Local News

စစ္ေကာင္စီ ဖိအားေပးဖြင့္လွစ္ခဲ့သည့္႐ုပ္ရွင္႐ုံမ်ား ၾကည့္ရႈသူမရွိ၍ ျပန္ပိတ္

စစ္ေကာင္စီ ဖိအားေပးဖြင့္လွစ္ခဲ့သည့္႐ုပ္ရွင္႐ုံမ်ား ၾကည့္ရႈသူမရွိ၍ အခ်ိဳ႕ျပန္ပိတ္

ဆဏ္း/People’s Spring

အၾကမ္းဖက္စစ္ေကာင္စီက ဖိအားေပးျပန္လည္ဖြင့္လွစ္ခဲ့သည့္ ႐ုပ္ရွင္႐ုံမ်ားလာေရာက္ၾကည့္ရႈသူ မရွိသေလာက္နည္းပါးေသာေၾကာင့္ ႐ုပ္ရွင္႐ုံအခ်ိဳ႕ျပန္ပိတ္ထားရေၾကာင္း ႐ုံပိုင္ရွင္တစ္ဦးက ေျပာသည္။

“ႏွစ္ဆန္းတစ္ရက္ေန႔က လူမင္းကားစျပတယ္။ သုံးရက္ျပတယ္။ သုံးရက္ေတာင္တစ္ပြဲပဲျပႏိုင္တယ္။ လူကမလာဘူး။တစ္ပြဲေတာင္ လူသုံးေယာက္နဲ႔ျပလိုက္ရတာ”ဟု အထက္ပါ ႐ုံပိုင္ရွင္ကေျပာသည္။

ထို႔အျပင္ ေျပတီဦးႏွင့္‌ ေဖြးေဖြးတို႔၏ ဇာတ္ကားကို ေၾကျငာမ်ားေသခ်ာလုပ္၍ ဆက္လက္ျပသခဲ့ရာ ပရိသတ္လုံးဝမလာေၾကာင္း ၎က ဆိုသည္။”ပရိသတ္ကလုံးဝမလာတဲ့အတြက္ ႐ုပ္ရွင္ဌာနေတြကို စာတင္ၿပီး ခဏနားလိုက္တဲ့သေဘာပါ”ဟု ယင္း႐ုံပိုင္ရွင္က ေျပာသည္။

ၾကည့္ရႈသည့္ ပရိသတ္နည္းပါးေသာေၾကာင့္ ႐ုံပိုင္ရွင္မ်ားက ႐ုပ္ရွင္အစည္းအ႐ုံးသို႔ ႐ုံမ်ားျပန္ပိတ္ရန္ စာတင္ထားသည္ဟုသတင္းမ်ားထြက္ေပၚေနေသာ္လည္း People’s Springအေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေပ။

အၾကမ္းဖက္စစ္ေကာင္စီက ႐ုပ္ရွင္မ်ားကို ပရိသတ္စိတ္ဝင္စားမႈရွိေစရန္ ျပည္သူႏွင့္အတူရပ္တည္ကာ ေႏြဦးေတာ္လွန္ေရး၌ ပါဝင္ခဲ့ေသာေၾကာင့္ မတရားျပစ္ဒဏ္ခ်ခံခဲ့ရသည့္ မင္းသား၊မင္းသမီးမ်ား၏ ႐ုပ္ရွင္ဇာတ္ကားမ်ားျဖင့္ စတင္ျပသရန္ စီစဥ္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

စတင္ျပသမည့္ ႏွစ္ဆန္းတစ္ရက္တြင္ လူမင္း၊ေနမင္း၊ ေ႐ႊမႈန္ရတီ တို႔ပါဝင္သ႐ုပ္ေဆာင္ထားသည့္ ေဝးမေနခ်င္ဘူးဇာတ္ကားကိုစျပခဲ့ၿပီး ဧၿပီ ၂၉တြင္ ေျပတီဦးႏွင့္ေဖြးေဖြးပါဝင္သည့္ လိပ္ျပာေထာင္ေခ်ာက္၊ ေမလ၆ရက္တြင္ ပိုင္တံခြန္ႏွင့္အိေခ်ာပို တို႔ပါဝင္သည့္ အေမွာင္တိုက္၊ ေမလ၁၃ရက္တြင္ ေျပတီဦးႏွင့္ဝတ္မႈံေ႐ႊရည္တို႔ပါဝင္သည့္ ႐ြာေဂၚ၊ ေမလ၂၀ရက္တြင္ ေအာင္ရဲလင္းႏွင့္အိျႏၵာေက်ာ္ဇင္တို႔ပါဝင္သည့္ အခ်ိဳဆုံးအခ်စ္ အျပင္းဆုံးေမတၱာ ႏွင့္ ေမလ၂၇ရက္တြင္ေျပတီဦး ၊ မေနာ၊ ခိုင္သင္းၾကည္၊ သင္ဇာဝင့္ေက်ာ္တို႔ပါဝင္သည့္ ကေမာက္ကမ သမီးေယာက္မ ဇာတ္ကားမ်ားအစဥ္လိုက္႐ုံတင္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

