မင္းေအာင္လႈိင္ မိတ္ဆက္ခဲ့ေသာ MRTV Application သာမက MRTV Website အသစ္ပါ အြန္လိုင္းေပၚမွ ထပ္မံ ဖယ္ရွား ပိတ္ပင္ခံရ
ရန္ကုန္၊ ေမ ၆
ျမန္မာစစ္တပ္၏ ဝါဒျဖန႔္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား (MRTV) ၏ Website အသစ္သည္ အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ ေနျပည္ေတာ္တြင္ တခမ္းတနား ဖြင့္လွစ္ေပးခဲ့အၿပီး ၂ ရက္အၾကာတြင္ အြန္လိုင္းေပၚမွ ျဖဳတ္ခ်ခံလိုက္ရေၾကာင္း သိရွိရသည္။
ယမန္ေန႔က အေမရိကန္ကုမၸဏီ US developer Apps Web Social က MRTV ၏ Application မ်ားကို Apple App store ႏွင့္ Google play store ပလပ္ေဖာင္းမ်ားမွ ဖယ္ရွားခဲ့အၿပီး ယေန႔တြင္ MRTV ၏ website အသစ္ ကိုပါ အြန္လိုင္းေပၚမွ ထပ္မံ၍ ျဖဳတ္ခ် ပိတ္ပင္ခံရျခင္းလည္း ျဖစ္သည္။
MRTV သည္ သတင္းအမွားမ်ား၊ အမုန္းစကားမ်ားကို အသုံးျပဳ၍ ျပည္သူမ်ားအေပၚ စိတ္ဓတ္စစ္ဆင္ေရး ဆင္ႏႊဲေနေသာ ျမန္မာစစ္ေကာင္စီ၏ ဝါဒျဖန႔္ ယႏၲရားတစ္ခုျဖစ္သည္။
ျမန္မာစစ္တပ္ႏွင့္ ၎တို႔ထိန္းခ်ဳပ္ထားသည့္ အဖြဲ႕အစည္းအားလုံးကို Apple ႏွင့္ Google ပလက္ေဖာင္းေပၚတြင္ လုံး၀ အသုံး မျပဳႏိုင္ေအာင္ ပိတ္ပင္ရန္ အဆိုပါ MRTV အက္ပလီေကးရွင္း မိတ္ဆက္ပြဲ အခမ္းအနားအေၾကာင္း စတင္ေဖာ္ျပခဲ့ေသာ Justice for Myanmar အဖြဲ႕က ထပ္မံ ေတာင္းဆိုထားသည္။
ျဖဳတ္ခ်ခံလိုက္ရေသာ mrtvmedia.com Website ကို အေမရိကန္အေျခစိုက္ GoDaddy.com ကုမၸဏီက ဖန္တီးေပးခဲ့ျခင္းလည္း ျဖစ္သည္။MRTV ၏ Website အသစ္ ျဖဳတ္ခ်ခံရမႈႏွင့္ ပတ္သက္၍ IT နည္းပညာနယ္ ပယ္မွ အမည္မေဖာ္လိုသည့္ တက္ႂကြလႈပ္ရွားသူတစ္ဦး္ “စစ္တပ္ လက္ေအာက္ခံ MRTV ရဲ႕ ဝါဒျဖန႔္ခ်ိေရး အက္ပ္ေတြနဲ႔ Website အသစ္ ျဖဳတ္ခ်ခံရျခင္းဟာ စစ္တပ္ရဲ႕ အာဏာသိမ္းဖို႔ ႀကိဳးပမ္းေနတာေတြ မေအာင္ျမင္ဘူး ဆိုတာကို ထင္ရွားစြာ သက္ေသျပလိုက္ျခင္းလည္း ျဖစ္တယ္။
႐ိုးရွင္းလွတဲ့ Website ကိုေတာင္ မဖြင့္ႏိုင္တဲ့သူေတြက ဘယ္လိုလုပ္ၿပီး တိုင္းျပည္တစ္ခုကို အဆင္ေျပေျပ အုပ္ခ်ဳပ္ႏိုင္မွာလဲ။”ဟု မွတ္ခ်က္ျပဳေျပာဆိုသည္။
“လူေတြက စစ္တပ္ကို တူးတူးခါးခါး မုန္းတီးေနၿပီဆိုမွေတာ့ သူတို႔ေတြ ဘယ္ ေလာက္ပဲ ဖိႏွိပ္ဖိႏွိပ္ ျပည္သူ႔ေတာ္လွန္ေရးေအာက္မွာ စစ္တပ္ရဲ႕ ဇတ္သိမ္းခန္းဟာ မၾကာခင္ ေရာက္လာေတာ့မွာပါ”ဟု ၎က ဆက္လက္ေျပာဆိုသည္။
မင်းအောင်လှိုင် မိတ်ဆက်ခဲ့သော MRTV Application သာမက MRTV Website အသစ်ပါ အွန်လိုင်းပေါ်မှ ထပ်မံ ဖယ်ရှား ပိတ်ပင်ခံရ
