Local News

ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ တြစ္တာမွာ ေျပာဆိုမႈအေပၚ စစ္ေကာင္စီေျပာခြင့္ရ တုံ႔ျပန္ေျပာဆိုခ်က္

ေအေအစစ္ဦးစီးခ်ဳပ္ရဲ႕ တြစ္တာမွာ ေျပာဆိုမႈအေပၚ စစ္ေကာင္စီေျပာခြင့္ရ တုံ႔ျပန္ေျပာဆိုခ်က္

ရကၡိဳင့္တပ္ေတာ္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လတ္ဦး အမည္ကို တပ္ၿပီး လူမႈကြန္ရက္ တြစ္တာမွာ စိန္ေခၚ လိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က တြစ္တာမွာ အေနာက္ပိုင္းတိုင္း တိုင္းမႉးကို နာမည္တပ္ၿပီး သူ႔ရဲ႕လုပ္ရပ္ေတြေၾကာင့္ အာ႐ုံေနာက္ေနရေၾကာင္း၊ သူေနတဲ့ေနရာထိ လာတိုက္လို႔ရတယ္ဆိုတဲ့ သေဘာမ်ိဳး စိန္ေခၚတဲ့စာသား ေရးထားတာပါ။ အေနာက္ပိုင္းတိုင္း တိုင္းမႉးရဲ႕ လုပ္ရပ္ေတြက ဘာေတြလဲဆိုတာေတာ့ သူ႔ထဲမွာ ေျပာမထားပါဘူး။

ရခိုင္ျပည္နယ္မွာ အပစ္ရပ္ထားတဲ့ကာလအတြင္း ရခိုင့္တပ္ေတာ္AA ရဲ႕ ၾသဇာအားေကာင္းလာမႈ အေပၚ စစ္ေကာင္စီဘက္က ဟန႔္တားမႈေတြ ဆက္တိုက္လုပ္ေဆာင္လာခ်ိန္မွာပဲ အခုလိုတင္းမာမႈေတြျဖစ္ေပၚလာတာလို႔ အကဲခတ္ေတြက သုံးသပ္ပါတယ္။

AA နဲ႔ ဆက္သြယ္တယ္ဆိုတဲ့အေၾကာင္းျပခ်က္ ႐ြာေတြကို ဝင္ေရာက္စစ္ေဆးတာေတြ၊ အခြန္ေပးေဆာင္သူေတြကို ဖိအားေပးတာေတြ၊ ေဒသခံတခ်ိဳ႕ကို ဖမ္းဆီးမႈေတြ စစ္ေကာင္စီတပ္ေတြက ဆက္တိုက္လုပ္ေဆာင္လာေနတယ္လို႔ ေဒသခံေတြက ဘီဘီစီကို ေျပာပါတယ္။

ဒီေနာက္ခံအေျခအေနေတြကလည္း ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ သည္းမခံႏိုင္တဲ့အေၾကာင္းေတြထဲက တစ္ခုျဖစ္လိမ့္မယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားေဟာင္း ဦးဦးထြန္းဝင္းက သုံးသပ္ပါတယ္။

႐ြာေတြကို စစ္ေၾကာင္းေတြ အခါအားေလ်ာ္စြာ လွည့္လာတာ၊ စစ္ကားေတြဝင္လာတာ စတဲ့ အေျခအေနေတြေၾကာင့္ ဒီလို တြစ္တာမွာ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕စာကို မေတြ႕ရခင္ကတည္းက ဒီကာလေတြမွာ တစ္ခုခု ျဖစ္လာမလားလို႔ စိုးရိမ္စိတ္ရွိတယ္လို႔ ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ဟာ စကားေျပာရာမွာ သိမ္ေမြ႕သူ ျဖစ္တာေၾကာင့္ အခုလို တြစ္တာမွာ ေျပာဆိုလိုက္တာဟာ မသိႏိုင္တဲ့ တျခားအရာေတြ ရွိေကာင္းရွိလာႏိုင္တယ္လို႔လည္း ဦးဦးထြန္းဝင္းက ေျပာပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ ရဲ႕ လူမႈကြန္ရက္ေပၚကစကားေၾကာင့္ ရခိုင္ျပည္နယ္ထဲက ေျမျပင္အေျခအေနကို စစ္ေဆးမႈေတြလုပ္ေနတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္က အေျခအေနအေပၚ စစ္ေကာင္စီရဲ႕သေဘာထားကို စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျပာပါတယ္။

တိုက္ပြဲ မျဖစ္တာက ေဒသခံေတြေရာ၊ တပ္မေတာ္ေရာ၊ EAO ေတြအတြက္ေရာ အားလုံးအတြက္ ပိုၿပီး အက်ိဳးရွိေၾကာင္း၊ အားလုံးက ထိန္းသိမ္းေဆာင္႐ြက္ရင္ ပိုအက်ိဳးျဖစ္ထြန္းမယ္လို႔ ျမင္ေၾကာင္းနဲ႔ ဝန္ႀကီးခ်ဳပ္က ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ဖို႔ ေျပာဆိုထားတာလည္းရွိေၾကာင္း ေျပာပါတယ္။

