Articles Local News

ဖတ္ၾကည့္ရင္း က်က္သီးပါထတဲ့…..အညာသားတို႔ရဲ႕ေႏြဦးေတာ္လွန္ေရး

ဖတ္ၾကည့္ရင္း က်က္သီးပါထတဲ့…..အညာသားတို႔ရဲ႕ေႏြဦးေတာ္လွန္ေရး

လက္လုပ္တူမီးနဲ႔လက္လုပ္ RPG နဲ႔ မအလတပ္ကို ေသြးပ်က္ေစတဲ့အညာသားေတြ၊ ယူနီေဖာင္းဆိုတာ ဘယ္ဆီေနမွန္းမသိဘူး၊ ၾကက္ေပါင္ဖိနပ္နဲ႔ေဘးလြယ္အိတ္အစုတ္ထဲ က်ည္ဆံေလးအနည္းငယ္ထည့္ 👉ေဟ့ေကာင္ေတြ…….. မသားေတြ တက္ခဲ့စမ္းဆိုတဲ့အညာသားေတြ…

ႏိုင္ငံေရးစကားေတြ ႀကီးႀကီးက်ယ္က်ယ္မေျပာဘူး၊ ေနစရာအိမ္ ေျပးစရာေျမ မရွိဘူး၊ လယ္ကြင္းေခါင္ေခါင္၊ ကန္သင္း႐ိုးတာေဘာင္ေဘး၊ထန္းပင္ေတြ ကႏၲာရၿခဳံေတြေဘး ေလယာဥ္နဲ႔လာပစ္ရင္ ပုဆိုးစလြယ္သိုင္း ေဂြးတန္းလန္းနဲ႔ေျပးရင္း စစ္တိုက္ေနၾကတဲ့ အညာသားေတြ ၊

ကူၾကစမ္းပါသူတို႔ကို၊ ေပးလိုက္စမ္းပါ သူတို႔ကို ၊ ဘယ္ေကာင္ Tay. ရဲလဲ လာေမးရင္ စရိတ္ၿငိမ္းမသာျဖစ္ေအာင္ေဆာ္ေနတာအညာသားေတြ….😎ေသာက္ႀကီးေသာက္က်ယ္နဲ႔ ဘယ္မွာမွန္းမသိတဲ့ မုန္႔ဆီေၾကာ္ကို ဆီမ်ားတယ္ သၾကားနည္းတယ္လုပ္ေနတဲ့ေကာင္ေတြနဲ႔ မဟာမိတ္ေနမယ့္အစား ပစ္ခတ္တိုက္ခိုက္ေနရင္း ႏုၾကည္ေရ က်ည္ကုန္ေနၿပီ က်ည္ပဲေပးပါလို႔ ဟာသေႏွာ စစ္တိုက္ေနတဲ့အညာသားေတြကို မိမိရရ ေထာက္ပံ့လိုက္စမ္းပါ

ဝန္ႀကီးဝန္ေလးလဲမေမွ်ာ္ဘူး၊ဗိုလ္ႀကီး ဗိုလ္ခ်ဳပ္လဲ မမွန္းဘူး၊ ေတာ္လွန္ေရးၿပီးရင္ ေအာင္ဆန္းလိုပဲ၊ ကိုယ့္လယ္ ကိုယ့္ယာမွာ ေတာင္သူျပန္လုပ္စားမယ့္အညာသားေတြ၊ ႐ိုးတယ္၊ျပတ္တယ္၊မွတ္တယ္၊ စမိရင္ အဆုံးထိသြားမယ့္အညာသားေတြ၊ ေနာက္ကိုၾကည့္ရင္ ေက်ာပဲရွိတယ္ဆိုတဲ့အညာသားေတြ၊ ေခါင္းေဆာင္တစ္ဦးစ ႏွစ္ဦးစကလြဲပီး ဘယ္သူမ်ား Facebook ေပၚတက္ စကားေျပာဖူးလဲ က်ဳပ္လဲ အညာသားပဲ၊

