ဒီVideo လေးကတော့ သင်္ကြန်ပိတ်ရက်က သီလရှင်ဝတ်တဲ့ ဆရာလေးငယ်တပါးရဲ့
ဗုဒ္ဓဘာသာ သီလရှင်တပါးဖြစ်ဖို့ အရေးကြီးတဲ့ ၆ ချက်ကို အင်္ဂလိပ်လို ပြောသွားတာပါ
မောင်လေးက ဘုန်းကြီးဝတ်ပြီး သူမက သီလရှင်ဝတ်တာပါတဲ့
ဘွဲ့နာမည်က ဒါနဝတီ ဖြစ်ပြီး၊ မောင်လေးကိုရင်ကတော့ စန္ဒေါဘာသပါတဲ့
ကျန်တာတော့ သူပြောတာ Eng လိုမတတ်လို့ မသိပါဘူး
အင်္ဂလိပ်စကားကို မွှတ်နေအောင် ချောချောမွေ့မွေ့ပြောသွားတဲ့ ဆရာလေးကို လူအများ သဘောကျ ကြည်ညိုနေကြပါတယ်
မျက်နှာလေးကလဲကြည်လင်ရှင်းသန့်နေပြီး ချစ်စရာအသံလေးနဲ့ကြည်ညိုစရာ ဆရာလေးတပါးလို့ မှတ်ချက်များစွာရရှိထားပါတယ်
ဆရာလေးရဲ့ Video ကို ကြည့်ရှု့သူ ၆သိန်း ၂သောင်းကျော်သွားပါပြီ, ပြန်လည်မျှဝေပေးလိုက်ပါတယ်
သာဓု သာဓု သာဓု ပါဆရာလေး သီလရှင်ဘဝနဲ့ ပျော်ရွင်ချမ်းမြေ့တဲ့ ဘဝကို လျှောက်လှမ်းနိုင်ပါစေ ဆရာလေးရေ