Local News
အနီးကပ်စော်တာ အားရချက် စခ တွေပြန်ပစ်ချိန်တောင်မရဘူး..
ရန်ကုန်၊
ရေးမြို့နယ် ၃၁၆ အမြှောက်တပ်မှ စစ်ကားကို ရေးတော်လှန်ရေးအဖွဲ့များတိုက်ခိုက်၊ ဗျူဟာမှူး အပါအဝင် ၅ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊
မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၁၆ အမြှောက်တပ်မှ စစ်ကားကို မတ်လ ၇ ရက်နေ့တွင် ရေး PDF နှင့် ပူးပေါင်းအဖွဲ့က ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗျူဟာမှူး ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေး PDF တာဝန်ရှိသူ တဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကားများကို ထားဝယ်မြို့အထွက် တနင်္သာရီ လမ်းမကြီး ရေးတံတားကြီးမရောက်မှီတွင် ရေး PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါ စစ်ကားသည် ကျောင်းသားများကို ကျောင်းသို့ ပို့ဆောင်ပြီး အပြန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
” ရေးမြို့နယ် PDF ပေါ့။ ထားဝယ်ဖက်အထွက်ပေါ့။ တနင်္သာရီလမ်းမကြီး ရေးတံတားကြီးနဲ့ဆို ၁ ကီလိုမီတာခွဲလောက် အကွာပေါ့။ အဲမှာ ပစ်ခတ်ခံရတာ အခုပစ်ခံရတဲ့ စစ်ကားက ကလော့ကြီးရွာ အမြှောက်တပ်ပေါ့။
သူတို့က ကလေးတွေ ကျောင်းပို့ပြီးတော့ အသွားကို မလုပ်ဘူး။ ကလေးတွေ ထိမှာဆိုးလို့ အဲမှာ ဗျူဟာမှူးပါကျတယ်” ဟု ရေး PDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။