စာေရးသူေပမယ့္ အညာသားစိတ္၊အေတြး အႀကံ အလုပ္ တထပ္တည္းပဲ၊ သတ္မလား ေသမလားေ႐ြးရင္၊ ငုံ႔မခံပဲ တုန္႔ျပန္မယ့္ အညာသားေတြထဲကတစ္ေယာက္ပဲ ဒါေပမယ့္ အညာသားတိုင္းလားဆိုေတာ့ မဟုတ္ဘူး၊ အညာသားေတြထဲမွာ သုံးစားမရတဲ့ သန္းေ႐ႊလိုေကာင္ေတြလဲ အမ်ားႀကီး၊အယုတ္တမာေတြလဲ အမ်ားႀကီးပဲ၊ ဒါေပမယ့္ သုံးစားလို႔ရတဲ့အညာသားေတြပိုမ်ားတဲ့ကာလမွာ အက်ိဳးရွိရွိ အသုံးခ်ၾကစမ္းပါသတၱိခ်င္းၿပိဳင္မလား မိုက္တာခ်င္းၿပိဳင္မလား၊

အညာကိုလာခဲ့၊ စခသခ်ႋဳင္း စစ္ကိုင္းတိုင္းထက္ပိုပါတယ္၊ အညာဟာ စစ္ကိုင္းအျပင္ မေကြး မႏၲေလးတိုင္းေတြအထိ ရွိေနတာမလား၊ အညာကိုလာ စခေတြ အသက္အပိုပါလားေပါ့၊ Online မွာ ျမင္ေနၾကားေနရတာ အေတာ္ကိုအဆင္မေျပဘူး၊ ဒီေတာ္လွန္ေရးဟာ အညာနဲ႔တင္ဆိုင္တာမဟုတ္ပဲ ျပည္နယ္နဲ႔တိုင္းအားလုံးပါဝင္ေနၾကတာပါ၊ အားလုံးကိုေလးစားပါတယ္၊အားကိုးပါတယ္၊ ဒါေပမယ့္ အညာေဒသကို အားျဖည့္ေပးၾကစမ္းပါ။

💥ေတာ္လွန္ေရးရဲ႕အခ်ိဳးအေကြ႕ တကယ္ကိုျဖစ္ေစမယ္လို႔ တပ္အပ္ေျပာရဲပါတယ္ ✊️💪

ဒါပါပဲ…

WG ေဝႀကီး

ဖတ်ကြည့်ရင်း ကျက်သီးပါထတဲ့…..အညာသားတို့ရဲ့နွေဦးတော်လှန်ရေး

လက်လုပ်တူမီးနဲ့လက်လုပ် RPG နဲ့ မအလတပ်ကို သွေးပျက်စေတဲ့အညာသားတွေ၊ ယူနီဖောင်းဆိုတာ ဘယ်ဆီနေမှန်းမသိဘူး၊ ကြက်ပေါင်ဖိနပ်နဲ့ဘေးလွယ်အိတ်အစုတ်ထဲ ကျည်ဆံလေးအနည်းငယ်ထည့် 👉ဟေ့ကောင်တွေ…….. မသားတွေ တက်ခဲ့စမ်းဆိုတဲ့အညာသားတွေ…

နိုင်ငံရေးစကားတွေ ကြီးကြီးကျယ်ကျယ်မပြောဘူး၊ နေစရာအိမ် ပြေးစရာမြေ မရှိဘူး၊ လယ်ကွင်းခေါင်ခေါင်၊ ကန်သင်းရိုးတာဘောင်ဘေး၊ထန်းပင်တွေ ကန္တာရခြုံတွေဘေး လေယာဉ်နဲ့လာပစ်ရင် ပုဆိုးစလွယ်သိုင်း ဂွေးတန်းလန်းနဲ့ပြေးရင်း စစ်တိုက်နေကြတဲ့ အညာသားတွေ ၊