ရန်ကုန်၊ မေ ၆
မြန်မာစစ်တပ်၏ ဝါဒဖြန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ Website အသစ်သည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်တွင် တခမ်းတနား ဖွင့်လှစ်ပေးခဲ့အပြီး ၂ ရက်အကြာတွင် အွန်လိုင်းပေါ်မှ ဖြုတ်ချခံလိုက်ရကြောင်း သိရှိရသည်။
ယမန်နေ့က အမေရိကန်ကုမ္ပဏီ US developer Apps Web Social က MRTV ၏ Application များကို Apple App store နှင့် Google play store ပလပ်ဖောင်းများမှ ဖယ်ရှားခဲ့အပြီး ယနေ့တွင် MRTV ၏ website အသစ် ကိုပါ အွန်လိုင်းပေါ်မှ ထပ်မံ၍ ဖြုတ်ချ ပိတ်ပင်ခံရခြင်းလည်း ဖြစ်သည်။
MRTV သည် သတင်းအမှားများ၊ အမုန်းစကားများကို အသုံးပြု၍ ပြည်သူများအပေါ် စိတ်ဓတ်စစ်ဆင်ရေး ဆင်နွှဲနေသော မြန်မာစစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားတစ်ခုဖြစ်သည်။
မြန်မာစစ်တပ်နှင့် ၎င်းတို့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းအားလုံးကို Apple နှင့် Google ပလက်ဖောင်းပေါ်တွင် လုံး၀ အသုံး မပြုနိုင်အောင် ပိတ်ပင်ရန် အဆိုပါ MRTV အက်ပလီကေးရှင်း မိတ်ဆက်ပွဲ အခမ်းအနားအကြောင်း စတင်ဖော်ပြခဲ့သော Justice for Myanmar အဖွဲ့က ထပ်မံ တောင်းဆိုထားသည်။
ဖြုတ်ချခံလိုက်ရသော mrtvmedia.com Website ကို အမေရိကန်အခြေစိုက် GoDaddy.com ကုမ္ပဏီက ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။MRTV ၏ Website အသစ် ဖြုတ်ချခံရမှုနှင့် ပတ်သက်၍ IT နည်းပညာနယ် ပယ်မှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦ်း “စစ်တပ် လက်အောက်ခံ MRTV ရဲ့ ဝါဒဖြန့်ချိရေး အက်ပ်တွေနဲ့ Website အသစ် ဖြုတ်ချခံရခြင်းဟာ စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းနေတာတွေ မအောင်မြင်ဘူး ဆိုတာကို ထင်ရှားစွာ သက်သေပြလိုက်ခြင်းလည်း ဖြစ်တယ်။
ရိုးရှင်းလှတဲ့ Website ကိုတောင် မဖွင့်နိုင်တဲ့သူတွေက ဘယ်လိုလုပ်ပြီး တိုင်းပြည်တစ်ခုကို အဆင်ပြေပြေ အုပ်ချုပ်နိုင်မှာလဲ။”ဟု မှတ်ချက်ပြုပြောဆိုသည်။
“လူတွေက စစ်တပ်ကို တူးတူးခါးခါး မုန်းတီးနေပြီဆိုမှတော့ သူတို့တွေ ဘယ် လောက်ပဲ ဖိနှိပ်ဖိနှိပ် ပြည်သူ့တော်လှန်ရေးအောက်မှာ စစ်တပ်ရဲ့ ဇတ်သိမ်းခန်းဟာ မကြာခင် ရောက်လာတော့မှာပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။