတြကို ေစာ္ကားတယ္ ဘာညာျပစ္မႈေတြထိ လုပ္လာတာက ေစာက္ျပစ္ရွာတယ္ ဇာခ်ဲ႕တယ္ပဲ ျမင္တယ္။

အဲ့ေတာ့ ကိုယ့္ဘက္ကေတာ့ ရွင္းတယ္။ နင္တို႔ အုပ္စုဖြဲ႕ၿပီး ေစာက္ႀကီးေစာက္က်ယ္ေတြ ပုံႀကီးခ်ဲ႕ေနတာကို ငါက ေၾကာက္သြားမွာ မဟုတ္ဘူး။ ေတာင္းပန္မွာလည္း မဟုတ္ဘူး။ ေတာင္းပန္စရာလည္း မရွိဘူး။

ငါတို႔က စစ္တပ္ကို Mind Gameနဲ႔ တိုက္တယ္။ ရန္ပုံေငြ ရွာတယ္။ အျမင္မတူရင္ေတာင္မွ ဇြတ္အတင္း အခုလို ဇာခ်ဲ႕ျပေနစရာ မရွိဘူး။ ငါကိုယ္တိုင္ မိန္းမတစ္ေယာက္ ျဖစ္တယ္။ Feminism ဘက္ကို ယိမ္းတဲ့မိန္းမ ျဖစ္တယ္။ LGBT ေတြကို ႏွိမ္စရာ ခြဲျခားစရာလို႔ မျမင္တဲ့အျပင္ ဒီျဖစ္တည္မႈေတြဘက္က ရပ္တည္တဲ့သူ။ ဒါကို ပုဂၢိဳလ္ေရး အျမင္မၾကည္လင္မႈနဲ႔ျဖစ္ေစ၊ စစ္တပ္ကို ေဆာ္တာ မႀကိဳက္လို႔ ျဖစ္ေစ LGBT တို႔ Feminism တို႔ လူ႔အဖြဲ႕အစည္းေတြနဲ႔ လွည့္ပတ္ပြဲတည္ေပးေနတာဟာ ႐ိုးေျဖာင့္ေသာ သေဘာလို႔ မသတ္မွတ္ႏိုင္ဘူး။

ဘယ္ကလာလဲ။ စစ္တပ္ကိုေတာ့ မေထာက္ခံပါဘူး၊ ေဒၚေအာင္ဆန္းစုၾကည္ မပါေသာ ႏိုင္ငံေရး၊ NUG မပါေသာ ေတာ္လွန္ေရးကို လမ္းေၾကာင္းေပးေနတဲ့ အင္အားစုက လာတယ္။

ဘာကိစၥလဲ။ မင္းေအာင္လႈိင္နဲ႔ အေပါင္းအပါေတြကို ရည္႐ြယ္ခ်ိဳးႏွိမ္တဲ့ကိစၥကေန Gender Issue ေတြ LGBT ေတြထိ ျပစ္မႈႀကီးေအာင္ ဆြဲေခၚတယ္။လာရာကိုလည္း ျမင္တယ္၊ လားရာကိုလည္း ျမင္တယ္။ အဲ့ေတာ့ ေဆာရီးပါ။ မေက်နပ္ရင္ စာေတြ ထပ္ထုတ္၊ ပိုစ့္ေတြ ဆက္တင္ၿပီး ေလာင္ေနလိုက္ၾကပါ။

ကိုယ္ကေတာ့ စစ္အာဏာ႐ူးေတြ က်ဆုံးေရးကလြဲရင္ ဘယ္ကိုမွ ေသြဖယ္သြားမွာ မဟုတ္ပါေၾကာင္း။#ပန္ဆယ္လို

တစ်ခွန်းပဲ ပြတ်ပြတ်သားသား ပြောပါ့မယ်။ တောင်းပန်စရာအကြောင်း လုံးဝ မရှိဘူး။တောင်းပန်မှာလည်း မဟုတ်ဘူး။

ကိုယ်က အခုမှသာ တော်လှန်ရေးကိစ္စတွေနဲ့ Social Issue ဘက်ကို မလှည့်ဖြစ်တော့တာ။ အာဏာမသိမ်းခင် ရှေ့ပိုင်းတောက်လျှောက် LGBT အခွင့်အရေး၊ Gender Issue ကိစ္စကို Conservative တွေရဲ့ အဆဲအဆိုခံပြီး ဆက်တိုက်Speak Out လုပ်လာခဲ့တဲ့သူဆိုတာ ကိုယ့်ကို အရင်ကတည်းက သိခဲ့တဲ့သူတွေ အားလုံးအသိပဲ။ ကိုယ့်ရဲ့ ထွက်ရှိခဲ့တဲ့စာအုပ်တွေထဲမှာ LGBT အခွင့်အရေးအကြောင်း၊ Gender Issue အကြောင်းတွေ အများကြီး ပါခဲ့တယ်။