ကူကြစမ်းပါသူတို့ကို၊ ပေးလိုက်စမ်းပါ သူတို့ကို ၊ ဘယ်ကောင် Tay. ရဲလဲ လာမေးရင် စရိတ်ငြိမ်းမသာဖြစ်အောင်ဆော်နေတာအညာသားတွေ….😎သောက်ကြီးသောက်ကျယ်နဲ့ ဘယ်မှာမှန်းမသိတဲ့ မုန့်ဆီကြော်ကို ဆီများတယ် သကြားနည်းတယ်လုပ်နေတဲ့ကောင်တွေနဲ့ မဟာမိတ်နေမယ့်အစား ပစ်ခတ်တိုက်ခိုက်နေရင်း နုကြည်ရေ ကျည်ကုန်နေပြီ ကျည်ပဲပေးပါလို့ ဟာသနှော စစ်တိုက်နေတဲ့အညာသားတွေကို မိမိရရ ထောက်ပံ့လိုက်စမ်းပါ

ဝန်ကြီးဝန်လေးလဲမမျှော်ဘူး၊ဗိုလ်ကြီး ဗိုလ်ချုပ်လဲ မမှန်းဘူး၊ တော်လှန်ရေးပြီးရင် အောင်ဆန်းလိုပဲ၊ ကိုယ့်လယ် ကိုယ့်ယာမှာ တောင်သူပြန်လုပ်စားမယ့်အညာသားတွေ၊ ရိုးတယ်၊ပြတ်တယ်၊မှတ်တယ်၊ စမိရင် အဆုံးထိသွားမယ့်အညာသားတွေ၊ နောက်ကိုကြည့်ရင် ကျောပဲရှိတယ်ဆိုတဲ့အညာသားတွေ၊ ခေါင်းဆောင်တစ်ဦးစ နှစ်ဦးစကလွဲပီး ဘယ်သူများ Facebook ပေါ်တက် စကားပြောဖူးလဲ ကျုပ်လဲ အညာသားပဲ၊

စာရေးသူပေမယ့် အညာသားစိတ်၊အတွေး အကြံ အလုပ် တထပ်တည်းပဲ၊ သတ်မလား သေမလားရွေးရင်၊ ငုံ့မခံပဲ တုန့်ပြန်မယ့် အညာသားတွေထဲကတစ်ယောက်ပဲ ဒါပေမယ့် အညာသားတိုင်းလားဆိုတော့ မဟုတ်ဘူး၊ အညာသားတွေထဲမှာ သုံးစားမရတဲ့ သန်းရွှေလိုကောင်တွေလဲ အများကြီး၊အယုတ်တမာတွေလဲ အများကြီးပဲ၊ ဒါပေမယ့် သုံးစားလို့ရတဲ့အညာသားတွေပိုများတဲ့ကာလမှာ အကျိုးရှိရှိ အသုံးချကြစမ်းပါသတ္တိချင်းပြိုင်မလား မိုက်တာချင်းပြိုင်မလား၊

အညာကိုလာခဲ့၊ စခသင်္ချိုင်း စစ်ကိုင်းတိုင်းထက်ပိုပါတယ်၊ အညာဟာ စစ်ကိုင်းအပြင် မကွေး မန္တလေးတိုင်းတွေအထိ ရှိနေတာမလား၊ အညာကိုလာ စခတွေ အသက်အပိုပါလားပေါ့၊ Online မှာ မြင်နေကြားနေရတာ အတော်ကိုအဆင်မပြေဘူး၊ ဒီတော်လှန်ရေးဟာ အညာနဲ့တင်ဆိုင်တာမဟုတ်ပဲ ပြည်နယ်နဲ့တိုင်းအားလုံးပါဝင်နေကြတာပါ၊ အားလုံးကိုလေးစားပါတယ်၊အားကိုးပါတယ်၊ ဒါပေမယ့် အညာဒေသကို အားဖြည့်ပေးကြစမ်းပါ။

💥တော်လှန်ရေးရဲ့အချိုးအကွေ့ တကယ်ကိုဖြစ်စေမယ်လို့ တပ်အပ်ပြောရဲပါတယ် ✊️💪

ဒါပါပဲ…

WG ဝေကြီး