အၾကမ္းဖက္စစ္ေကာင္စီက ျပည္သူမ်ား ပုံမွန္လည္ပတ္ေနသည္ဟု ျပသခ်င္ေသာေၾကာင့္ ႐ုပ္ရွင္႐ုံမ်ားျပန္လည္ဖြင့္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္ လက္ရွိကာလ၌ ႐ုပ္ရွင္႐ုံမ်ားသို႔ မသြားရန္ ေတာ္လွန္ေရးအင္အားစုမ်ားက တိုက္တြန္းထားသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါစတင္‌ေတြ႕ရွိသည့္ ၂၀၂၀ မတ္လတြင္ စတင္ပိတ္ခဲ့ရသည့္ ႐ုပ္ရွင္႐ုံမ်ားကို အၾကမ္းဖက္စစ္ေကာင္စီက ၿပီးခဲ့သည့္ႏွစ္ဆန္းတစ္ရက္တြင္ ျပန္လည္ဖြင့္ရန္ ဖိအားေပးခဲ့ျခင္းျဖစ္သည္။

ဓာတ္ပုံ – PS၊ CJ

စစ်ကောင်စီ ဖိအားပေးဖွင့်လှစ်ခဲ့သည့်ရုပ်ရှင်ရုံများ ကြည့်ရှုသူမရှိ၍ အချို့ပြန်ပိတ်

ဆဏ်း/People’s Spring

အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးပြန်လည်ဖွင့်လှစ်ခဲ့သည့် ရုပ်ရှင်ရုံများလာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါးသောကြောင့် ရုပ်ရှင်ရုံအချို့ပြန်ပိတ်ထားရကြောင်း ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“နှစ်ဆန်းတစ်ရက်နေ့က လူမင်းကားစပြတယ်။ သုံးရက်ပြတယ်။ သုံးရက်တောင်တစ်ပွဲပဲပြနိုင်တယ်။ လူကမလာဘူး။တစ်ပွဲတောင် လူသုံးယောက်နဲ့ပြလိုက်ရတာ”ဟု အထက်ပါ ရုံပိုင်ရှင်ကပြောသည်။

ထို့အပြင် ပြေတီဦးနှင့်‌ ဖွေးဖွေးတို့၏ ဇာတ်ကားကို ကြေငြာများသေချာလုပ်၍ ဆက်လက်ပြသခဲ့ရာ ပရိသတ်လုံးဝမလာကြောင်း ၎င်းက ဆိုသည်။”ပရိသတ်ကလုံးဝမလာတဲ့အတွက် ရုပ်ရှင်ဌာနတွေကို စာတင်ပြီး ခဏနားလိုက်တဲ့သဘောပါ”ဟု ယင်းရုံပိုင်ရှင်က ပြောသည်။

ကြည့်ရှုသည့် ပရိသတ်နည်းပါးသောကြောင့် ရုံပိုင်ရှင်များက ရုပ်ရှင်အစည်းအရုံးသို့ ရုံများပြန်ပိတ်ရန် စာတင်ထားသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း People’s Springအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက ရုပ်ရှင်များကို ပရိသတ်စိတ်ဝင်စားမှုရှိစေရန် ပြည်သူနှင့်အတူရပ်တည်ကာ နွေဦးတော်လှန်ရေး၌ ပါဝင်ခဲ့သောကြောင့် မတရားပြစ်ဒဏ်ချခံခဲ့ရသည့် မင်းသား၊မင်းသမီးများ၏ ရုပ်ရှင်ဇာတ်ကားများဖြင့် စတင်ပြသရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

စတင်ပြသမည့် နှစ်ဆန်းတစ်ရက်တွင် လူမင်း၊နေမင်း၊ ရွှေမှုန်ရတီ တို့ပါဝင်သရုပ်ဆောင်ထားသည့် ဝေးမနေချင်ဘူးဇာတ်ကားကိုစပြခဲ့ပြီး ဧပြီ ၂၉တွင် ပြေတီဦးနှင့်ဖွေးဖွေးပါဝင်သည့် လိပ်ပြာထောင်ချောက်၊ မေလ၆ရက်တွင် ပိုင်တံခွန်နှင့်အိချောပို တို့ပါဝင်သည့် အမှောင်တိုက်၊ မေလ၁၃ရက်တွင် ပြေတီဦးနှင့်ဝတ်မှုံရွှေရည်တို့ပါဝင်သည့် ရွာဂေါ်၊ မေလ၂၀ရက်တွင် အောင်ရဲလင်းနှင့်အိန္ဒြာကျော်ဇင်တို့ပါဝင်သည့် အချိုဆုံးအချစ် အပြင်းဆုံးမေတ္တာ နှင့် မေလ၂၇ရက်တွင်ပြေတီဦး ၊ မနော၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်တို့ပါဝင်သည့် ကမောက်ကမ သမီးယောက်မ ဇာတ်ကားများအစဉ်လိုက်ရုံတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ ပုံမှန်လည်ပတ်နေသည်ဟု ပြသချင်သောကြောင့် ရုပ်ရှင်ရုံများပြန်လည်ဖွင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ရုပ်ရှင်ရုံများသို့ မသွားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါစတင်‌တွေ့ရှိသည့် ၂၀၂၀ မတ်လတွင် စတင်ပိတ်ခဲ့ရသည့် ရုပ်ရှင်ရုံများကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်တွင် ပြန်လည်ဖွင့်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – PS၊ CJ