လူထုနဲ့ ဝေးကွာနေတဲ့ အချို့သော ဇွတ်တက်ကြွပြသူကြီးတွေလို Gender Issue အကြောင်း နားလည်ပြီးသား အသိုင်းအဝိုင်းမှာ လူအထင်ကြီးခံ အနေချောင်အစားချောင်ရန် ရည်ရွယ်ချက်နဲ့ လက်ခုတ်သံခြူခဲ့တာ မဟုတ်ဘူး။ Conservative တွေ တပြုံကြီး ဝိုင်းဆဲနေတဲ့ကြားက အလွှာပေါင်းစုံဆီရောက်ဖို့ ဖြဲရဲပြောခဲ့တာ။
ဒီကာလမှာ စစ်တပ်ကို တိုက်ဖို့၊ ရန်ပုံငွေရှာဖို့ ပြောခဲ့ လှုပ်ရှားခဲ့တဲ့ မင်းအောင်လှိုင်ကို ထမိန်နဲ့အုပ်လို့ဆိုတဲ့ကိစ္စကို မပြီးနိုင် မစီးနိုင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်သူလို အတည်ပေါက်ကြီးတွေ ဇာချဲ့လာတာက အတော်လွန်လွန်းလာပြီ။

ထမိန်ကို ယုတ်ညံ့တယ်လို့ ယူဆတာမဟုတ်၊ ထမိန်ကိုယုတ်ညံ့တယ်လို့ယူဆထားတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ ဆေးမမီတဲ့ အတွေးအခေါ်ကို ချိုးနှိမ်တာ ဖြစ်ကြောင်း ပြောပြပြီးခဲ့ပြီ။ စစ်တပ်က စစ်သားနှစ်ကောင် ကလူနေကြတဲ့ပုံကို အိုက်စ်လို့ တင်မိလို့ LGBT တွေကို စော်ကားတယ် ဘာညာပြစ်မှုတွေထိ လုပ်လာတာက စောက်ပြစ်ရှာတယ် ဇာချဲ့တယ်ပဲ မြင်တယ်။

အဲ့တော့ ကိုယ့်ဘက်ကတော့ ရှင်းတယ်။ နင်တို့ အုပ်စုဖွဲ့ပြီး စောက်ကြီးစောက်ကျယ်တွေ ပုံကြီးချဲ့နေတာကို ငါက ကြောက်သွားမှာ မဟုတ်ဘူး။ တောင်းပန်မှာလည်း မဟုတ်ဘူး။ တောင်းပန်စရာလည်း မရှိဘူး။

ငါတို့က စစ်တပ်ကို Mind Gameနဲ့ တိုက်တယ်။ ရန်ပုံငွေ ရှာတယ်။ အမြင်မတူရင်တောင်မှ ဇွတ်အတင်း အခုလို ဇာချဲ့ပြနေစရာ မရှိဘူး။ ငါကိုယ်တိုင် မိန်းမတစ်ယောက် ဖြစ်တယ်။ Feminism ဘက်ကို ယိမ်းတဲ့မိန်းမ ဖြစ်တယ်။ LGBT တွေကို နှိမ်စရာ ခွဲခြားစရာလို့ မမြင်တဲ့အပြင် ဒီဖြစ်တည်မှုတွေဘက်က ရပ်တည်တဲ့သူ။ ဒါကို ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုနဲ့ဖြစ်စေ၊ စစ်တပ်ကို ဆော်တာ မကြိုက်လို့ ဖြစ်စေ LGBT တို့ Feminism တို့ လူ့အဖွဲ့အစည်းတွေနဲ့ လှည့်ပတ်ပွဲတည်ပေးနေတာဟာ ရိုးဖြောင့်သော သဘောလို့ မသတ်မှတ်နိုင်ဘူး။

ဘယ်ကလာလဲ။ စစ်တပ်ကိုတော့ မထောက်ခံပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် မပါသော နိုင်ငံရေး၊ NUG မပါသော တော်လှန်ရေးကို လမ်းကြောင်းပေးနေတဲ့ အင်အားစုက လာတယ်။

ဘာကိစ္စလဲ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ရည်ရွယ်ချိုးနှိမ်တဲ့ကိစ္စကနေ Gender Issue တွေ LGBT တွေထိ ပြစ်မှုကြီးအောင် ဆွဲခေါ်တယ်။လာရာကိုလည်း မြင်တယ်၊ လားရာကိုလည်း မြင်တယ်။ အဲ့တော့ ဆောရီးပါ။ မကျေနပ်ရင် စာတွေ ထပ်ထုတ်၊ ပိုစ့်တွေ ဆက်တင်ပြီး လောင်နေလိုက်ကြပါ။

ကိုယ်ကတော့ စစ်အာဏာရူးတွေ ကျဆုံးရေးကလွဲရင် ဘယ်ကိုမှ သွေဖယ်သွားမှာ မဟုတ်ပါကြောင်း။#ပန်ဆယ်လို