Local News

MRTV Application ႏွင့္ Website ကို မည္သည့္အဖြဲ႕အစည္းကမွ ဖယ္ရွား ျဖဳတ္မခ်ႏိုင္ဘဲ ျပင္ဆင္ေဆာင္႐ြက္ေနသျဖင့္ ေခတၱရပ္ဆိုင္းထားဟု စစ္တပ္က လိမ္လည္ျပန္

မင္းေအာင္လႈိင္ကိုယ္တိုင္ ဖြင့္လွစ္မိတ္ဆက္ခဲ့သည့္ MRTV Application ႏွင့္ Website ကို မည္သည့္အဖြဲ႕အစည္းကမွ ဖယ္ရွား ျဖဳတ္မခ်ႏိုင္ဘဲ ျပင္ဆင္ေဆာင္႐ြက္ေနသျဖင့္ ေခတၱရပ္ဆိုင္းထားဟု စစ္တပ္က လိမ္လည္ျပန္

ရန္ကုန္၊ ေမ ၇

အၾကမ္းဖက္ ရာဇဝတ္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကိုယ္တိုင္ ဖြင့္လွစ္မိတ္ဆက္ခဲ့သည့္ MRTV Application ႏွင့္ Website ကို မည္သည့္အဖြဲ႕အစည္းကမွ ျဖဳတ္ခ်ႏိုင္ျခင္းမရွိဘဲ ျပင္ဆင္ေဆာင္႐ြက္ေနသျဖင့္ ၎တို႔ကိုယ္တိုင္ ထုတ္လႊင့္မႈ ေခတၱရပ္ဆိုင္းထားျခင္းျဖစ္ေၾကာင္း စစ္တပ္က လိမ္လည္ သတင္းထုတ္ျပန္သည္။

ေမလ ၆ ရက္ေန႔ စစ္ေကာင္စီ၏ ဝါဒျဖန႔္ MRTV သတင္းတြင္ မင္းေအာင္လႈိင္ကိုယ္တိုင္ဖြင့္လွစ္ခဲ့သည့္ MRTV Application ႏွင့္ Website ကို ဟက္ကာ ၄၃ ခုက ဝင္ေရာက္တိုက္ခိုက္သျဖင့္ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ရန္ ယာယီ ဆိုင္းငံ့ထားေၾကာင္း၊ မည္သည့္အဖြဲ႕အစည္းကမွ MRTV Application ႏွင့္ Website ကို ဖယ္ရွားႏိုင္ျခင္း၊ ျဖဳတ္ခ်ႏိုင္ျခင္းမရွိသည္ကို ျပည္သူမ်ားကို အသိေပးလိုေၾကာင္း၊ ျပန္လည္ ထုတ္လႊင့္ႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္း လိမ္လည္ သတင္းထုတ္ျပန္သည္။

စစ္တပ္၏ ဝါဒျဖန႔္ MRTV Application ႏွင့္ Website ကို ေမလ ၄ ရက္ေန႔တြင္ မင္းေအာင္လႈိင္ကိုယ္တိုင္ တက္ေရာက္ ဖြင့္လွစ္ၿပီး ေမလ ၅ ရက္ေန႔တြင္ အေမရိကန္ကုမၸဏီ US developer Apps Web Social က MRTV ၏ Application မ်ားကို Apple App store ႏွင့္ Google play store ပလပ္ေဖာင္းမ်ားမွ ဖယ္ရွားခဲ့ၿပီး ေမလ ၆ ရက္ေန႔တြင္ MRTV Website ကို ျဖဳတ္ခ်ခဲ့ျခင္းျဖစ္သည္။

MRTV သည္ သတင္းအမွားမ်ား၊ အမုန္းစကားမ်ားကို အသုံးျပဳ၍ ျပည္သူမ်ားအေပၚ စိတ္ဓာတ္စစ္ဆင္ေရး ဆင္ႏႊဲေနေသာ ျမန္မာစစ္ေကာင္စီ၏ ဝါဒျဖန႔္ ယႏၲရားတစ္ခုျဖစ္ၿပီး ျဖဳတ္ခ်ခံလိုက္ရေသာMRTV Website – mrtvmedia.com Website ကို အေမရိကန္အေျခစိုက္ GoDaddy.com ကုမၸဏီက ဖန္တီးေပးခဲ့ျခင္းလည္း ျဖစ္သည္။

ဓာတ္ပုံ- ေမလ ၄ ရက္ေန႔ MRTV Application ႏွင့္ Website မိတ္ဆက္သည့္ အခမ္းအနား မင္းေအာင္လႈိင္ တက္ေရာက္ေနစဥ္။

မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်မိတ်ဆက်ခဲ့သည့် MRTV Application နှင့် Website ကို မည်သည့်အဖွဲ့အစည်းကမှ ဖယ်ရှား ဖြုတ်မချနိုင်ဘဲ ပြင်ဆင်ဆောင်ရွက်နေသဖြင့် ခေတ္တရပ်ဆိုင်းထားဟု စစ်တပ်က လိမ်လည်ပြန်

ရန်ကုန်၊ မေ ၇

အကြမ်းဖက် ရာဇဝတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်မိတ်ဆက်ခဲ့သည့် MRTV Application နှင့် Website ကို မည်သည့်အဖွဲ့အစည်းကမှ ဖြုတ်ချနိုင်ခြင်းမရှိဘဲ ပြင်ဆင်ဆောင်ရွက်နေသဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လွှင့်မှု ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်သည်။

မေလ ၆ ရက်နေ့ စစ်ကောင်စီ၏ ဝါဒဖြန့် MRTV သတင်းတွင် မင်းအောင်လှိုင်ကိုယ်တိုင်ဖွင့်လှစ်ခဲ့သည့် MRTV Application နှင့် Website ကို ဟက်ကာ ၄၃ ခုက ဝင်ရောက်တိုက်ခိုက်သဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ယာယီ ဆိုင်းငံ့ထားကြောင်း၊ မည်သည့်အဖွဲ့အစည်းကမှ MRTV Application နှင့် Website ကို ဖယ်ရှားနိုင်ခြင်း၊ ဖြုတ်ချနိုင်ခြင်းမရှိသည်ကို ပြည်သူများကို အသိပေးလိုကြောင်း၊ ပြန်လည် ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း လိမ်လည် သတင်းထုတ်ပြန်သည်။

စစ်တပ်၏ ဝါဒဖြန့် MRTV Application နှင့် Website ကို မေလ ၄ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပြီး မေလ ၅ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီ US developer Apps Web Social က MRTV ၏ Application များကို Apple App store နှင့် Google play store ပလပ်ဖောင်းများမှ ဖယ်ရှားခဲ့ပြီး မေလ ၆ ရက်နေ့တွင် MRTV Website ကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

MRTV သည် သတင်းအမှားများ၊ အမုန်းစကားများကို အသုံးပြု၍ ပြည်သူများအပေါ် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေသော မြန်မာစစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားတစ်ခုဖြစ်ပြီး ဖြုတ်ချခံလိုက်ရသောMRTV Website – mrtvmedia.com Website ကို အမေရိကန်အခြေစိုက် GoDaddy.com ကုမ္ပဏီက ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- မေလ ၄ ရက်နေ့ MRTV Application နှင့် Website မိတ်ဆက်သည့် အခမ်းအနား မင်းအောင်လှိုင် တက်ရောက်နေစဉ်။