ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းတွေမှာ တိုင်းချစ်ပြည်ချစ်စိတ်ကင်းမဲ့နေပြီး တိုင်းပြည်ပျက်ဆီးအောင်နည်းမျိုးစုံနဲ့လုပ်ဆောင်နေတယ်လို့စစ်ခေါင်းဆောင်ပြော
ဧရာဝတီတိုင်းမ်
မေလ ၆ ရက်
ပြည်ပရောက်မြန်မာလူငယ်တွေနဲ့ ပြည်ပအခြေပြုမြန်မာအသိုင်းအဝိုင်းတွေမှာ တိုင်းချစ်ပြည်ချစ်စိတ်ကင်းမဲ့နေပြီးတော့ တိုင်းပြည်ပျက်ဆီးအောင်နည်းမျိုးစုံနဲ့လုပ် ဆောင်နေတယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
မနေ့ မေလ ၅ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးဌာန ၃/၂၀၂၂ အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
စစ်ခေါင်းဆောင်က” လက်ရှိမှာ လူငယ်လူရွယ်များအနေနဲ့ တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်နည်းပါးနေတာကိုတွေ့ရကြောင်း၊ပြည်ပနိုင်ငံတွေမှာရောက်ရှိနေတဲ့တချို့သော မြန်မာလူငယ်တွေနဲ့ တချို့သော ပြည်ပအခြေပြုမြန်မာအသိုင်းအဝိုင်းများမှာ တိုင်းချစ်ပြည်ချစ်စိတ်ကင်းမဲ့နေပြီး တိုင်းပြည်ရဲ့ပကတိအခြေနေမှန်ကိုမသိရှိဘဲ နိုင် ငံရပ်ခြားကနေပြီး တိုင်းပြည်ပျက်ဆီးအောင်နည်းမျိုးစုံနဲ့လုပ်ဆောင်နေတာကိုတွေ့ရှိရကြောင်း၊
ဒါ့ကြောင့်လူငယ်လူရွယ်များအကြား တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်နဲ့ထိုမှတဆင့် မျိုးချစ်စိတ်ရှိရန်၊ မြန်မာဆိုတဲ့စိတ်ရှိရန် သင်ကြားလေ့ကျင့်ဆွေးနွေးပေးရန်လိုကြောင်း” ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒါ့အပြင် လူငယ်လူရွယ်များအကျင့်စာရိတ္တကောင်း မွန်ရေးနဲ့ ယဥ်ကျေးလိမ္မာမှုရှိစေဖို့ ယဥ်ကျေးလိမ္မာ သင်တန်းများဖွင့်လှစ်သင်ကြားပေးနေပြီး MRTVနဲ့ မြဝတီရုပ်သံ တွေကလည်း ၃၈ ဖြာမင်္ဂလာပညာပေး အစီအစဥ်များပြသပေးလျက်ရှိတယ်လို့လည်း ဆိုပါတယ်။
ျပည္ပေရာက္ျမန္မာအသိုင္းအဝိုင္းေတြမွာ တိုင္းခ်စ္ျပည္ခ်စ္စိတ္ကင္းမဲ့ေနၿပီး တိုင္းျပည္ပ်က္ဆီးေအာင္နည္းမ်ိဳးစုံနဲ႔လုပ္ေဆာင္ေနတယ္လို႔စစ္ေခါင္းေဆာင္ေျပာ
ဧရာဝတီတိုင္းမ္
ေမလ ၆ ရက္
ျပည္ပေရာက္ျမန္မာလူငယ္ေတြနဲ႔ ျပည္ပအေျချပဳျမန္မာအသိုင္းအဝိုင္းေတြမွာ တိုင္းခ်စ္ျပည္ခ်စ္စိတ္ကင္းမဲ့ေနၿပီးေတာ့ တိုင္းျပည္ပ်က္ဆီးေအာင္နည္းမ်ိဳးစုံနဲ႔လုပ္ ေဆာင္ေနတယ္လို႔ စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာဆိုလိုက္ပါတယ္။
မေန႔ ေမလ ၅ ရက္ေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္ေကာင္စီရဲ့ ဝန္ႀကီးဌာန ၃/၂၀၂၂ အစည္းအေဝးမွာ အခုလိုထည့္သြင္းေျပာၾကားခဲ့တာပါ။
စစ္ေခါင္းေဆာင္က” လက္ရွိမွာ လူငယ္လူရြယ္မ်ားအေနနဲ႔ တိုင္းခ်စ္ျပည္ခ်စ္စိတ္ မ်ိဳးခ်စ္စိတ္နည္းပါးေနတာကိုေတြ႕ရေၾကာင္း၊ျပည္ပနိုင္ငံေတြမွာေရာက္ရွိေနတဲ့တခ်ိဳ႕ေသာ ျမန္မာလူငယ္ေတြနဲ႔ တခ်ိဳ႕ေသာ ျပည္ပအေျချပဳျမန္မာအသိုင္းအဝိုင္းမ်ားမွာ တိုင္းခ်စ္ျပည္ခ်စ္စိတ္ကင္းမဲ့ေနၿပီး တိုင္းျပည္ရဲ့ပကတိအေျခေနမွန္ကိုမသိရွိဘဲ နိုင္ ငံရပ္ျခားကေနၿပီး တိုင္းျပည္ပ်က္ဆီးေအာင္နည္းမ်ိဳးစုံနဲ႔လုပ္ေဆာင္ေနတာကိုေတြ႕ရွိရေၾကာင္း၊
ဒါ့ေၾကာင့္လူငယ္လူရြယ္မ်ားအၾကား တိုင္းခ်စ္ျပည္ခ်စ္စိတ္ရွိရန္နဲ႔ထိုမွတဆင့္ မ်ိဳးခ်စ္စိတ္ရွိရန္၊ ျမန္မာဆိုတဲ့စိတ္ရွိရန္ သင္ၾကားေလ့က်င့္ေဆြးေႏြးေပးရန္လိုေၾကာင္း” ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဒါ့အျပင္ လူငယ္လူရြယ္မ်ားအက်င့္စာရိတၱေကာင္း မြန္ေရးနဲ႔ ယဥ္ေက်းလိမၼာမႈရွိေစဖို႔ ယဥ္ေက်းလိမၼာ သင္တန္းမ်ားဖြင့္လွစ္သင္ၾကားေပးေနၿပီး MRTVနဲ႔ ျမဝတီ႐ုပ္သံ ေတြကလည္း ၃၈ ျဖာမဂၤလာပညာေပး အစီအစဥ္မ်ားျပသေပးလ်က္ရွိတယ္လို႔လည္း ဆိုပါတယ္။