Local News

မိုးလေဝသပညာရှင် မစုစုစံရဲ့ ယနေ့ မိုးခန့်မှန်းချက်



နောက် ၂၄နာရီအတွင်း အန်ဒါမန်ကျွန်းစုတွေအနီးမှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ် မေလ ၇ရက်နေ့ ၈ရက်နေ့တွေမှာပိုမိုအားကောင်းလာနိုင်ပြီး ဧရာဝတီတိုင်း













အိမ်မဲ ဝါးခယ်မ မော်ကျွန်း လေမိုး လျှပ်စီးမိုးကြိုး မိုး Lightning: Cloud to ground, Power: 41kA (Angry rourer), Date: 05/05/2022, Time: 06:00:15pm,

ဇလွန် ဓနုဖြူ မိုး 🌧🌧🌧,ငပုတောမိုး🌧🌧🌧 Lightning: Cloud to ground, Power: -8kA (Strong slammer), Date: 05/05/2022

နောက် ၂၄နာရီအတွင်း အန်ဒါမန်ကျွန်းစုတွေအနီးမှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ် မေလ ရရက်နေ့ ၈ရက်နေ့တွေမှာပိုမိုအားကောင်းလာနိုင်ပြီး ဧရာဝတီတိုင်း

ရန်ကုန်တိုင်းမကွေးတိုင်း နေပြည်တော် မန္တလေးတိုင်း စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်တွေမှာမိုးတွေရွာနိုင်ပြီး ၉ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသတွေမှာမိုးကြီးနိုင်ပါတယ်

ဧရာဝတီမြစ်ရေသတိ ၂၀၂၂ မေလ ၁၅ရက်နေ့မှ ၂ဝရက်နေ့အတွင်း ဧရာဝတီမြစ်ဖျားပိုင်း မေခ မလိခ မြစ်ဖျား ကချင်ပြည်နယ်ကြီးမှာ မိုးများစွာရွာသွန်းနိုင်သဖြင့် ဧရာဝတီမြစ်အထက်ပိုင်း မြစ်ရေများစွာတိုးလာနိုင်ပါတယ် ခန့်မှန်းချိန် 05/05/2022

05/05/2022 12:30PM အချိန်မှနောက်၄၈နာရီအတွင်း Depression (TD) မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်ပြီး မေလ ရရက်နေ့ ၈ရက်နေ့တွေမှာ ဧရာဝတီတိုင်းရန်ကုန်တိုင်းဒေသတွေမှာ မုန်တိုင်းမိုးတွေရွာလာနိုင်ပြီး လေထန်မှုအနည်းငယ်မျှသာရှိနိုင်ပါတယ် မြန်မာနိုင်ငံကိုဝင်ရောက်နိုင်တဲ့အလားအလာမရှိသေးပါ ခန့်မှန်းချိန် 05/05/2022

မိုးဦးစေမယ်လို့ လအဝေးကြီးထဲက ခန့်မှန်းပေးထားခဲ့တဲ့အတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်းဒေသတွေမှာ ၂၀၂၂ မေလ ရရက်နေ့မှ ၁၂ရက်နေ့အထိ မိုးတွေဆက်တိုက်ရွာသွန်းလာကာ

မိုးဦးနိဒါန်း အစပြု၍ မုတ်သုန်လေသည်လည်းစောစီးစွာဝင်ရောက်လာနိုင်တဲ့အတွက် စိုက်ပျိုးရေ အလုံအလောက်ရရှိပါလိမ့်မယ် ခန့်မှန်းချိန် 05/05/2022

စိုက်ပျိုးရေးတောင်သူလယ်သမားတွေအတွက်မုတ်သုန်လေ 🌧🌧🌧🌾🌾🌾⛈⛈⛈ အီကွေတာအနီး အိန္ဒိယမြောက်ပိုင်းသမုဒ္ဒရာမှာ 92B လေဖိအားနည်းရပ်ဝန်းနဲ့ အိန္ဒိယသမုဒ္ဒရာမှာ 90S လေဖိအားနည်းရပ်ဝန်း အပြိုင်ဖြစ်ပေါ်နေသလို

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းကို Monsoon Axle မုတ်သုန်ရာသီနန်းထိုင်ရန်အတွက်L1004 mb ဖြင့် အစပျိုးနေရာယူလာတာကိုတွေရှိရပါတယ် လက်ရှိလေစီး data အချက်အလက်တွေအရ

အနောက်တောင်မုတ်သုန်လေသည် ဇွန်လ ၅ရက်နေ့မတိုင်မှိ မြန်မာတစ်နိုင်ငံလုံးကိုလွှမ်းခြုံရောက်ရှိသွားနိုင်သဖြင့် အနောက်တောင်မုတ်သုန်လေ အစောဆုံးဝင်ရောက်တဲ့နှစ်တစ်နှစ်အဖြစ်မှတ်တမ်းဝင်သွားနိုင်ပါတယ် စိုက်ကြပျိုးကြဖို့အဆင်သင့်ပြင်ဆင်ပြီးကြပြီးလား ခန့်မှန်းချိန် 05/05/2022

၂၀၂၂ မေလ ၉ရက်နေ့ ၁ဝရက်နေ့တွေမှာ မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ခန့်မှန်းချိန် 05/05/2022

ဘင်္ဂလာပင်လယ်အော်တွင် ၂၀၂၂ မေလ ၉ရက်နေ့ ၁ဝရက်နေ့တွေ မှာ cyclone မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာမှာဖြစ်ပြီး အဆိုပါရက်တွေမှာ မုန်တိုင်းရဲ့ဘယ်ဖက်လေဆွဲယူအားက အီကွေတာမှ

ရေငွေ့ပါတဲ့လေစီးတွေက မုန်တိုင်းရဲ့ညာဖက်မြန်မာနိုင်ငံအပေါ်သက်ရောက်မှာဖြစ်သဖြင့် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရှမ်းပြည်နယ် နေပြည်တော် မန္တလေးတိုင်းတွေမှာမိုးရွာနိုင်ပြီး ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်

သတိပြုရန် မကွေးတိုင်းရခိုင်ရိုးမပေါ် မိုးကြီးနိုင်သဖြင့် မကွေးတိုင်း အနောက်ဖက်ပိုင်း ဧရာဝတီမြစ်အတွင်းစီးဝင်သောမြစ်ချောင်းများအတွင်းစိုက်ပျိုးထားသောသီးနှံများပျက်စီးနိုင်သဖြင့် မေလ ၉ရက်နေ့မတိုင်မှိအပြီးရိတ်သိမ်းကြပြီး လုံခြုံတဲ့အမိုးအကာအောက်ကိုရောက်ရှိအောင်အလျှင်အမြန်လုပ်ဆောင်ကြပါလို့ အကြုံပြုလိုက်ပါတယ်