စစ္ေကာင္စီ ဥကၠ႒ အေနနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ေခၚထားခ်ိန္ ေကအိုင္အိုက မတက္ေရာက္ဘူးလို႔ေၾကာင္းျပန္ၿပီးေနာက္တစ္ရက္မွာ AA စစ္ဦးစီးခ်ဳပ္ရဲ႕ စိန္ေခၚမႈ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္က တင္းမာမႈေတြနဲ႔ ပတ္သက္ၿပီး ေအေအဘက္ကို ဘီဘီစီက ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရေသးပါဘူး။

စစ္ေကာင္စီက ဖိတ္ေခၚထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အေၾကာင္းျပန္ၾကားဖို႔ ေျပာထားတဲ့ မတိုင္ခင္ ရက္ပိုင္းအလိုမွာ အခုလို ေျပာဆိုမႈ ထြက္လာလည္း ျဖစ္ပါတယ္။source-BBC

အေအေစစ်ဦးစီးချုပ်ရဲ့ တွစ်တာမှာ ပြောဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရ တုံ့ပြန်ပြောဆိုချက်

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး အမည်ကို တပ်ပြီး လူမှုကွန်ရက် တွစ်တာမှာ စိန်ခေါ် လိုက်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာမှာ အနောက်ပိုင်းတိုင်း တိုင်းမှူးကို နာမည်တပ်ပြီး သူ့ရဲ့လုပ်ရပ်တွေကြောင့် အာရုံနောက်နေရကြောင်း၊ သူနေတဲ့နေရာထိ လာတိုက်လို့ရတယ်ဆိုတဲ့ သဘောမျိုး စိန်ခေါ်တဲ့စာသား ရေးထားတာပါ။ အနောက်ပိုင်းတိုင်း တိုင်းမှူးရဲ့ လုပ်ရပ်တွေက ဘာတွေလဲဆိုတာတော့ သူ့ထဲမှာ ပြောမထားပါဘူး။

ရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားတဲ့ကာလအတွင်း ရခိုင့်တပ်တော်AA ရဲ့ သြဇာအားကောင်းလာမှု အပေါ် စစ်ကောင်စီဘက်က ဟန့်တားမှုတွေ ဆက်တိုက်လုပ်ဆောင်လာချိန်မှာပဲ အခုလိုတင်းမာမှုတွေဖြစ်ပေါ်လာတာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက် ရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ၊ အခွန်ပေးဆောင်သူတွေကို ဖိအားပေးတာတွေ၊ ဒေသခံတချို့ကို ဖမ်းဆီးမှုတွေ စစ်ကောင်စီတပ်တွေက ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီနောက်ခံအခြေအနေတွေကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် သည်းမခံနိုင်တဲ့အကြောင်းတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားဟောင်း ဦးဦးထွန်းဝင်းက သုံးသပ်ပါတယ်။

ရွာတွေကို စစ်ကြောင်းတွေ အခါအားလျော်စွာ လှည့်လာတာ၊ စစ်ကားတွေဝင်လာတာ စတဲ့ အခြေအနေတွေကြောင့် ဒီလို တွစ်တာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့စာကို မတွေ့ရခင်ကတည်းက ဒီကာလတွေမှာ တစ်ခုခု ဖြစ်လာမလားလို့ စိုးရိမ်စိတ်ရှိတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ စကားပြောရာမှာ သိမ်မွေ့သူ ဖြစ်တာကြောင့် အခုလို တွစ်တာမှာ ပြောဆိုလိုက်တာဟာ မသိနိုင်တဲ့ တခြားအရာတွေ ရှိကောင်းရှိလာနိုင်တယ်လို့လည်း ဦးဦးထွန်းဝင်းက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ လူမှုကွန်ရက်ပေါ်ကစကားကြောင့် ရခိုင်ပြည်နယ်ထဲက မြေပြင်အခြေအနေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေအပေါ် စစ်ကောင်စီရဲ့သဘောထားကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

တိုက်ပွဲ မဖြစ်တာက ဒေသခံတွေရော၊ တပ်မတော်ရော၊ EAO တွေအတွက်ရော အားလုံးအတွက် ပိုပြီး အကျိုးရှိကြောင်း၊ အားလုံးက ထိန်းသိမ်းဆောင်ရွက်ရင် ပိုအကျိုးဖြစ်ထွန်းမယ်လို့ မြင်ကြောင်းနဲ့ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ပြောဆိုထားတာလည်းရှိကြောင်း ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားချိန် ကေအိုင်အိုက မတက်ရောက်ဘူးလို့ကြောင်းပြန်ပြီးနောက်တစ်ရက်မှာ AA စစ်ဦးစီးချုပ်ရဲ့ စိန်ခေါ်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က တင်းမာမှုတွေနဲ့ ပတ်သက်ပြီး အေအေဘက်ကို ဘီဘီစီက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကြောင်းပြန်ကြားဖို့ ပြောထားတဲ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုမှု ထွက်လာလည်း ဖြစ်ပါတယ်။source-BBC