Local News

ေယာက မိုင္းဘီလူးတဲ့ မျမင္ဘူးရင္ၾကည့္ၾက

တိုက္ပြဲသတင္းထုတ္ျပန္ခ်က္

ရက္စြဲ(7.5.2022)

ထီးလင္းၿမိဳ႕နယ္ ေဆးမင္းေတာရဲစခန္းမွ စခန္းစြန္႔ခြာေ႐ႊ႕ေျပာင္းလာေသာရဲအင္အား(၄၀)ခန္႔ႏွင့္ အင္အား(၈၀)ခန္႔ပါစကစတပ္မ(၁၁)ပူးေပါင္းစစ္ေၾကာင္းအားေန႔လည္(1:45)မိနစ္ခန္႔ ဇီးေတာ႐ြာအနီးတြင္ YDF(Htilin)မွ ယမ္းပိႆာခ်ိန္(၃၀)ခန္႔ထည့္သြင္းျပဳလုပ္ထားေသာ မိုင္းဘီလူးႏွစ္လုံးျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စကစတပ္သား အနည္းဆုံး(၁၀)ဦးခန္႔ေသဆုံးႏိုင္ၿပီး အမ်ားအျပားထိခိုက္ဒဏ္ရာရရွိႏိုင္ပါသည္။

ထိုမိုင္းဆြဲတိုက္ခိုက္မႈကို YDF(Htilin)၏ဝါရင့္မိုင္းဆရာဗိုလ္လင္းဘႀကီးမွ အနီးကပ္ကြပ္ကဲခဲ့ျခင္းျဖစ္ၿပီး ဒ႐ုန္းႏွင့္မွန္ေျပာင္းအသုံးျပဳကာ ကင္းေထာက္ခဲ့ပါသည္။စကစတပ္၏ေရွ႕ပြိဳင့္ေက်ာ္အၿပီး အလယ္ပြိဳင့္တြင္ပါလာတတ္ေသာ အရာရွိမ်ားကိုဦးတည္ဆြဲခဲ့ျခင္းျဖစ္၍ ထိခိုက္ေသဆုံးသူမ်ားထဲတြင္ အရစ္အပြင့္မ်ားပါႏိုင္ေျခရွိေၾကာင္း ဗိုလ္လင္းဘႀကီးမွဆိုပါသည္။

ထိုမိုင္းဘီလူးႏွစ္လုံးေပါက္ကြဲခ်ိန္တြင္ ဆယ္မိုင္ခန္႔ကြာ​ေဝးေသာေက်း႐ြာမ်ားရွိအိမ္မ်ားပါတုန္၍ ဆယ့္ငါးမိုင္ခန္႔အထိ ေပါက္ကြဲသံက်ယ္ေလာင္စြာၾကားလိုက္ရေၾကာင္း ေဒသခံမ်ားမွဆက္သြယ္ေျပာၾကားလာၿပီး မိုင္းဆြဲတိုက္ခိုက္ခ်ိန္မွစ၍ေနာက္မိနစ္အနည္းအထိ စကစတပ္မ်ားလုပ္ေနၾကအတိုင္း ရမ္းသမ္းပစ္ခတ္ျခင္းမ်ိဳးမျပဳလုပ္ႏိုင္ပဲ ေၾကာင္အသြားသည္ကိုေထာက္ရႈ၍ ထိုမိုင္းဘီလူးႏွစ္လုံး၏ျပင္းအားကို တြက္ဆႏိုင္ပါသည္။

ထိုမိုင္းဆြဲမႈအၿပီး နာရီဝက္ခန္႔ၾကာၿပီးမွ စစ္ေၾကာင္းျပန္လည္ခ်ီတက္ၾကကာ ဇီးေတာ႐ြာသို႔ဝင္ေရာက္တပ္စြဲေနၾကေၾကာင္း သိရွိရပါသည္။ထိုမိုင္းဆြဲတိုက္ခိုက္မႈတြင္ YDF(Htilin)၏မိုင္းအဖြဲ႕သားမ်ားႏွင့္ ကာပစ္သမားမ်ားအေနျဖင့္ အႏၲရာယ္ကင္းစြာ သိုသိုသိပ္သိပ္ဆုတ္ခြာႏိုင္ခဲ့ပါသည္။

ယေန႔ျဖစ္စဥ္တြင္ မိုင္းဘီလူးႏွစ္လုံးအားဆြဲၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ပစ္အားမ်ားမ်ားျဖင့္တစ္ရွိန္ထိုးတိုက္ခိုက္ႏိုင္ပါကႀကီးမားေသာေအာင္ပြဲရႏိုင္မည္ကိုသိပါလ်က္ သၾကၤန္ၿပီးကာလကတည္းကပြဲဆက္မ်ားခဲ့ေသာ မိမိတို႔ YDF(Htilin)အေနျဖင့္ ႏႈတ္ခမ္းနီေတာင့္ႏွင့္ငွက္ေပ်ာဖူးမ်ားလိုအပ္ခ်က္အရ ထိပ္တိုက္ထိေတြ႕မႈမ်ားမလုပ္ေဆာင္ႏိုင္ပဲ မိုင္းဆြဲတိုက္ခိုက္႐ုံမွ်ႏွင့္သာ ေက်နပ္ခဲ့ရပါသည္။ထိုလိုအပ္ခ်က္မ်ားကို ျပည္သူအမ်ားသိရွိေစရန္ႏွင့္ဝိုင္းဝန္းျဖည့္ဆည္းေပးၾကပါရန္ တင္ျပအပ္ပါသည္။

ပုံ—- YDF ၏လက္လုပ္မိုင္းဘီလူး

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ရက်စွဲ(7.5.2022)

ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းမှ စခန်းစွန့်ခွာရွှေ့ပြောင်းလာသောရဲအင်အား(၄၀)ခန့်နှင့် အင်အား(၈၀)ခန့်ပါစကစတပ်မ(၁၁)ပူးပေါင်းစစ်ကြောင်းအားနေ့လည်(1:45)မိနစ်ခန့် ဇီးတောရွာအနီးတွင် YDF(Htilin)မှ ယမ်းပိဿာချိန်(၃၀)ခန့်ထည့်သွင်းပြုလုပ်ထားသော မိုင်းဘီလူးနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား အနည်းဆုံး(၁၀)ဦးခန့်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ပါသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုကို YDF(Htilin)၏ဝါရင့်မိုင်းဆရာဗိုလ်လင်းဘကြီးမှ အနီးကပ်ကွပ်ကဲခဲ့ခြင်းဖြစ်ပြီး ဒရုန်းနှင့်မှန်ပြောင်းအသုံးပြုကာ ကင်းထောက်ခဲ့ပါသည်။စကစတပ်၏ရှေ့ပွိုင့်ကျော်အပြီး အလယ်ပွိုင့်တွင်ပါလာတတ်သော အရာရှိများကိုဦးတည်ဆွဲခဲ့ခြင်းဖြစ်၍ ထိခိုက်သေဆုံးသူများထဲတွင် အရစ်အပွင့်များပါနိုင်ခြေရှိကြောင်း ဗိုလ်လင်းဘကြီးမှဆိုပါသည်။

ထိုမိုင်းဘီလူးနှစ်လုံးပေါက်ကွဲချိန်တွင် ဆယ်မိုင်ခန့်ကွာဝေးသောကျေးရွာများရှိအိမ်များပါတုန်၍ ဆယ့်ငါးမိုင်ခန့်အထိ ပေါက်ကွဲသံကျယ်လောင်စွာကြားလိုက်ရကြောင်း ဒေသခံများမှဆက်သွယ်ပြောကြားလာပြီး မိုင်းဆွဲတိုက်ခိုက်ချိန်မှစ၍နောက်မိနစ်အနည်းအထိ စကစတပ်များလုပ်နေကြအတိုင်း ရမ်းသမ်းပစ်ခတ်ခြင်းမျိုးမပြုလုပ်နိုင်ပဲ ကြောင်အသွားသည်ကိုထောက်ရှု၍ ထိုမိုင်းဘီလူးနှစ်လုံး၏ပြင်းအားကို တွက်ဆနိုင်ပါသည်။

ထိုမိုင်းဆွဲမှုအပြီး နာရီဝက်ခန့်ကြာပြီးမှ စစ်ကြောင်းပြန်လည်ချီတက်ကြကာ ဇီးတောရွာသို့ဝင်ရောက်တပ်စွဲနေကြကြောင်း သိရှိရပါသည်။ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင် YDF(Htilin)၏မိုင်းအဖွဲ့သားများနှင့် ကာပစ်သမားများအနေဖြင့် အန္တရာယ်ကင်းစွာ သိုသိုသိပ်သိပ်ဆုတ်ခွာနိုင်ခဲ့ပါသည်။

ယနေ့ဖြစ်စဉ်တွင် မိုင်းဘီလူးနှစ်လုံးအားဆွဲပြီးသည်နှင့်တစ်ပြိုင်နက် ပစ်အားများများဖြင့်တစ်ရှိန်ထိုးတိုက်ခိုက်နိုင်ပါကကြီးမားသောအောင်ပွဲရနိုင်မည်ကိုသိပါလျက် သင်္ကြန်ပြီးကာလကတည်းကပွဲဆက်များခဲ့သော မိမိတို့ YDF(Htilin)အနေဖြင့် နှုတ်ခမ်းနီတောင့်နှင့်ငှက်ပျောဖူးများလိုအပ်ချက်အရ ထိပ်တိုက်ထိတွေ့မှုများမလုပ်ဆောင်နိုင်ပဲ မိုင်းဆွဲတိုက်ခိုက်ရုံမျှနှင့်သာ ကျေနပ်ခဲ့ရပါသည်။ထိုလိုအပ်ချက်များကို ပြည်သူအများသိရှိစေရန်နှင့်ဝိုင်းဝန်းဖြည့်ဆည်းပေးကြပါရန် တင်ပြအပ်ပါသည်။

ပုံ—- YDF ၏လက်လုပ်မိုင်းဘီလူး